HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

လိင်ပိုင်းဆိုင်ရာ အသားပေး ပြကွက်ကြောင့် ကိတ်ဘလန်ချက်၏ ပြဇာတ် ကြည့်ရှုသူ မူးလဲ

လိင်ပိုင်းဆိုင်ရာ အသားပေး ပြကွက်ကြောင့် ကိတ်ဘလန်ချက်၏ ပြဇာတ် ကြည့်ရှုသူ မူးလဲ

လော့စ်အိန်ဂျလိစ်၊ ဇန်န၀ါရီ ၁၉

မင်းသမီးကိတ်ဘလန်ချက်၏ လိင်ပိုင်း ဆိုင်ရာ အသားပေးပြကွက်နှင့် အကြမ်းဖက် ဆန်သော ဇာတ်လမ်းဇာတ်ကွက်များ ပါ ၀င်သည့်ပြဇာတ်ကို ကြည့်ရှုနေသူတစ်ဦးမှာ မူးလဲခဲ့ကြောင်း သိရသည်။  အော်စကာဆုရှင် မင်းသမီး ကိတ်သည် Game of Thrones  စီးရီးမှ သရုပ်ဆောင် စတက်ဖန်ဒီလိန်းနှင့်အတူ လန်ဒန်မြို့ရှိအမျိုး သားပြဇာတ်ရုံ၌ "When We Have Suf- ficiently Tortured Each Other"  ပြဇာတ် ကို ဇန်န၀ါရီ ၁၆ ရက်၌ ကပြခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့၏ တရားဝင်ဖော် ပြချက်အရ ပြဇာတ်သည် ရမ္မက်ဆန္ဒ ကြောင့် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု များကို အဓိကထား ပုံဖော်ထားပြီး လိင် ပိုင်းဆိုင်ရာ လွှမ်းမိုးမှုနှင့် ကြံ့ကြံ့ခံရင် ဆိုင်မှုတို့အကြောင်း ဖော်ထားခြင်းဖြစ် ကြောင်း သိရသည်။ သို့သော် ပြဇာတ် တွင်ပါဝင်သည့် ဇာတ်လမ်းဇာတ်ကွက် များကြောင့် ဇာတ်လမ်းအကြို ပြသနေ ချိန်၌ပင် သက်ကြီးပိုင်း ပရိသတ်တစ်ဦး မေ့လဲသွားခဲ့ပြီး လူနာတင်ယာဉ်ကို ခေါ် ဆောင်ခဲ့ရသည်ဟု ဆိုသည်။ ယင်းအမျိုးသမီးကြီးကို ကူညီပေးခဲ့သူ တစ်ဦး၏အဆိုအရ ယင်းပြဇာတ်သည် လိင် ပိုင်းဆိုင်ရာ အသားပေးပြကွက်များနှင့် ဇာတ် လမ်းအစမှ စတင်ကာ အကြမ်းဖက်ပုံရိပ် များ ပါဝင်သည်ဟု ဆိုသည်။


ဗြိတိန်နိုင်ငံထုတ် သတင်းစာများ၏ အဆိုအရလည်း အခြားပရိသတ်များက ပါ ယင်းပြဇာတ်ကို လိင်ပြကွက် အလွန် အကျွံဖော်ပြသည်ဟု ခေါ်ဆိုကြပြီး ကြည့် ရှုရန်ပင်မသင့်ဟု ဆိုသည်။  ယင်းပြဇာတ်အကြောင်း မေးမြန်း ရာတွင် မင်းသမီးကိတ်က ပြဇာတ်ကို ကြည့်ရှုသည့် အမြင်ပေါ် မူတည်၍ ကွဲပြားမှုများရှိနိုင်ကြောင်း၊ ဒေါသထွက် သည့်လူများလည်း ရှိနိုင်သလို စိတ် လှုပ်ရှားနိုင်သည့် လူများလည်းရှိ နိုင်ကြောင်း ယခုလအစောပိုင်း တွင် ပြောကြားခဲ့ဖူးသည်။

Ref: aceshowbiz

#democracytoday

Rate this item
(0 votes)
back to top