HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဗစ်တိုးရီးယား ဘက်ခမ်းနေရာတွင် အစားထိုးမည့် သူကို Spice Girl အဖွဲ့ ရှာဖွေနေ

ဗစ်တိုးရီးယား ဘက်ခမ်းနေရာတွင် အစားထိုးမည့် သူကို Spice Girl အဖွဲ့ ရှာဖွေနေ

လန်ဒန်၊ ဇန်န၀ါရီ ၁၉

Spice Girls အဖွဲ့တွင် ပြန်လည်မပါဝင်လာနိုင်သော ဗစ်တိုးရီးယားဘက်ခမ်းနေရာတွင် အစားထိုးရန် ဆာအာရာ အာအယ်တိုကို Mel C က ဖိတ်ခေါ်ထားကြောင်း သိရသည်။  ကမ္ဘာကျော် အမျိုးသမီးအဆိုတော်အဖွဲ့က လာမည့်နွေ ရာသီနှောင်းပိုင်းကာလတွင် နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ် မည်ဖြစ်သော်လည်း ဂီတလုပ်ငန်းအစား ဖက်ရှင်လိုင်းဘက် ကိုသာ ဦးတည်သွားတော့မည့် ဗစ်တိုးရီယား ပြန်လည်ပါဝင် လာခြင်းမရှိပေ။ ထို့ကြောင့် အဖွဲ့ဝင် Mel C က "X Factor"  စတားဟောင်း ဆာအာရာကို နယ်လှည့်ဖျော်ဖြေပွဲ၌ အဖွဲ့အ တွင်းပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဆာအာရာက Spice Girls  အဖွဲ့ရဲ့ ဆဋ္ဌမမြောက် အဖွဲ့ ၀င်ဖြစ်လာနိုင်မလားလို့ ကျွန်မစဉ်းစားနေပါတယ် ဟု ပြော ဆိုခဲ့သည်။ Mel C က မင်းလိုချင်တယ်ဆိုရင် မမြောက် အဖွဲ့ဝင် ဖြစ်နိုင်ပါတယ်။ အခြားထူးခြားတဲ့ အဆိုတော် တစ် ယောက်အတွက် အမြဲတမ်း အခန်းရှိပါတယ်။ အဲဒါကိုတော့ ငါပြောနိုင်ပါတယ် ဟု ဆိုသည်။


ဆာအာရာက နယ်လှည့်ဖျော်ဖြေပွဲတွင် Spice Girls အဖွဲ့က ပဉ္စမမြောက်အဖွဲ့ဝင်အဖြစ် ပါဝင်စေချင်သော်လည်း Posh ဟုခေါ်သော ဗစ်တိုးရီးယားနေရာတွင် အစားဝင်ရမည် ဖြစ်သည့်အပြင် Posh အနေဖြင့် သီချင်းစာသားကို များများ စားစားမဆိုရကြောင်းThe Sun သတင်းစာက ပြောထားသည်။


သို့သော် ဗစ်တိုးရီးယားအနေဖြင့် နယ်လှည့်ဖျော်ဖြေပွဲ တွင် ပါဝင်လာနိုင်ခြင်း မရှိသော်လည်း Mel B အနေဖြင့် အနည်းဆုံး ဖျော်ဖြေပွဲတစ်ခုလောက်တွင် ဖက်ရှင်ဒီဇိုင်နာ ဗစ် တိုးရီးယားက ပါဝင်လာနိုင်ခြေရှိသေးသည်ဟု ဆိုသည်။
လက်ရှိတွင် ဗစ်တိုးရီးယားအနေဖြင့် အလုပ်များနေသည် ဆိုသော အချက်ကိုလေးစားပြီး ၎င်းင်းတို့ အချိန်ကောင်း မဟုတ် သေးကြောင်း၊ သို့သော် ၎င်းင်းတို့ ပျော်ရွှင်နေပုံများကို မမြင်လိုက် ရမည်ကိုစိုးရိမ်ကြောင်း ပြောခဲ့သည်။ျွန်ါ်

Ref: contactmusic

#democracytoday

Rate this item
(0 votes)
back to top