HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

"'ခရီးသွားကောက်ကြောင်း' က လူမှုရေးနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာ ရှိနေတဲ့ ကြားထဲကနေ သွားရတဲ့ခရီးစဉ်ပါ" ဘုဏ်းသိုက်

"'ခရီးသွားကောက်ကြောင်း' က  လူမှုရေးနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာ ရှိနေတဲ့ ကြားထဲကနေ သွားရတဲ့ခရီးစဉ်ပါ" ဘုဏ်းသိုက်

'ခရီးသွားကောက်ကြောင်း' ရုပ်သံဇာတ်လမ်းတွဲတွင် ဒါရိုက်တာ/ သရုပ်ဆောင်အဖြစ် ပါဝင်ထားသည့် ဘုဏ်းသိုက်နှင့်တွေ့ဆုံကာ ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ ''ခရီးသွားကောက်ကြောင်း'' ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးဖြစ် တာနဲ့ ပတ်သက်ပြီးတော့ အရင်ဦးဆုံး ပြောပြပေးပါဦး။

ဖြေ။ ။ ဒီဇာတ်လမ်းတွဲရိုက်ဖို့အတွက်ကို ပရိုဂျူဆာဖြစ်တဲ့ မအိက ကျွန်တော့်ကို ပါဝင်ပေးဖို့အတွက် ကမ်းလှမ်းလာပါတယ်။ ဇာတ်လမ်းတွဲသွားရောက် ရိုက်ကူးမယ့်နေရာတွေ ရိုက်မယ့်ပုံစံတွေကို ကျွန် တော့်ဘက်ကနေပြီးတော့ သေသေချာချာ လေး မေးကြည့်တဲ့အချိန်မှာ ပရိုဂျူဆာ တစ်ယောက်အနေနဲ့ ဒီပရိုဂရမ်ကြီးဖြစ် မြောက်ဖို့အတွက်ထားတဲ့စေတနာ၊ နောက် ပြီးတော့ ရည်ရွယ်ချက်ကိုပါ သဘောကျတာကြောင့် ဒီဇာတ်လမ်းတွဲလေးကို လက်ခံရိုက်ကူးဖြစ်တာပါ။

မေး။ ။ ဒီဇာတ်လမ်းတွဲက ခရီးတွေ သွားရင်းနဲ့ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းဆို တော့ ရိုက်ကူးမှု အမှတ်တရတွေရှိခဲ့ရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ အမှတ်တရကတော့ အများကြီးပါပဲ။ ကျွန်တော်ဒီခရီးစဉ်ကို မသွားခင် လေးမှာပဲ ကျွန်တော်နဲ့ပတ်သက်တဲ့ လူမှု ရေးကိစ္စ ပေါ်လာတယ်။ လူမှုရေးနဲ့ပတ်သက်တဲ့ စိတ်မကောင်းစရာရှိနေတဲ့ ကြားထဲကနေသွားရတဲ့ ခရီးစဉ်ပါ။ အဲဒီစိတ် မကောင်းစရာကိစ္စ ပေါ်လာတဲ့ကြားထဲက နေပြီးတော့ပဲသွားတယ်။ ခရီးမသွား ချင်ဆုံးအချိန်မှာ ခရီးကြမ်းတစ်ခု၊ ခရီး ရှည်တစ်ခုကိုသွားဖြစ်ခဲ့တယ်။ အဲဒီလိုသွားလိုက်ရတဲ့အတွက် နောင်တတော့မရဘူး။ ရိုက်ကွင်းအမှတ်တရကတော့ ရေကူးရတဲ့အခန်းတွေပါတယ်။ ထမင်းစားရင်းလည်း တောင်စောင်းတွေပေါ်မှာ စားရတာလည်းရှိတယ်။ ပျော်စရာကောင်းတဲ့အမှတ်တရတွေပါ။ ဘဝမှာ မှတ်မှတ် ရရဖြစ်တဲ့ ခရီးပေါ့နော်။

 

မေး။ ။ ဒီဇာတ်ကားထဲမှာ ဘာ တာဝန်တွေယူထားလဲ။

ဖြေ။ ။ ကျွန်တော့်ရဲ့တာဝန်က ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အနေနဲ့ ရော ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပါဝင်ရတာဆိုတော့ ဒီတာဝန်နှစ်ခုကိုပဲ ခေါင်းထဲမှာ ထည့်ထားရင်းနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။

 

မေး။ ။ တောတောင်တွေကို ဖြတ်ပြီး တော့ သွားရတာဆိုတော့ အခက်အခဲတွေ ရောရှိခဲ့လား။

ဖြေ။ ။ ကျွန်တော်တို့သုံးယောက် ကိုနိုင်းနိုင်းရယ်၊ ခါရာရယ် ကျွန်တော် ရယ်ပေါ့နော်။ ဆိုင်ကယ်စီးရတဲ့ဇာတ် ဝင်ခန်းဆိုရင် ကျွန်တော်တို့ဆိုင်ကယ် တွေကို သံချောင်းတွေ တင်ထားတဲ့ ကားတစ်စီးက ကျွန်တော်တို့ကိုဖြတ်ကျော်သွားတယ်။ ကျွန်တော်က တစ်ခုခုနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စိတ်တို့ စိတ်ပူတာတို့မဖြစ်တတ်ဘူး။ အဲဒီလိုမျိုးစိတ်ဖြစ် လာပြီဆိုရင် အဲဒီစိတ်ပူတာတွေက ကိုယ့်ဆီကို တကယ်ရောက်လာတတ်တယ်ဆိုတဲ့ ခံစားချက် ကျွန်တော်မှာရှိတယ်။ အဲဒါ ကြောင့် ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော် တွေးမပူ ဘူး။ စိုးရိမ်စိတ် မဖြစ်ဘူး။ ဖြစ်လာတော့မှပဲ ဖြေရှင်းလိုက်တယ်။ ရင်ဆိုင်လိုက်တယ်။ ဒါပေမဲ့ ဆိုင်ကယ်စီးနေရင်းနဲ့ သံချောင်း တွေတင်ထားတဲ့ ကားက ကျော်တက်သွားတဲ့အချိန်မှာ စိတ်ကတစ်ခုခုကို ထင့်သွားတယ်။ အဲဒီကားက ငါကိုမကောင်းတာ တစ်ခုခုတော့ပေးတော့မယ်ဆိုပြီးတော့ စိတ်ထဲကနေ တွေးလိုက်မိတယ်။ ရယ်စရာကောင်းတယ်ပဲ ပြောမလား။

 

ရုပ်ရှင် ဆန်တယ်ပဲပြောမလားပေါ့နော်။ တကယ်ကို အဲဒီခံစားချက်ကြီးဝင်လာတာ။ ဒါပေမဲ့ အဲဒီစိတ်ကိုဖျောက်လိုက်ပြီးတော့ ဆိုင်ကယ်ကိုဆက်စီးလာရင်းနဲ့ စိတ်ထဲမှာလည်း သိပ်မကောင်းတဲ့ အခါကျတော့ အဲဒီကားကိုကျော်လိုက်တာ။ ကျော်လိုက်တဲ့အချိန်မှာပဲ အရှိန်ကလည်းနည်းနည်းများတာလည်းပါတယ်။ မိုးရွာထားတာလည်းပါတော့ အဲဒီမှာချော်ပြီးတော့ ဆိုင်ကယ်မှောက်တာ။ ဆိုင်ကယ်ရော လူရော လေးငါးခြောက် ပတ်လောက် လှိမ့်သွားတာ။ ဂျင်းဘောင်းဘီလည်း ပြဲ ပြီးတော့ ခြေထောက် တစ်ချောင်းလုံးလည်း ဆုတ်ပြတ်သတ်သွားတာ။ ဒါပေမဲ့ ရိုက်ကူးရေးက ရပ်ထားလို့မရတဲ့ အခါ ကျတော့ ဆက်ရိုက်ရတယ်။

NN

#democracytoday

Rate this item
(0 votes)
back to top