HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ဒီနှစ် အကယ်ဒမီပွဲက ယခင်နှစ်တွေက ချီးမြှင့်တာထက် ပိုမိုပြီးတော့ တရားမျှတဖို့ ဖြစ်လာပါလိမ့်မယ်။ တကယ်ရ သင့်ရထိုက်တဲ့သူတွေ ရလာပါလိမ့်မယ်လို့တော့ ကျွန်တော် အာမခံပါတယ်' ဦးဇင်ဝိုင်း

'ဒီနှစ် အကယ်ဒမီပွဲက ယခင်နှစ်တွေက ချီးမြှင့်တာထက် ပိုမိုပြီးတော့ တရားမျှတဖို့ ဖြစ်လာပါလိမ့်မယ်။ တကယ်ရ သင့်ရထိုက်တဲ့သူတွေ ရလာပါလိမ့်မယ်လို့တော့ ကျွန်တော် အာမခံပါတယ်' ဦးဇင်ဝိုင်း

မတ်လတွင် ပြုလုပ်မည့် ၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီး နှင့်ပတ်သက်ပြီး ပြင်ဆင်နေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တွေ့ဆုံကာ ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အတွက် အကဲဖြတ်စီစဉ်တဲ့နေရာမှာ ဘယ်လိုစံနှုန်းတွေနဲ့ စိစစ်နေပါ သလဲ။

 

ဖြေ- ရုပ်ရှင်ထူးချွန်ဆုတွေကို ရွေးချယ်တဲ့နေရာမှာ အမှန်တရား နဲ့ အနီးစပ်ဆုံး၊ တရားမျှတမှုအရှိ ဆုံးဖြစ်အောင် ကြိုးစားပြီး အဂတိ ကင်းရှင်းအောင်လုပ်မယ်။ ကျွန် တော် အခုပြောတဲ့အချက်တွေ အကုန်လုံးနဲ့ ရာနှုန်းပြည့် ပြည့်မီ လိမ့်မယ်လို့တော့ ကျွန်တော် အာ မ မခံနိုင်ပါဘူး။ ဒါပေမဲ့ ယခင်နှစ် တွေက ချီးမြှင့်တာထက် ပိုမိုပြီး တော့တရားမျှတဖို့ ဖြစ်လာပါ လိမ့်မယ်။ တကယ်ရသင့်ရထိုက် တဲ့သူတွေရလာပါလိမ့်မယ်လို့ တော့ ကျွန်တော်အာမခံပါတယ်။ အရည်အသွေးအားဖြင့်ဆိုရင် လည်း ကျွန်တော်အထူးပြောနေ စရာမလိုပါဘူး။ ညံ့ဖျင်းတဲ့ဇာတ် ကားတွေရှိသလို တကယ်ကို ပရိ သတ် ရင်ထဲကိုရောက်သွားအောင် အနုပညာပြောင်မြောက်တဲ့ ငွေ ကြေးအရလည်း ရုပ်ရှင်နှစ်တစ်ရာ အတွင်းမှာ အများဆုံးစံချိန်တင်တဲ့ ဇာတ်ကားတွေလည်း ပေါ်ထွက် လာခဲ့ပါတယ်။

မေး- အကယ်ဒမီပွဲမှာ အနုပညာ ရှင်တချို့ ပွဲတက်ခွင့်မရတာတွေရှိ သလို အနုပညာရှင်မဟုတ်ဘဲ အ ကယ်ဒမီပေးပွဲ တက်လာတဲ့သူတွေ လည်းရှိတယ်ဆိုတော့ ဒီနှစ်ကိုရော ဘယ်လိုစီစဉ်ထားလဲ။

 

ဖြေ- အနုပညာရှင်တွေ တချို့ ပွဲတက်ခွင့်မရဘူးဆိုတာက အဓိက ပွဲနေရာက အနုပညာလောကသား အားလုံး မဆံ့တာကြောင့်ပါ။ မနှစ် က ပြုလုပ်တဲ့ပွဲမှာဆိုရင် ခုံ ၃ဝဝဝ ခင်းပါတယ်။ စပွန်ဆာကုမ္ပဏီတွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံတော်အကြီး အကဲတွေ၊ ကျွန်တော်တို့နဲ့ မဖြစ် မနေ ဆက်ဆံနေတဲ့ကျန်သော အဖွဲ့ အစည်းတွေအတွက်က ခုံ ၄ဝဝ ဖယ်ရတယ်။ လောကသားက ၄၅ဝဝ ရှိတယ်။ ဖိတ်ကြားနိုင်တဲ့အရေအ တွက်က ၂၆ဝဝ ပဲရှိတယ်။ အဲဒီမှာ ဦးစားပေးစနစ်လုပ်ရပါတယ်။ သက် ကြီးဝါကြီးတွေ၊ အကယ်ဒမီဆု ရရှိ ထားတဲ့ အနုပညာရှင်၊ အတတ်ပ ညာရှင်တွေ၊ ရုံတင်ပြသသွားတဲ့ ရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ အနု ပညာရှင်၊ အတတ်ပညာရှင်တွေကို ဖိတ်ပြီးတော့မှ ကျန်တဲ့ခုံအတွက် အဖိတ်သင့်ဆုံး အနုပညာရှင်တွေ ကို ဝါစဉ်အလိုက်စီ ပြီးတော့ဖိတ်ရ တာပါ။ ဒီနှစ်ဆို ဒီအခက်အခဲက ပိုခေါင်းခဲမှာပါ။ ရုံတင်ပြသတဲ့ ဇာတ် ကားများတာကြောင့် ဖိတ်ကြားရ မယ့် အရေအတွက်က ပိုများလာ မှာပါ။ အနုပညာရှင်မဟုတ်ဘဲ ပွဲတက်လာကြတာကို သိပါတယ်။ ဖိတ်ခံရတဲ့သူတွေက လက်မှတ် တွေကို ရောင်းစားကြတာတွေ ကြောင့်ပါ။ လောကသားတွေထဲ ကပဲ မိမိရဲ့ရပိုင်ခွင့်ကိုအလွဲသုံး စားလုပ်နေတာဘယ်သူဆိုတာကို သိပေမယ့် အရေးယူလို့ မရတာပါ။

 

မေး- အကယ်ဒမီဆုတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။

ဖြေ- ဒီနှစ်အတွက်ပေးမယ့် ဆုကတော့ အရင်ကအတိုင်း ၁၁ ဆုပါ။ ဒါ့အပြင် ရုပ်ရှင်တစ်သက်တာ ဆုပေးပါမယ်။ နောက်အထူးဆုကို ငါးမျိုးသတ်မှတ်ထားပါတယ်။ ကလေးသရုပ်ဆောင်၊ အဝတ်အစားဒီဇီုင်း၊ မိတ်ကပ်အပိုင်း၊ Digital Effect & Animation , Sound Design ဆိုတာပါ။ ဒီထဲကမှတစ်ခုခုထူးချွန်တာမျိုးရှိလာရင် တစ်ဆုချီးမြှင့်မှာပါ။ ဒါပေမဲ့ Title သီချင်းနဲ့ပတ်သက်လို့ အ မျိုးမျိုးငြင်းခုံပြီး အဖြေမထွက်တဲ့အတွက် ဒီဆုကိုတော့ အထူးဆု ထဲမှာ မထည့်ဘူးလို့ ဆုံးဖြတ် ချက်ချလိုက်ပါတယ်။ ဆုကြေး ကတော့ အကယ်ဒမီတစ်ဆုတိုင်း ကို ရွှေငါးကျပ်သားပါ။ ရုပ်ရှင်တစ် သက်တာထူးချွန်ဆုအတွက်ကို တော့ သက်ရှိ ထင်ရှားရှိစဉ်ကာလ အထိ တစ်လကျပ်ငါးသိန်းချီးမြှင့် ပါမယ်။ 

 

မေး- အခု အကယ်ဒမီပေးပွဲနဲ့ အတူ Star Award ဆုလည်း ပေး မှာဆိုတော့ အဲဒီအပေါ်မှာ ဘယ်လို မျိုးထင်မြင်မိပါသလဲ။

ဖြေ- Star Award ဆုပေးပွဲ ပြု လုပ်မယ်ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံးကို စာပို့လာပါတယ်။ ကျွန်တော်တို့ သဘောတူပေးဖို့ဆို ပြီးတော့ပါ။နိုင်ငံတကာမှာလည်း အော်စကာဆုရှိသလို ရွှေကမ္ဘာလုံးဆုလည်းရှိပါတယ်။ စာပေမှာလည်း အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ရွှေအမြုတေစာပေဆု စသဖြင့်ဆုပေးပွဲတွေရှိပါတယ်။ ဒီဆုတွေဘာဖြစ်လို့ လုပ်လဲဆို တော့ စာပေလောက တိုးတက်စေ ချင်တာကြောင့်ပါ။ ဒီလိုဆုပေးပွဲလုပ်မယ်ဆိုတာကို ကျွန်တော်တို့က တားဆီးလို့လည်းမရပါဘူး။ ကန့်ကွက်လို့လည်းမရပါဘူး။ ကန့်ကွက်ဖို့ဆန္ဒလည်းမရှိပါဘူး။ ဒါ ကြောင့် ပြုလုပ်ဖို့ စာပြန်ခဲ့ပါ တယ်။ ဒါပေမဲ့ တစ်ခုပေါ့နော်။ Star Award  ဆုပေးပွဲက ဖေဖော်ဝါရီလမှာ ပြုလုပ်မယ်။ အကယ်ဒမီ ပေးပွဲကတော့ မတ်လမှ ပြုလုပ်မှာဖြစ်တာဆိုတော့ အဲဒီအပေါ်မှာ နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်ခဲ့ပါတယ်။ စိုးရိမ်တာက အကယ် ဒမီပေးပွဲကို ရုပ်ရှင်အစည်းအရုံးက ဦးစီးပြီးလုပ်တာ ငါးနှစ်သက် တမ်းသာရှိနေသေးတာကြောင့်ရယ်၊ လောကသားတွေရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက် ရတာဖြစ်တဲ့အတွက် တခြားဆု ပေးပွဲတွေကြောင့် အကယ်ဒမီပေး ပွဲဆိုတာ မှေးမှိန်သွားမလားဆိုတာကို စိတ်ပူခဲ့ပါတယ်။ ဒါကြောင့် ပွဲကို နောက်ဆုတ်ပြီး ပြုလုပ်ပေးဖို့ မေတ္တာ ရပ်ခံစာပေးဖို့လိုက်ပါတယ်။ တကယ်လို့ ညှိနှိုင်းတာကို လက်မခံဘူးဆိုရင်လည်း ဘာမှ တော့ မတတ်နိုင်ပါဘူး။ 

NN

#democracytoday

Rate this item
(0 votes)
back to top