HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကမ္ဘာကျော် Baby Shark သီချင်း Billboard ၏ နာမည်ကျော်ကြား သီချင်းအပုဒ် တစ်ရာစာရင်းတွင် နံပါတ် ၃၂ ချိတ်

ကမ္ဘာကျော် Baby Shark သီချင်း Billboard ၏ နာမည်ကျော်ကြား သီချင်းအပုဒ် တစ်ရာစာရင်းတွင် နံပါတ် ၃၂ ချိတ်

ဆိုးလ်၊ ဇန်နဝါရီ ၁၂ 

ကမ္ဘာကျော် ကလေးသီချင်း “Baby Shark” သည် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်တွင် Billboard  ၏ နာမည်ကျော်ကြားသီချင်းအပုဒ်တစ်ရာစာရင်းတွင် နံပါတ် ၃၂ နေရာသို့ ရောက်ရှိခဲ့ကြောင်း သိ ရသည်။ တောင်ကိုရီးယားမှ ပညာရေးဆိုင်ရာ ဖျော်ဖြေရေးအဖွဲ့  Pinkfong ၏ “Baby Shark” သီချင်းကို ၂ဝ၁၆ ခုနှစ်တွင် Youtube  ၌တင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းစာရင်း၌ ထိပ်တန်း နံပါတ် ၅ဝ အတွင်းရောက်ရှိခဲ့သည့် တတိယ မြောက်ကိုရီးယားသီချင်းဖြစ်လာခဲ့သည်။ ယခင်က ယင်းစာရင်းတွင် BTS နှင့် Psy တို့ ဝင်ခဲ့ဖူးသည်။ ယင်းသီချင်းသည် ယူကေနိုင်ငံ တွင်လည်း တရားဝင်ထိပ်တန်း Single သီချင်း ၄ဝ စာရင်းတွင်လည်း ပြီးခဲ့ သည့် သြဂုတ်လမှစတင်ကာသီတင်း ရှစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာတွင် ရောက်ရှိနေခဲ့သည်။

ဇန်နဝါရီ ၄ ရက်တွင် နံပါတ်ခြောက်နေရာ၌ ရှိနေခဲ့ သည်။ Pinkfong အဖွဲ့သည် လွန်ခဲ့သောခြောက်နှစ်ခန့်က UK Top  ၁ဝ စာရင်းတွင် Psy ပါဝင်ခဲ့ပြီးနောက် ပထမဆုံး ပြန်လည်ပါဝင်လာသည့် ကိုရီးယားအဖွဲ့ဖြစ်လာခဲ့သည်။  ယင်းသီချင်းဗီဒီယိုထဲမှ ကလေးများ၏ ကပုံကနည်းအတိုင်း လက်တွေ့လိုက်ကပြရသည့် “Baby  Shark Challenge” လည်း ပေါ်ပေါက်လာခဲ့ပြီး “Baby Shark Dance” ဗီဒီယိုသည် ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်း၌ Youtube တွင် ကြည့်ရှုသူ ၂၆ ခုမြောက် အများဆုံးဗီဒီယိုဖြစ်လာခဲ့သည်။


တောင်ကိုရီးယားပညာရေး မီဒီယာ အချက်အလက် ထုတ်လုပ်သည့်ကုမ္ပဏီ Pinkfong မှ ကိုယ်စားလှယ်ကင် မင်ဆော့က ''တစ်ကမ္ဘာလုံးက ပရိသတ်တွေ သီချင်းကို တော်တော်လက်ခံကြတာကို မြင်တွေ့လိုက်ရတော့ ကျွန် တော်တို့ဟာ မြောက်အမေရိကနဲ့ ဥရောပမှာရှိတဲ့ ဈေးကွက် တွေအထိပိုမိုချဲ့ထွင်သွားဖို့ အစီအစဉ်ရှိပါတယ်''ဟု ပြောဆို ခဲ့သည်။

Ref: koreaherald

#democracytoday

Rate this item
(0 votes)
back to top