HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ငြိမ်နေတဲ့ ကာရိုက်တာထက် လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ ကာရိုက်တာမျိုးကို ပိုကြိုက်တယ်'' ခါရာ

''ငြိမ်နေတဲ့ ကာရိုက်တာထက် လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ ကာရိုက်တာမျိုးကို ပိုကြိုက်တယ်'' ခါရာ

အက်ရှင်ဇာတ်လမ်းတွေကို ရိုက်ကူးရတာပိုကြိုက်တယ်လို့ပြောလာတဲ့ သရုပ်ဆောင် ခါရာနှင့် တွေ့ဆုံမေးမြန်းခြင်း။

မေး- 'ခရီးသွားကောက်ကြောင်း' ရုပ်သံဇာတ်လမ်းတွဲမှာ ဘယ်နေရာကနေ ပါဝင်ထားတာလဲ။

ဖြေ-ဒီဇာတ်လမ်းတွဲမှာကျတော့ ကျွန်တော်က ရှမ်းပြည်ခရီးစဉ်ကို သွားရောက်ရိုက်ကူးရတဲ့အပိုင်းမှာပါဝင်တာပါ။ ရှမ်းပြည်နယ်ကို သွားရတဲ့ခရီးစဉ်ကတော့ ဗိလနညအကမန ဆန်တယ်။ ကြည့်တဲ့သူတွေအနေနဲ့တော့ လှပတဲ့ရှုခင်းတွေကိုလည်း ခံစားရမယ်။

မေး-ဒီဇာတ်လမ်းတွဲကို ဘာဖြစ်လို့ လက်ခံရိုက်ကူးဖြစ်တာလဲ။

ဖြေ-ကျွန်တော့်ကိုစပြီးတော့ ကမ်းလှမ်းတဲ့အချိန်မှာလည်း ကျွန်တော်အပါအဝင် သုံးယောက်ပါဝင်ပြီးတော့ ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ခု ဖြစ်မယ်ပေါ့နော်။ မြင်းတွေလည်း စီးရမယ်။ ဖောင်တွေနဲ့လည်း ချောင်းတွေကူးရမယ်လို့ ပြောတယ်။ အဲဒါကြောင့် စိတ်ဝင်စားခဲ့တယ်။ ဘယ် လိုပုံစံမျိုးဖြစ်မလဲဆိုတာကို စိတ်ဝင်စားတာကြောင့် လက်ခံဖြစ်တာပါ။ ရိုက်ကူးတဲ့အချိန်မှာလည်း တကယ်ကို အပြင်မှာဖြစ်နေတဲ့အတိုင်းပဲ ခရီးတွေသွားကြတယ်။ အဲဒီလိုမျိုး ခရီးသွားနေရင်းနဲ့မှ ဇာတ်လမ်းလေးတွေထည့်သွင်းပြီးတော့ ရိုက်ကူးခဲ့တာပါ။

 

မေး-တခြားဇာတ်လမ်းမျိုးနဲ့စာရင် ဒီလိုမျိုးဇာတ်လမ်းတွေက ရိုက်ကူးရတာပိုခက်ခဲမလား။

ဖြေ-ကျွန်တော်က အရင်ကတည်းက အက်ရှင်ဆန်တဲ့ဇာတ်လမ်းမျိုး၊ နောက်ငြိမ်နေတဲ့ကာရိုက်တာထက် လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ ကာရိုက် တာမျိုးကို ပိုပြီးတော့ ကြိုက်တယ်။ ကျွန်တော့်အတွက် အရမ်းအခက်အခဲတော့မရှိခဲ့ဘူး။ ပါဝင်တဲ့သူတွေကလည်း စည်းလုံးကြတယ်။ တိုင်တိုင် ပင်ပင်နဲ့ရိုက်ကူးခဲ့ကြတယ်။

 

မေး-'ခရီးသွားကောက်ကြောင်း'အစီအစဉ်ရိုက်ရင်းနဲ့အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ-မှတ်မှတ်ရရဖြစ်တဲ့ ဇာတ်ဝင်ခန်းကတော့ တောင်ကတုံးပေါ်ကို ပြေးပြီးတော့တက်ရတာ၊ ပြေးမတက်ခင် အောက်ကနေ ကြည့်နေတုန်းက နိမ့်တယ်လို့ ထင်ကြတာ။ တကယ်တမ်းပြေးတက်ရတော့မှ တောင်ကတုံးပေါ်မှာရှိတဲ့ ခဲတွေ၊ ကျောက်စရစ်တွေနဲ့ ချော်ပြီးတော့ တော်တော်လေး မတ်တဲ့နေရာလည်းရောက်ရော မတက်နိုင်ကြတော့တဲ့အခါကျတော့ တစ်ယောက်ဖင် တစ်ယောက်တွန်းပြီးတော့ အပေါ်ထိရောက်အောင် တက်ခဲ့ရတာတွေကတော့ မှတ်မှတ်ရရတွေပါပဲ။ နောက်ဆိုင်ကယ်တွေစီးရတယ်။ ဆိုင်ကယ်စီးရတာကလည်း လမ်းကြမ်းတွေမှာ စီးရတယ်။ ကျွန်တော်က မြင်းစီးရတာအရမ်းကြီးမကျွမ်းပေမယ့်လည်း တောင်ကတုံးပေါ်တွေမှာ မြင်းစီးခဲ့ရတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။

 

မေး-ခရီးသွားပရိုဂရမ်တွေကနေပြီးတော့ ကြည့်ရှုတဲ့ပရိသတ်တွေအတွက် ဘယ်လိုရသမျိုးတွေပေးနိုင်မလဲ။

ဖြေ-ခရီးသွားပရိုဂရမ်တွေကို အခုနောက်ပိုင်းဆိုရင် အရင်ကထက်စာရင် ပိုပြီးတော့ရိုက်ကူးလာကြတယ်။ ခရီးသွားပရိုဂရမ်တွေကနေတစ်ဆင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်လိုနေရာတွေကတော့ လှပ တယ်။ ဘယ်လိုနေရာတွေကိုတော့ သွားလည်ပတ်သင့်တယ်။ ဘယ်နေရာဘယ်ဒေသမှာတော့ ဘာတွေ ရှိတယ်ဆိုတာကိုသိနိုင်တယ်။ နောက်တစ်ခုက ဒီ'ခရီးသွားကောက်ကြောင်း'အစီအစဉ်ကကျတော့ ခရီးသွားရှုခင်းတွေအပြင် ခရီးသွားရင်းနဲ့မှကြုံတွေ့ရတဲ့ဇာတ်လမ်းလေးတွေပုံစံလေးလည်းပါတယ်ဆို တော့ ကြည့်တဲ့သူတွေအတွက်တော့ ပိုပြီးတော့ကြည့်လို့ကောင်းမယ်။ စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်တယ်။ 

NN

#democracytoday

Rate this item
(0 votes)
back to top