HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဂျပန်မှာဖြန့်မယ့် တတိယမြောက် မီနီအယ်လ်ဘမ်အတွက် ရေဆေးအညိုရောင် ဒီဇိုင်းနဲ့ ကာဗာဓာတ်ပုံ ထွက်ရှိလာတဲ့ GOT7

ဂျပန်မှာဖြန့်မယ့် တတိယမြောက် မီနီအယ်လ်ဘမ်အတွက် ရေဆေးအညိုရောင် ဒီဇိုင်းနဲ့ ကာဗာဓာတ်ပုံ ထွက်ရှိလာတဲ့ GOT7

ဆိုးလ်၊ ဒီဇင်ဘာ ၁၁

တောင်ကိုရီးယားကေပေါ့ပ်ဂီတလောကမှ နာမည် ကျော်အမျိုးသားဂီတအဖွဲ့ GOT7 သည် ၎င်းတို့၏ ဂျပန် နိုင်ငံတွင်ဖြန့်ချိမည့် တတိယမြောက်မီနီအယ်လ်ဘမ် "I Won't Let You Go" အတွက် ရေဆေးအညိုရောင်ဒီဇိုင်းဖြင့် ဖန်တီးထားသော ကာဗာဓာတ်ပုံငါးပုံထွက်ရှိလာခဲ့သည်ဟု all k pop သတင်းအရ သိရသည်။

၎င်းတို့သည် အဆိုပါအယ်လ်ဘမ်ကို ဇန်နဝါရီ ၃ဝ ရက်တွင် ထွက်ရှိမည်ဖြစ်သည်။ ယင်းအယ်လ်ဘမ်ကို ငါးခုမြောက် ဗားရှင်းအဖြစ်ထွက်ရှိမည်ဖြစ်ပြီး ကန့်သတ်အရေအတွက်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ကာ ရှေ့တွင် ဗားရှင်းလေးခု A,B,C,D တို့ကို ပုံမှန်သာထုတ်ဝေခဲ့ပြီး ယခုငါးခုမြောက်တွင် ကာဗာဓာတ်ပုံကို ကွဲပြားစွာဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Ref; all k pop

#democracytoday

Rate this item
(0 votes)
back to top