HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဂျူဂျူးကေ ဆိုတာက အမြဲတမ်း သင်ယူဖို့ လိုအပ်နေတယ်

ဂျူဂျူးကေ ဆိုတာက  အမြဲတမ်း သင်ယူဖို့ လိုအပ်နေတယ်

ဒါရိုက်တာ ခရစ်စတီးနားခီ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်သစ်ခေါ်ယူရာတွင် ရွေးချယ်ခြင်းခံခဲ့ရသော သရုပ်ဆောင် ဂျူဂျူး ကေနှင့်ယခုလိုပဲတွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် သရုပ်ဆောင်သစ်ရွေးချယ်တဲ့နေရာမှာရွေးချယ်ခံရပြီးတော့ သင်တန်းတွေလည်း တက်ခဲ့ရတာဆိုတော့ ဘာတွေလေ့လာသင်ယူခွင့်ရခဲ့လဲ။

ဖြေ-ရွေးချယ်ခံရတဲ့အတွက် သရုပ်ဆောင်ပညာနဲ့ပတ်သက်ပြီးတော့ သင်တန်းတစ်ခုတက်ရတယ်။ အဲဒီအခါကျတော့ ကိုယ်မသိသေးတဲ့ ဗဟုသုတ တွေရတယ်။ နောက်တစ်ခုက ဆရာနဲ့ သရုပ်ဆောင်ပိုင်းကို သင်ကြားပြီးတဲ့နောက်ပိုင်းမှာ ကာရိုက်တာတစ်ခုကို သရုပ်ဆောင်ရတော့မယ်ဆိုရင် သဘာဝကျကျနဲ့ပဲ သရုပ်ဆောင်ပြချင်တယ်။ အပြင်လောကမှာရှိတဲ့ လူတစ်ယောက်သာဆိုရင် သဘာဝကျကျနဲ့သူ့ရဲ့နေပုံထိုင်ပုံက ဘယ် အခြေအနေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာကို စဉ်းစားပြီးတော့ပဲ သရုပ်ဆောင်ပြချင်တော့တယ်။ ဒါတွေက တိုးတက်မှုတစ်ခုပဲလို့ ထင်တယ်။

မေး-ဒါရိုက်တာ ခရစ်စတီးနားခီတို့ အရင်ကရိုက်ခဲ့တဲ့ဇာတ်ကားတွေကိုရော ကြည့်ဖူးလား။

 

ဖြေ-သူတို့နှစ်ယောက်ကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံးဇာတ်ကားနှစ်ကားထွက်တဲ့အချိန်မှာ နှစ်ကားစလုံးကိုကြည့်ဖြစ်တယ်။ အဲဒီဇာတ်ကား နှစ်ကားစလုံးမှာ ပရိသတ်ကို တင်ပြထားတဲ့ပုံစံတွေ၊ နောက်အချိတ်အဆက်မိတာတွေ၊ နောက် တကယ့်ကို သဘာဝကျကျ နဲ့ရိုက်ကူးထားတာတွေကို သဘောကျတယ်။

 

မေး-အတူတူတွဲပြီးတော့ အလုပ်လုပ်ရတော့မယ်ဆိုတော့ ဘယ်လောက်အထိမျှော်လင့်ထားလဲ။

ဖြေ-ပြောရရင် ကိုယ့်အနေနဲ့က အမှန်အတိုင်းပြောရရင် ညီမက ရုပ်ရှင်နယ်ပယ်ကဖြစ်ပေမယ့်လည်း အခုဒီဇာတ်ကားက ညီမအတွက် ပထမဦးဆုံးရိုက်ခွင့်ရတဲ့ ဇာတ်ကားပါ။ ညီမက ရုပ်သံဇာတ်လမ်းတွဲတွေပဲ ရိုက်ရတယ်။ ဇာတ်လမ်းတွဲတွေကလည်း MRTV-4 က ရိုက်တဲ့ဇာတ်လမ်းတွဲတွေမှာပဲ ရိုက်တာများတယ်။ အပြင်လောကနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ဖြစ်တာတော်တော် ကိုကြာနေပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားကလည်း ကိုယ်အထင်ကြီးအားကျရတဲ့ အစ်မတို့နဲ့ပါဝင်ခွင့်ရတာဖြစ်တဲ့အတွက် ကျေနပ် တယ်။ အများကြီးလည်း လေ့လာသင်ယူခွင့်ရမယ်လို့ မျှော်လင့်တယ်။

 

မေး-ဒီရုပ်ရှင်ဇာတ်ကားကြီးက တခြားဇာတ်ကားတွေနဲ့မတူဘဲနဲ့ အချိန်ပိုပေးရမှာဆိုတော့ အချိန်ကို ဘယ်လိုညှိထားလဲ။

ဖြေ-အဲဒါကတော့ Forever Group  ကလည်း နားလည်မှုရှိရှိနဲ့ ခွင့်ပေးပါတယ်။ အဲဒါကြောင့် ဇာတ်လမ်းတွဲရိုက်နေတဲ့ ရက်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်မယ့်ရက်ကို ညှိပေးသလို အစ်မတို့ဘက်ကလည်း ရက်ကမတူတဲ့အခါကျတော့ အဆင် ပြေတယ်ပေါ့နော်။ ဒီဇာတ်ကားကြီးက လေးလကြာမယ်ဆိုပေမယ့်လည်း ညီမတို့ပါဝင်ရမယ့်အခန်းတွေက လေးလစလုံး အချိန်ပေးဖို့တော့ မလိုဘူးပေါ့နော်။ လေးလကြာမယ်ဆိုတာက တစ်ကားလုံးစာပေးရမယ့်အချိန်ဆိုတော့ အဆင် ပြေပါတယ်။

 

မေး-ကာရိုက်တာအတွက် လေ့လာသင်ယူမှုတွေက ပြီးပြည့်စုံသွားပြီလို့ထင်လား။

ဖြေ-လောကမှာ ကိုယ့်ကိုယ်ကိုယ်ပြီးပြည့်စုံနေပြီ။ တော်နေပြီ၊ တတ်နေပြီလို့ထင်ရင် ကိုယ့်အခွင့်အလမ်းကို ကိုယ် ပိတ်လိုက်တာပဲလို့ ညီမကတော့ ခံယူထားတယ်။ အဲဒါကြောင့် ညီမကဘယ်တော့မှ ငါကပြီးပြည့်စုံနေပြီ။ တော်နေ ပြီ။ သင်စရာမလိုတော့ဘူးဆိုတဲ့အတွေးကိုမတွေးဘူး။ ဂျူဂျူးကေဆိုတာက အမြဲတမ်းသင်ယူဖို့လိုအပ်နေတယ်။ ဘယ်သူသင်ပေးမလဲ။ ဘာပညာတွေထပ်ရမလဲဆိုတာကိုပဲ စိတ်ထဲမှာတွေးထားတယ်။ အဲဒါကြောင့် ကာရိုက်တာ နဲ့ပတ်သက်ပြီးတော့ ဇာတ်ကောင်က ဘယ်လိုစိတ်ထားမျိုးရှိတယ်ဆိုတာကို နားလည်ထားတယ်။အဲဒါကို အပြည့်အဝသရုပ်ဆောင်နိုင်အောင် ကြိုးစားမှာပါ။ 

NN

#democracytoday

Rate this item
(0 votes)
back to top