HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မိုက်ကယ်ဂျက်ဆင်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့မှုကို ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသမည်

မိုက်ကယ်ဂျက်ဆင်ရဲ့   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့မှုကို  ဖော်ပြထားတဲ့  မှတ်တမ်းရုပ်ရှင်ကို ပြသမည်

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁ဝ

မိုက်ကယ်ဂျက်ဆင်၏ အိမ်ခြံမြေပိုင်ဆိုင်မှု အကျိုးဆောင်ကုမ္ပဏီက အသက်မပြည့်သေးသည့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ မတော်တရားပြုကျင့်ခဲ့သည်ဟု အစွပ်စွဲခံထားရသည့် ကွယ်လွန်သူ အဆိုတော်အကြောင်းပါဝင်သော မှတ်တမ်းရုပ်ရှင်အသစ်ကို ကန့်ကွက်ခဲ့သည်။ "Leaving  Neverland" ဟု အမည်ရသည့် မှတ်တမ်းရုပ်ရှင်ကို မကြာမီကျင်းပမည့် Sundance  ရုပ်ရှင်ပွဲတော်တွင်ပြသရန် စီစဉ်ထားပြီး ယင်းအစီအစဉ်ကို အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအိမ်ခြံမြေပိုင်ဆိုင်မှုကုမ္ပဏီက ''ဒါဟာ မိုက်ကယ်ဂျက်ဆင်အပေါ် ငွေကြေးအရရော ငွေ ညှစ်ဖို့ရော ကြိုးပမ်းတဲ့ သနားစရာ၊ ဒေါသထွက်စရာ ထုတ်လုပ်ရေးပဲဖြစ်ပါတယ်။ ဝပ်ဒ်ရော့ဆင်နဲ့ ဂျိမ်းစ်ဆေ့ဖ်ချက်တို့က မိုက်ကယ်ဟာ သူတို့အပေါ် မလျော်မကန်တာ မလုပ်ခဲ့ဘူးလို့ ထွက်ဆိုထား ပြီးသားပါ။ သူတို့နှစ်ယောက်က လူလိမ်မာစတာနှစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဝန်ခံထားပြီး မိုက်ကယ်ရဲ့ ပိုင်ဆိုင်မှုတွေကနေ ဒေါ်လာသန်းပေါင်းများစွာ ရလိုမှုနဲ့ တရားစွဲခဲ့ကြပါတယ်။ အဲဒီ တရားစွဲမှုနှစ်ခုလုံးကို ပလပ်လိုက်ပါတယ်''ဟု ပြောကြားခဲ့သည်။


ထို့ပြင် အဆိုပါမှတ်တမ်းရုပ်ရှင်မှာ အကျိုးမထူးသည့် စွပ်စွဲချက်များကို ထွက်ပေါ်လာစေနိုင် ကြောင်း ပြောဆိုထားသည်။ Sundance ပွဲတော် ဝက်ဘ်ဆိုက်မှ ဖော်ပြထားချက်တွင် ယင်းမှတ် တမ်းရုပ်ရှင်တွင် ပါဝင်ထားသည့် စွပ်စွဲသူများ၏ နာမည်ကို ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် ယင်း ဝက်ဘ်ဆိုက်တွင် ပေါ့ပ်ဘုရင်ကြီးနှင့် ရော့ဘ်ဆင်၏ ငယ်ဘဝဓာတ်ပုံကို ဖော်ပြထားသည်။ ၂ဝ၁၉ ခုနှစ် Sundance  ရုပ်ရှင်ပွဲတော်ကို အူတားပြည်နယ်တွင် ဇန်နဝါရီ ၂၄ မှ ဖေဖော်ဝါရီ ၄ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။ 

Ref: aceshowbiz

#democracytoday

Rate this item
(0 votes)
back to top