HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Little Italy (2018)

Little Italy (2018)

ဒါရိုက်တာ - Donald Petrie
ဇာတ်ညွှန်း - Steve Gallucio
သရုပ်ဆောင်များ - Emma Robert, Emma Robert,  Hayden  Christensen,  Alyssa Milano,  Adam  Ferrara
ကြာချိန် - ၁ဝ၂ မိနစ်
နိုင်ငံ - ကနေဒါ
စကားပြော - အင်္ဂလိပ်

ဒီတစ်ခါ ရုပ်ရှင်အညွှန်းကိုတော့ Little Italy( 2018) ဆိုတဲ့ အချစ်ဟာသကားလေးကို ညွှန်းပါရစေ။ ဇာတ်လမ်းကတော့ နစ်ကီ(Emma Roberts)နဲ့ လီယို (Hayden Christensen)တို့ နှစ်ယောက်ဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့က Little Italy လို့ ခေါ်တဲ့ ရပ်ကွက်ထဲမှာ အတူနေလာခဲ့တဲ့ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့မိဘတွေကလည်း ပီဇာလုပ်ငန်းကိုအတူလုပ်ကိုင်ကြတဲ့သူတွေပါ။ ဒါပေမဲ့ ကြာလာတဲ့အခါ စီးပွားပြိုင်ဘက် တွေဖြစ်လာပြီး မတည့်ကြတော့ပါဘူး။ ဒါနဲ့ သူတို့သူငယ်ချင်းနှစ်ယောက်လည်း ကွဲသွားပြီး နစ်ကီကတော့ လန်ဒန်မှာစား ဖိုမှူဖြစ်လာဖို့ ကြိုးစားနေခဲ့ပြီး လီယိုက တော့မိဘတွေရဲ့ ပီဇာလုပ်ငန်းဆက်လုပ် နေပါတယ်။


တစ်နေ့တော့ နစ်ကီလန်ဒန်မှာ အလုပ်ဆက်လုပ်ဖို့ ဗီဇာအတွက် ကနေဒါကို ပြန်လာတဲ့အချိန်မှာ ငယ်ငယ်ကသံယောဇဉ်နဲ့ အချင်းချင်း ချစ်ကြိုက်မိခဲ့ကြပေမယ့် မိဘချင်းက ပြိုင်ဘက်တွေမို့ သူတို့အချစ်အတွက် ပွင့်လင်းတဲ့ ချစ်သူတွေအဖြစ်ကိုတော့ ရောက်မလာနိုင်ခဲ့ပါဘူး။ ဒါ ကြောင့် မိဘတွေကြည်ဖြူလာစေဖို့ ကြိုးစားကြရပါတော့တယ်။ ဒီလိုကြိုးစားရင်း နဲ့ သူတို့နှစ်ယောက်ကြားထဲက ချစ်ခြင်းက သူငယ်ချင်းအဆင့်မှာပဲ ရပ်တန့်သွားမလား။ ရိုမီယိုနဲ့ ဂျူးလိယက်လို အခက်အခဲ တွေ ကြားထဲကပဲ အချစ်ကိုသတ္တိရှိရှိ ဝန်ခံရင်းနဲ့ ချစ်သူတွေဖြစ်သွား ကြမလား ဆိုတာကို ပီဇာမုန့်ပြုလုပ်တဲ့အကြောင်း အသားပေးထားတဲ့ ဇာတ်ဝင်ခန်းအများစု နဲ့ ဖန်တီးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

#democracytoday

Rate this item
(0 votes)
back to top