HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သက်တော်စောင့်နှစ်ဦးက မင်းသားဂျွန်နီဒပ်အပေါ် စွဲဆိုသောအမှုများကို ပိတ်သိမ်း

သက်တော်စောင့်နှစ်ဦးက  မင်းသားဂျွန်နီဒပ်အပေါ်  စွဲဆိုသောအမှုများကို ပိတ်သိမ်း

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၁

မင်းသားဂျွန်နီဒပ်သည် သက်တော်စောင့်နှစ်ဦးက ၎င်းတို့ကို တရားမဝင်ပစ္စည်းများနှင့် ထိတွေ့စေခိုင်းခဲ့သည်ဟု စွပ်စွဲခဲ့သည့်အမှုများကို ဖြေရှင်းပြီးစီးခဲ့ကြောင်းသိရသည်။ မင်းသားဂျွန်နီကို ယူဂျင်နီအာရိုလာနှင့် မီဂူအယ်ဆန်းချက်တို့က တရားစွဲဆိုထားခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ မင်းသားကို ကာကွယ်ပေးခဲ့သည့်အချိန်အတွင်း အဆိပ်သင့်သော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ခိုင်းခဲ့ကြောင်း ပြော ဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုသူနှင့် တရားခံတို့ကြား ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီး အခြေအနေနှင့်လိုက်လျောညီထွေသည့် အဖြေတစ်ခုကိုရရှိခဲ့ကြောင်း လော့စ်အိန်ဂျလိစ်တရားရုံးက သတင်းထုတ်ပြန်ခဲ့သည်။ မကြာမီပြုလုပ်မည့် အမှုကြားနာမှုများအားလုံးကို ဖျက်သိမ်းလိုက်ပြီး အမှုကိုလည်း ပိတ်သိမ်း လိုက်ပြီဟုဆိုသည်။ ပြေလည်သွားခဲ့သည့် အကြောင်းအရာများကို ဖော်ထုတ်ပြောဆိုခဲ့ခြင်း မရှိခဲ့သည့်အပြင် အသက် (၅၅) နှစ်အရွယ်မင်းသားက အမှုပြေလည်ရန် ပိုက်ဆံမည် မျှပေးလိုက်ရသည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရပေ။


'Pirates of the Caribbean' မင်းသားဂျွန်နီကတန် ပြန်အမှုစွဲဆိုခြင်းမရှိခဲ့ပေ။ ¤င်းသက်တော်စောင့်အမျိုးသား နှစ်ဦးသည် လွန်ခဲ့သည့်နှစ် မေလတွင် လစာမပေးခြင်းအပါ အဝင် အကြောင်းပြချက်များအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားမဝင်ပစ္စည်းများကိုတင်ဆောင်ထားသော မော်တော်ယာဉ်များကိုလည်း ထပ်ခါတလဲလဲ မောင်းနှင်ရန် စေခိုင်းခံခဲ့ရကြောင်း တရားစွဲခဲ့သည့် အမျိုးသားနှစ်ဦးကဆိုသည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့သော်လည်း ¤င်းတို့က မင်းသားအပေါ် ထိခိုက်နစ်နာစေလိုခြင်း မရှိကြောင်း လည်း ဝန်ခံပြောကြားထားသည်။

#democracytoday

Rate this item
(0 votes)
back to top