HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပြန်လည် သက်သာလာပြီဖြစ်သော်လည်း ရုပ်ရှင်မရိုက်သေးတဲ့ ကင်ဝူဘင်

ပြန်လည် သက်သာလာပြီဖြစ်သော်လည်း  ရုပ်ရှင်မရိုက်သေးတဲ့ ကင်ဝူဘင်

ဆိုးလ်၊ ဇန်နဝါရီ ၉

တောင်ကိုရီးယားနိုင်ငံမှ SidusHQ  ဖျော်ဖြေ ရေးကုမ္ပဏီက မင်းသားကင်ဝူဘင်နှင့်ပတ်သက် သောသတင်းတစ်ခုကို ထုတ် ပြန်ခဲ့သည်။ ဇန်နဝါရီ ၉ ရက်တွင် ရုပ်ရှင်လုပ်ငန်းကိုယ်စားလှယ်များက ''ကျန်းမာရေး တော်တော် လေး ကောင်းနေပြီဖြစ်တဲ့ ကင်ဝူဘင်ဟာ ဒီနှစ်မှာ ပရောဂျက်အသစ်နဲ့ ပရိသတ်တွေကို နှုတ်ဆက် တော့ မယ့်ပုံရပါတယ်။''လို့ မှတ်ချက်ပေးခဲ့ပြီး ရုပ် ရှင်တော်တော်များများ ရိုက်ကူးရန် ကမ်းလှမ်းမှုများကို လက်ခံထားတဲ့အကြောင်းလည်း ပြောဆိုခဲ့သည်။

သတင်းများ၏အဆိုအရ မင်းသားကင်သည် ၎င်းနောက်ဆုံးရိုက်ကူး ရေးလုပ်ငန်းများမရပ်ဆိုင်းမီ နောက်ဆုံးသရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ချွဲဒုန်ဟွန်းနှင့်အတူ သမိုင်းနောက်ခံ မှုခင်းရုပ်ရှင်တွင်ပါဝင်ရန် ဆွေးနွေးနေကြောင်းသိရသည်။ မင်းသား၏ အေဂျင်စီက ''သူ့ရဲ့အခြေအနေက တော်တော်လေးကိုတိုးတက်နေပါတယ်။ ဒါ ပေမဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ သူ့ရဲ့ ပြန်လည်သက်သာလာရေးက ဦးစားပေးပါ။ သူဟာ သူ့ကျန်းမာရေး ပြန် လည်သက်သာလာဖို့ကိုပဲ အာရုံစိုက်နေပါတယ်''ဟု တုံ့ပြန်ခဲ့သည်။


မင်းသားကင်သည် ၂ဝ၁၇ ခုနှစ် မေလတွင် ရှားပါးသည့် နှာခေါင်း လည်ချောင်းကင်ဆာရောဂါကို ခံစားခဲ့ရသည်။ ယင်းနောက် ဆေးကုသမှုများနှင့် ပြန်လည်သက်သာလာရေးအတွက် အာရုံစိုက်ရန် ခေတ္တအနားယူခဲ့သည်။ ၎င်းသည် မော်ဒယ်တစ်ဦးအနေဖြင့် အနုပညာလောကထဲသို့ ရောက်ရှိလာခဲ့ပြီး ၂ဝ၁၂ခုနှစ်တွင် “A Gentleman’s Diginity” ဇာတ်လမ်းတွဲ၌ ပထမဆုံးပါဝင်ခဲ့သည်။ 

Ref:soompi

#democracytoday

Rate this item
(0 votes)
back to top