HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပျော်စရာကောင်းသော ဘဝ၏ နေ့ရက်များဆီသို့ The Upside ရုပ်ရှင်

ပျော်စရာကောင်းသော ဘဝ၏ နေ့ရက်များဆီသို့ The Upside  ရုပ်ရှင်

ဒါရိုက်တာ- နေးလ်ဘာဂါ
ဇာတ်ညွှန်း- ဂျွန်ဟတ်မဲလ်၊ အဲရစ်တော်လန်ဒို
သရုပ်ဆောင်များ- ကီဗင်ဟတ်၊ ဘရိုင်ယန်၊ ကရာစတန်၊ နစ်ကိုးကစ်မင်း
ပြသချိန် - ၁၂၅ မိနစ်
နိုင်ငံ - အမေရိကန်

ယခုသီတင်းပတ်မှစတင်ကာ နိုင်ငံတကာရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည့် ဟာသဇာတ်မြူးဒရာမာရုပ်ရှင်ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်တွင် ထွက်ရှိခဲ့ သော ပြင်သစ်ရုပ်ရှင် The Intouchables ကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။  အကြောသေနေသော ဘီလျံနာတစ်ဦးနှင့် ရာဇဝတ်မှုနောက်ခံရှိသော အမျိုးသားစောင့်ရှောက် သူတစ်ဦးတို့ကြားမှ မိတ်ဆွေသံယောဇဉ်ကို ဟာသ နှောပြီး ရိုက်ကူးထားသည်။  ဖိလစ်သည် ဘီလျံနာသူဌေးကြီးဖြစ်သော်လည်း အကြောသေရောဂါကိုခံစားနေရပြီး ဘဝကို နေထိုင်ခြင်းမှာ မထိုက်တန်ကြောင်း အမြဲတွေးနေ သူလည်းဖြစ်သည်။


တစ်နေ့တွင် ၎င်းကို နေ့စဉ်ကူညီရန် အာဖရိ ကန်-အမေရိကန် ဒယ်လ်ဆိုသူကို ငှားရမ်းလိုက်သည်။ ငှားရမ်းရသည့်အကြောင်းရင်းမှာလည်း ၎င်းဆီမှ ထွက်သွားသည့်ဇနီးကို ပြန်လည်ဆက်သွယ် ရန်ဖြစ်သည်။ သို့သော် ဒယ်လ်ဆိုသူ၏ နောက်ကြောင်းမှာလည်း မရှင်းလင်းပေ။ ဘဝကိုနေပျော်အောင်နေ ရမည့်အချက်များကို ဒယ်လ်ဆိုသူ၏ သင်ပြပေး မှုဖြင့် ဘဝတွင် နေထိုင်ရသည်ကို သဘောကျလာခဲ့ သည့် ဘီလျံနာကြီးဖိလစ်သည် နောက်ဆုံးတွင် ဇနီးနှင့် ပြန်ဆုံစည်းခဲ့ပြီးနောက် မထင်မှတ်ထား သောကိစ္စများ ဖြစ်ပေါ်လာခဲ့တော့သည်။

Ref : Wiki

#democracytoday

Rate this item
(0 votes)
back to top