HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပထမဆုံး ကိုရီးယား အဘိဓာန်ကို ဖန်တီးခဲ့သူများ Malmoe: The Secret Mission

ပထမဆုံး ကိုရီးယား အဘိဓာန်ကို ဖန်တီးခဲ့သူများ Malmoe: The Secret Mission

ဒါရိုက်တာ - အွန်းယူနာ
သရုပ်ဆောင် - ယူဟယ်ဂျင်း၊ ယွန်းဂဲဆန်း၊ ကင်ဟုန်းဖာ၊ ဝူယောင်း
ပြသချိန် - ၁၃၅ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

ယခုသီတင်းပတ်မှ စတင်ကာ တောင်ကိုရီးယားရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည့် သမိုင်းနောက်ခံဒရာ မာရုပ်ရှင်ဖြစ်သည်။ ကိုရီးယားနိုင်ငံကို ဂျပန်တို့ ကိုလို နီပြုအုပ်ချုပ်စဉ်အခါက ကိုရီးယားစကားပြောဆိုခွင့် ကန့်သတ်ထားရချိန်တွင် ပထမဆုံးအဘိဓာန်ကို ပြုစု ခဲ့သူ အမျိုးသားနှစ်ဦးအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားသည်။ “Malmoe” ဆိုသော အဓိပ္ပာယ်မှာ ၁၉၁၁ ခုနှစ်တွင် ဂျူရှီဂျောင်းရေးသားခဲ့သည့် ပထမ ဆုံး ကိုရီးယားဘာသာဖြင့် ရေးသားသော အဘိဓာန်စာမူဟု သိရသည်။ 

၁၉၄ဝ ပြည့်နှစ်တွင် ကိုရီးယားနိုင်ငံတော်သည် ဂျပန်တို့၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်နေခဲ့သည်။ ကိုရီးယားပြည်သူများမှာ ယင်းအချိန်အတွင်း မိခင်ဘာသာစကားကို ပြောဆိုခွင့်ပိတ်ပင်ခံထားရသည်။ ထိုအချိန်တွင် ပန်ဆူဆိုသူသည် အကြိမ်ပေါင်းများစွာ ထောင်ကျခဲ့သူဖြစ်ပြီး စာမတတ်သူတစ်ယောက်လည်း ဖြစ်သည်။ တစ်နေ့တွင်သားဖြစ်သူ၏ ကျူရှင်ဖိုးပေးရန် ဂျောင်ဟွမ်ဆိုသူ၏ လွယ်အိတ်ကို ခိုးယူခဲ့သည်။ ဂျောင်ဟွမ်သည် ဂျပန်အလိုတော်ရိ ချမ်းသာသော ကိုရီးယားမိသားစု၏ သားတစ်ဦးဖြစ်သည်။ သို့သော် ဂျောင်ဟွမ်သည် ကိုရီးယားဘာသာစကားလူမှုအဖွဲ့၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။ ဂျောင်ဟွမ်နှင့် တွေ့ ဆုံခဲ့ပြီးနောက် ပန်ဆူ၏ ဘဝပြောင်းလဲသွားခဲ့သည်။ ၎င်းတို့နှစ်ဦးပူးပေါင်းကာ ပထမဆုံးကိုရီးယားအဘိ ဓာန်ကို ဖန်တီးရန် ကြိုးပမ်းခဲ့ကြတော့သည်။

Ref:Wiki

#democracytoday

Rate this item
(0 votes)
back to top