HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အကယ်ဒမီ အကဲဖြတ်အဖွဲ့ဝင်များ ကျင့်ဝတ်သိက္ခာနှင့် မညီပါက အဖွဲ့မှ ရာသက်ပန် ထုတ်ပယ်မည်၊ အဂတိလိုက်စားပြီး ဆုရရှိခဲ့သည်ဟု ပေါ်ပေါက်ခဲ့ပါက အကယ်ဒမီဆုကို ပြန်လည် ရုပ်သိမ်းသွားမည်

အကယ်ဒမီ အကဲဖြတ်အဖွဲ့ဝင်များ ကျင့်ဝတ်သိက္ခာနှင့် မညီပါက အဖွဲ့မှ ရာသက်ပန် ထုတ်ပယ်မည်၊  အဂတိလိုက်စားပြီး ဆုရရှိခဲ့သည်ဟု ပေါ်ပေါက်ခဲ့ပါက အကယ်ဒမီဆုကို ပြန်လည် ရုပ်သိမ်းသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ယခုနှစ်မှ စတင်ကျင့်သုံးမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများအရ အကယ်ဒမီအကဲ ဖြတ်အဖွဲ့ဝင်များထဲမှ ကျင့်ဝတ် သိက္ခာနှင့်မညီသော အကဲဖြတ် အဖွဲ့ဝင်များကို အဖွဲ့မှရာသက် ပန်ထုတ်ပယ်မည်ဖြစ်ပြီး အကယ် ဒမီဆုကို အဂတိလိုက်စားပြီးရရှိ ခဲ့သည်ဟုပေါ်ပေါက်ခဲ့ပါက ယင်း ဆုကိုပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားလိုက်သည်။

ဇန်နဝါရီ ၁၁ ရက်တွင် မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမ ၌ပြုလုပ်သော"၂၀၁၈ ခုနှစ်အ တွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး အပ်ချီးမြှင့်ရန်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ"တွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။""ယခုနှစ်ကစပြီးတော့ အကယ် ဒမီပေးပွဲနဲ့ပတ်သက်တဲ့စည်းကမ်း အသစ်တွေရေးဆွဲထားပါတယ်။ အရင်တုန်းကမပါခဲ့တဲ့ တချို့သော စည်းမျဉ်းစည်းကမ်းတွေ ပါလာပါ တယ်။ အကဲဖြတ်အဖွဲ့ဝင်များ လိုက်နာရမယ့် စည်းမျဉ်းစည်း ကမ်းတွေ၊ ကျင့်ဝတ်တွေ၊ စောင့် စည်းရမယ့်သိက္ခာတွေအကုန်လုံး ကို လိုက်နာရပါမယ်။ တကယ် လို့ အကဲဖြတ်အဖွဲ့ဝင်က စည်း ကမ်းတွေကိုမလိုက်နာခဲ့ဘူးဆိုရင် အဖွဲ့ဝင်ထဲကနေ အမည်ပျက်စာ ရင်းတင်သွင်းပြီးတော့ အဖွဲ့ကနေ ရာသက်ပန်ထုတ်ပယ်မယ်"ဟု ၄င်းကပြောသည်။

ယင်း အကဲဖြတ်အဖွဲ့နှင့်ပတ် သက်သည့် စည်းကမ်းချက်သည့် ယခုနှစ်မှစတင်ကာ ကျင့်သုံးရန် အတွက် ပြန်လည်ရေးဆွဲလိုက် သော "မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ""ထဲမှ သတ်မှတ်ထားသောအချက် ဖြစ်ကာ အကဲဖြတ်အဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက် ကိုးချက်ရှိကြောင်း သိရသည်။ အကဲဖြတ်အဖွဲ့ဝင်များအ နေဖြင့် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ၊ ကျင့်ဝတ်များကို မလိုက်နာဘဲ အဂတိလိုက်စားခြင်း၊ အုပ်စုဖွဲ့ခြင်း၊ လော်ဘီလုပ်ခြင်းများ ကိုသိရှိပါက နာမည်ပျက်စာရင်းသွင်း ကာ အဖွဲ့မှ ရာသက်ပန်ထုတ်ပယ် မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင်မှ အကယ်ဒမီဆု ရရှိရန်အတွက် ပြင်ပမှ ပုဂ္ဂိုလ်၊ အနု ပညာလောကသားများထဲမှ မည် သူမဆို အဂတိတရားအတွက် အကဲ ဖြတ်အဖွဲ့ဝင်များကို ဆက်သွယ်ညှိ နှိုင်းလာပါကလည်း လာရောက်ညှိ နှိုင်းသည့်ဇာတ်ကားနှင့် ယင်းပုဂ္ဂိုလ် ကို အကဲဖြတ်စာရင်းထဲမှ ထုတ် ပယ်မည်ဖြစ်ကြောင်း သိရသည်။

"အကယ်ဒမီဆုချီးမြှင့်ပြီး နောက်ပိုင်းမှာလည်း ချီးမြှင့်လိုက် တဲ့ဆုက ရိုးသားခြင်းမရှိဘဲ အဂ တိတရားအလို့ငှာ၊ ညှိနှိုင်းဆောင် ရွက်ခဲ့ကြောင်းကို အထောက်အ ထားနှင့် အတိအကျအခိုင်အမာ တင်ပြလာရင် ဆုပြန်လည်ရုပ်သိမ်း မှာပါ"ဟု မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ ယခုနှစ် အကယ်ဒမီပေးပွဲ သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှပြုလုပ်သော ငါးကြိမ် မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးလည်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်ရန်လျာထားကြောင်း သိ ရသည်။

NN
#Democracytoday

Rate this item
(0 votes)
back to top