HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ကျားကျားကြိုက်ကြိုက်' ရုပ်ရှင်ဇာတ်ကားကြီးနှင့် အနုပညာရှင်အချို့၏ စကားသံ

'ကျားကျားကြိုက်ကြိုက်' ရုပ်ရှင်ဇာတ်ကားကြီးနှင့် အနုပညာရှင်အချို့၏ စကားသံ

ရန်ကုန်၊ ဇန်နဝါရီ ၉

အဓိက ဇာတ်ဆောင်မင်းသမီးများ မပါဝင်ပဲ LGBT များဖြင့် ရိုက်ကူး လျက်ရှိနေသော 'ကျားကျား ကြိုက်ကြိုက်'ရုပ်ရှင်ကို ဒါရိုက်တာ ပြည်ဟိန်းသီဟမှ ရိုက်ကူးနေခြင်းဖြစ်ပြီး သရုပ်ဆောင်မင်းမော်ကွန်း၊ မြင့်မြတ်၊ ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း)၊ လင်းလင်း၊ ထက်ထက်(Pop Soul)တို့ဖြင့် ရိုက်ကူးနေ ကြောင်းသိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါ ရီ ၉ ရက်တွင် ရန်ကုန်မြို့ရှိ တော် ဝင်ဂါးဒမ်းဟိုတယ်၌ ပြုလုပ်ခဲ့သည်။ 'ကျားကျားကြိုက်ကြိုက်'ရုပ် ရှင်ဇာတ်ကားကြီးတွင် ပါဝင်သူအချို့၏စကားသံများကို ယခုလိုစုစည်း ဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ ပြည်ဟိန်းသီဟ

''ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသ ဇာတ်ကားသီးသန့်ပါ။ ကြည့်ရှုသူ ပရိသတ်တွေအတွက် ဘဝအမော တွေပြေစေနိုင်မယ့် ဇာတ်ကားတစ် ကားဖြစ်ဖို့ပဲ ရည်ရွယ်ပါတယ်''


သရုပ်ဆောင် မင်းမော်ကွန်

''ဒီဇာတ်ကားမှာ ပါဝင်ဖို့အတွက် ကိုပြည်ဟိန်းသီဟက ပါဝင်ဖို့အတွက် ကမ်းလှမ်းခဲ့တာပါ။ကျွန်တော်က အနိုင်ကျင့်တတ်တယ်။လူလည်ကျတတ်တဲ့ ကာရိုက်တာကနေ ပါဝင်ထားပါတယ်''


မိတ်ကပ် ခင်စန်းဝင်း

''ပါဝင်ဖြစ်တာက ပရိုဂျူဆာ ဖြစ်တဲ့ ကိုရွှေမန်းက ဒီဇာတ်ကား မှာ ပါဝင်ရိုက်ကူးဖို့ မကြီးကိုပြော လာတယ်။ ဒီဇာတ်ကားက ဟာသဇာတ်ကားသီးသန့်ပါ။ ကာရိုက် တာကတော့ အပြင်က ခင်စန်းဝင်း အတိုင်းပဲ မြင်တွေ့ရမှာပါ''


မိတ်ကပ်ညီညီမောင် (စမ်းချောင်း)

''ကျားကျားကြိုက်ကြိုက်မှာ တော့ အပြင်ကသုသုရဲ့ ကာရိုက်တာအတိုင်း စပ်စလူးပါ။ အခုရိုက် နေတာ နှစ်ရက်ရှိပြီ။ နှစ်ရက်ပဲရိုက် ရသေးတယ်။ ခေါင်းတွေကိုမူးနေတာပဲ။ တစ်ခါရိုက်ဖို့အရေးကို ဒိုင် ယာလော့ခ်တွေက အူတက်အောင် ကိုရယ်နေရတာ။ ဇာတ်ကားမရိုက် ခင်တုန်းကတော့ စိတ်ပူတယ်။ တ ကယ်တမ်းရိုက်ကူးတော့ ဒါရိုက် တာရဲ့သင်ပြမှုတွေကြောင့် အဆင် ပြေတယ်''


မိတ်ကပ် လင်းလင်း

''ဒီဇာတ်ကားမှာတော့ လင်း က မိတ်ကပ်လင်းလင်း နေရာက နေပဲ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားလက်ခံ ရိုက်ကူးဖြစ်တာက အဓိကကိုရွှေမန်းက လာကမ်းလှမ်းတယ်။ နောက် ဒီဇာတ်ကားက LGBT တွေကို ယောက်ျားပြန်ဖြစ်သွားတဲ့ ဇာတ်သိမ်းမျိုးမဟုတ်ဘူးဆိုတော့ ကိုယ့်ဘဝနဲ့အနီးစပ်ဆုံး ကာရိုက်တာဖြစ်တဲ့အတွက် လက်ခံဖြစ်တာပါ။ ဇာတ်လမ်းလေးက လည်း ကိုယ်တွေလုပ်နိုင်မယ့်လက်ခံနိုင်မယ့် ဇာတ်လမ်းလေးဖြစ်တာ ကြောင့်ပါ''


မိတ်ကပ်ထက်ထက်(Pop Soul)

''ကျားကျားကြိုက်ကြိုက် ဇာတ်ကားမှာ ပါဝင်ဖြစ်တာက လင်းတို့ သုတို့က ရိုက်စေချင် တယ်။ သူငယ်ချင်းတွေဆုံပြီးတော့ ရိုက်ရအောင် လက်ခံခိုင်းတယ်။နောက် ကိုရွှေမန်းကလည်း လာကမ်းလှမ်းတာကြောင့် ရိုက်ဖြစ်သွားတာပါ။ ဒီဇာတ်ကားမှာ မထက်ရဲ့ ကာရိုက်တာက ကိုညီရဲ့ ညီမနေရာကနေ ပါဝင်ထားပါတယ်''

NN

#democracytoday

Rate this item
(0 votes)
back to top