HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Infinite မှ လီဆောင်ဂျုန်းနဲ့ ဂျန်ယီးရန်တို့ SBS ရဲ့ ဒရာမာရုပ်ရှင်တွင် အတူသရုပ်ဆောင်ထားဟုဆို

Infinite မှ လီဆောင်ဂျုန်းနဲ့ ဂျန်ယီးရန်တို့ SBS ရဲ့ ဒရာမာရုပ်ရှင်တွင် အတူသရုပ်ဆောင်ထားဟုဆို

ဆိုးလ်၊ ဒီဇင်ဘာ ၅

တောင်ကိုရီးယားတွင်အောင် မြင်နေသော ကေ ပေါ့ပ်ဂီတအဖွဲ့Infinite မှ အဖွဲ့ဝင်လီဆောင်ဂျန်းနှင့် Dream Knight ဝက်ဆိုက်စီးရီးတွဲဖြင့် အောင်မြင်လာ သော တက်သစ်စမင်းသမီးဂျန်ဟီးရန်တို့သည် SBS ရုပ်သံ၏ ဒရာမာဇာတ်လမ်းတို "Jumpscare Nurse" တွင် အတူပါဝင်သရုပ်ဆောင်ထားကြသည်ဟု all k pop က ဒီဇင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းဒရာမာရုပ်ရှင်သည် သေသူများ၏လားရာကို မြင်နိုင်သောသူနာပြုဆရာမနှင့်ဘဝတွင် ခက်ခဲစွာရုန်း ကန်နေရသော စိတ်ရောဂါအထူးကုတစ်ဦးတို့ဆုံတွေ့ကြပြီး အတူရုန်းကန်ကြပုံကို ပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ကို SBS ရုပ်သံတွင် ဒီဇင်ဘာလကုန်၌ ပြသသွားမည်ဟု ကြေညာထားပြီးဖြစ်သည်။


လီဆောင်ဂျုန်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာလဖွားဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် Infinities အဖွဲ့ဝင်သို့ ဝင်ခဲ့သည်။ ၎င်းတို့၏ပထမဆုံး အယ်လ်ဘမ်မှာ ၂ဝ၁ဝ ခုနှစ် ဇွန်လထွက် You Are My Oppa  ဖြစ်သည်။ ဂျန်ဟီးရန်မှာ ၁၉၉၃ ခုနှစ် နိုဝင်ဘာလဖွားဖြစ်ပြီး သရုပ်ဆောင်နှင့် မိုဒယ်တစ်ဦးဖြစ်ကာ ဝက်ဆိုက်စီးရီးတွဲများဖြစ်သည့် Knight, 72 Seconds  နှင့် Some Guy တို့ဖြင့်ထင်ရှားလာသည်။ ၂ဝ၁၅ ခုနှစ်တွင် CF Modol ဆုနှင့် Best Rising Star  ဆု၊ ၂ဝ၁၇ ခုနှစ်တွင် အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုတို့ ရရှိထားသည်။

Ref; all k pop news

#democracytoday

Rate this item
(0 votes)
back to top