HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''လုံးဝ အချစ်သက်သက် ဇာတ်လမ်းမျိုးကို ရိုက်ချင်လို့ Now & Ever ကို ရိုက်မှာပါ'' ဒါရိုက်တာ ခရစ်စတီးနားခီ

''လုံးဝ အချစ်သက်သက် ဇာတ်လမ်းမျိုးကို ရိုက်ချင်လို့  Now & Ever  ကို ရိုက်မှာပါ''  ဒါရိုက်တာ  ခရစ်စတီးနားခီ

ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးတို့မှတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့သော ဒါရိုက်တာ ခရစ်စတီးနားခီမှ တတိယမြောက်ဇာတ်ကားအဖြစ် Now & Ever (ထာဝရနှောင်ကြိုး)ရုပ်ရှင်ဇာတ်ကားကြီးကို ယခုလအတွင်း ရိုက်ကူးပုံဖော်တော့မည်ဖြစ်ရာ ယင်းရုပ်ရှင်ဇာတ်ကားကြီးနှင့်ပတ်သက်ပြီး ယခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ဒီဇာတ်ကားအတွက် ပိုင်ဖြိုးသုကို ဘာဖြစ်လို့ရွေးချယ်ဖြစ်ခဲ့တာလဲ။

ဖြေ - ပိုင်ဖြိုးသုကို ရွေးချယ်ဖြစ်တာက ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းကို ဖတ်လိုက်တဲ့အချိန်မှာ ဇာတ်ညွှန်းရေးဆရာကို မေးတယ်။ ဝတ်မှုံကာရိုက်တာအတွက် ဘယ်သူ့ကို မြင်လဲ။ သရုပ်ဆောင်ကြီးထဲကဆိုရင်လို့မေးတော့ သူက ပိုင်ဖြိုးသုကိုပဲမြင်တယ်။ ကြော်ငြာ လည်း တွဲရိုက်ဖူးတော့သိနေပြီ။ ဒါပေမဲ့လည်း သရုပ်ဆောင်လာလျှောက်တဲ့အထဲကနေပြီးတော့ ဝတ်မှုံကာရိုက်တာကို ဘယ်သူနဲ့ လိုက်မလဲဆိုတာကို ကြည့်တယ်။ သူတို့တွေထဲကလည်းဖြစ်မယ်ဆိုရင် ရွေးချယ်မယ်ပေါ့နော်။ ဒါပေမဲ့လည်း ဝတ်မှုံကာရိုက် တာနဲ့လိုက်ဖက်တာက ပိုင်ဖြိုးသုထက် ဘယ်သူမှဒီကာရိုက်တာက မလိုက်ဖက်ဘူးဖြစ်နေတာပဲ။ ဒါကြောင့်ပဲ ပိုင်ဖြိုးသုနဲ့ စကားပြောတယ်။ ဆရာနဲ့ပေးတွေ့တယ်။ သူကိုယ်တိုင်ကလည်း ဒီပညာကို အမေရိကန်မှာ သွားသင်မလို့ လုပ်နေတာဆိုတော့ အရမ်းကို ဝမ်းသာအားရနဲ့လက်ခံခဲ့တယ်။ ဒါပေမဲ့လည်း ရိုက်ကူးရေးအချိန်က အရမ်းကြာတော့ အဆင်ပြေလား။ အချိန်ပေးနိုင် လားလို့မေးတော့ အဆင်ပြေတာနဲ့ သူနဲ့ရိုက်ဖြစ်သွားတာပါ။

 

မေး - Now & Ever ဇာတ်ကားကို တတိယမြောက်ဇာတ်ကားအနေနဲ့ ဘာဖြစ်လို့ရွေးချယ်ရိုက်ကူးဖြစ်တာလဲ။

ဖြေ - အမှန်အတိုင်းပြောရရင် တတိယမြောက်ဇာတ်ကားအနေနဲ့ ရိုက်ဖို့ဆိုရင် သီတာတို့အများကြီးတော့ ရှိတယ်။ ဒါပေမဲ့လေ သီတာရိုက်ဖို့အတွက် သီတာရဲ့ ပြဿနာက ဆင်ဆာကြောက်တာလည်း ပါတယ်။ ဆင်ဆာအခြေအနေက ဘယ်လိုမှန်း မသိဘူး။ နောက်ဘတ်ဂျက်အခြေအနေကလည်း တကယ်သာ ကောင်းကောင်းလုပ်မယ်ဆိုရင် တစ်မီလီယံဒေါ်လာမက ကျမယ်။ အမှန်အတိုင်းပြောရရင် ဒီမှာရုံအရေအတွက်က ဒီလောက်ပိုက်ဆံကို ပြန်မရှာနိုင်သေးဘူး။ အဲဒါကြောင့် သီတာရှိနေရဲ့သားနဲ့ Now & Ever ကို ဇာတ်ညွှန်းရေးပေးဖို့ပြောခဲ့တာပါ။


မေး - ဒီဇာတ်ကားက လုံးဝအချစ်ဇာတ်လမ်း အမျိုးအစားဖြစ်မလား။

ဖြေ - အမှန်အတိုင်းပြောရရင် ရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းက အချစ်ဇာတ်ကားတစ်ခါမှ မရိုက်ဖူးသေးဘူး။ လုံးဝအချစ်သက်သက်ဇာတ်လမ်းမျိုးကိုပဲလိုချင်ခဲ့တယ်။ ရိုက်ချင်ခဲ့တယ်။ အဲဒီလိုဇာတ်လမ်းမျိုးကို ဇာတ်ညွှန်းရေး ဆရာကရေးပေးခဲ့တယ်။ အိမ်ထောင်ရေးဇာတ်ကားဖြစ်ပေမယ့်လည်း အချစ်တစ်ခုက တစ်ခါတလေကျရင် လူတွေထင်တာက နှစ်ယောက်စလုံးကအဆင်ပြေနေတယ်။ နှစ်ယောက်စလုံးကလည်း ဘက်ညီလို့ အချစ်တစ်ခုပေါ်တယ်လို့ထင်တယ်။ တကယ်တမ်းကျတော့ အချစ်တစ်ခုဆိုတဲ့အရာက မပြည့်စုံခြင်းတွေ ဒုက္ခ တွေကြားထဲကမှ တကယ်ချစ်နိုင်မယ့် အချစ်ကမှ အချစ်စစ်ဆိုတာကိုဖန်တီးချင်လို့ ရေးခိုင်းလိုက်တာပါ။

 

မေး -Now & Ever  ဇာတ်ကားကနေ ဘယ်လောက်ထိ ဘတ်ဂျက်ပြန်ရှာနိုင်မယ်လို့ထင်လဲ။

ဖြေ - အခုထိဆိုရင် ကုန်ကျစရိတ်ဘတ်ဂျက်ကတော့ နည်းနည်းများနေပြီ။ ကုန်ကျစရိတ်ပြန်ရမယ် မရဘူးဆိုတာကတော့ တစ်ခုရှိတာက အရင်ကတည်းက ပရိုဂျူဆာတွေယုံကြည်တာက ဇာတ်ကား တစ်ကားရိုက်ပြီဆိုရင် သူများကို ပိုက်ဆံပြန်ရှာပေးရမယ်ဆိုတဲ့ ကတိကိုတည်အောင်လုပ်တယ်ဆိုတော့ အဲဒီအတွက် သူတို့က အစ်မနဲ့အလုပ်တွဲလုပ်တဲ့အခါမှာ ယုံယုံကြည်ကြည်တော့ လုပ်တယ်။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် အရမ်းကြီးမြတ်မယ်ဆိုတာကိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အရမ်း ကြီးမြတ်အောင် လို့တော့ လုပ်လို့ရတယ်။ အရင်လိုပဲ ခြောက်တိခြောက်ကပ်နဲ့ တတ်နိုင်သမျှလေးပဲရိုက်မယ်ဆိုရင်လည်း ရတယ်။ ဒါပေမဲ့ အဲဒီလိုရိုက်ပြီး ပိုက်ဆံပြန်ရှာလို့ရတယ်။ အစ်မက တတိယဇာတ်ကားမှာ ဆုံးဖြတ်ထားတာက Level တစ်ခု ကိုထပ်တက်ချင်တယ်။ အရည်အသွေးကောင်းကောင်းလေးလည်း ဖြစ်ချင်တယ်ဆိုတော့ ငွေကို အရင်မတွက်ဘဲနဲ့ အလုပ်လုပ်လိုက်တယ်။ 

NN

#democracytoday

Rate this item
(0 votes)
back to top