HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အိပ်ခန်းထဲအထိ ဝင်လာတဲ့ ပရိသတ်တွေအကြောင်းပြောပြခဲ့တဲ့ ကင်ဂျယ်ဂျွန်း  

အိပ်ခန်းထဲအထိ ဝင်လာတဲ့ ပရိသတ်တွေအကြောင်းပြောပြခဲ့တဲ့ ကင်ဂျယ်ဂျွန်း   

ဆိုးလ်၊ ဇန်နဝါရီ ၁ဝ

နာမည်ကျော်ကိုရီးယား အမျိုးသားသုံးဦးအဆိုတော်အဖွဲ့မှ အဖွဲ့ဝင် ကင်ဂျယ်ဂျွန်းက ဂျပန် ရုပ်သံအစီအစဉ်တစ်ခုတွင် အိပ်ခန်းထဲအထိ ဝင်ရောက်လာသော ပရိသတ်များကြောင့် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံခဲ့ရတဲ့အကြောင်း ဇန်နဝါရီ ၆ ရက်မှာ ပြောဆိုလိုက်သည်။ ဂျယ်ဂျွန်းက ''ညသန်းခေါင်ယံအချိန်၊ ကျွန်တော့်အိပ်ခန်းထဲကို ချိုးဖောက်ဝင်ရောက်လာတဲ့ ပရိသတ်တော်တော် များများရှိပါတယ်။ သူတို့က ကျွန်တော့်အပေါ်ကိုတောင် တွယ်တက်ပြီး ကျွန်တော် အိပ်နေတာကို တောင်ထိုင်ကြည့်ခဲ့ကြပါတယ်''ဟု ပြောဆိုခဲ့သည်။

ယင်းအစီအစဉ်တွင်ပါဝင်နေသူတိုင်း အံ့သြခဲ့ကြပြီးနောက် ၎င်းက ''အဲဒီလိုအဖြစ်အပျက်မျိုး ၁ဝကြိမ်မက ဖြစ်ခဲ့ရတာပါ''ဟု ပြောကြားခဲ့သည်။ ဂျပန်မင်းသား မာဆာကီဆူဂါနိုက သက်လတ်ပိုင်းအရွယ် အမျိုးသမီးပရိသတ်များ၏ အကြမ်းပတမ်းဖက်မှုကို ခံခဲ့ရတဲ့အတွေ့အကြုံအကြောင်း ကို ပြောကြားခဲ့ပြီးနောက် ယင်းသို့ဆိုခဲ့ခြင်း ဖြစ်သည်။ ဂျယ်ဂျွန်းက ''သူတို့က ကျွန်တော့်ရဲ့ အသားအရည်ကို ပွတ်ကြည့်ပြီးတော့ ဘယ်လောက်ချောမွေ့တယ်ဆိုတာကိုလည်း ပြောကြပါတယ်'' ဟု ဆိုသည်။


ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သော ရှေ့နေတစ်ဦးက အဖက်ခံရသည့် ကာယကံရှင် သဘောတူလက်ခံသည့် အချိန်အထိ ရာဇဝတ်မှုမမြောက် ကြောင်း ရှင်းပြခဲ့သည်။ သို့သော်ထိခိုက်ခံခဲ့ရသူက ကျူးလွန်သူက ယင်းကဲ့သို့ ဆက်လက်လုပ်ဆောင်သည့်အတွက် စိတ်မသက်မသာဖြစ်ရပါက ရာဇဝတ် မှုကျူးလွန်သည်ဟုယူဆနိုင်ကြောင်းလည်း ၎င်းကဆိုသည်။ ၎င်းရှေ့နေ က ''နာမည်ကျော်တွေကို ပရိသတ် တွေက အခုလိုမျိုးလွန်လွန်ကျူးကျူး လုပ်ဆောင်လာတာ ပြဿနာဖြစ်လာပါတယ်''ဟု ထပ်လောင်းပြောကြားခဲ့သည်။ 

Ref: asiaone

#democracytoday

Rate this item
(0 votes)
back to top