HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

နာမည်ကျော် ကြက်ကြော်ဆိုင်မှ အလုပ်သမား မှုခင်းရဲဝန်ထမ်းများ Extreme Job

နာမည်ကျော် ကြက်ကြော်ဆိုင်မှ အလုပ်သမား မှုခင်းရဲဝန်ထမ်းများ Extreme Job

ဒါရိုက်တာ - လီဗြောင်ဟွန်း
ဇာတ်ညွှန်း - ဘေဆယ်ယောင်း
သရုပ်ဆောင်များ - လီဆွန်းရုန်း၊ လီဟန်နီ၊ ဂျင်ဆင်းဂူ၊ လီဒုံးဟီ
ပြသချိန် - ၁၁၁ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

 လာမည့်သီတင်းပတ်မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည့် ဟာသ ဇာတ်မြူးမှုခင်းရုပ်ရှင်ဖြစ်သည်။ မူးယစ်မှုခင်း ရဲတပ်ဖွဲ့ဝင် ငါးဦးအဖွဲ့က ကြက် ကြော်ဆိုင်တစ်ခုကို ဖွင့်လှစ်ပြီး ညဘက်တွင် မှုခင်း တိုက်ဖျက်ရေး လုပ်ဆောင်ချက်များ ဆောင်ရွက်ပုံကို ရယ်ရွှင်မြူးဖွယ် ကြည့်ရှုကြရမည်ဖြစ်သည်။ အမေရိ ကန် နိုင်ငံတစ်ဝန်းတွင်လည်း ပြသရန် စောင့်ဆိုင်းနေ သည့် ရုပ်ရှင်လည်း ဖြစ်သည်။


ထောက်လှမ်းရေး ရဲတပ်ဖွဲ့အကြီးအကဲ ဂို၊ ထောက် လှမ်းရေးမှူးများဖြစ်ကြသည့် ဂျန်၊ မာ၊ ယောင်းဟိုနှင့် ဂျယ်ဟွန်းတို့သည် မူးယစ်ထောက်လှမ်းရေးအဖွဲ့ တစ် ခုအနေဖြင့် လှုပ်ရှားနေကြသည်။ ယင်းအဖွဲ့သည် ရာဇ ၀တ်ဂိုဏ်း တစ်ခုကို ဖြိုခွင်းရန် ကြိုးပမ်းခဲ့ပြီး ယင်းသို့ လုပ်ဆောင်ရန် ဖော်ထုတ်ရေးလုပ်ငန်းကို စတင်ခဲ့ကြ သည်။ ထို့ကြောင့် ယင်းစုံထောက်အဖွဲ့က ကြက်ကြော် ဆိုင်တစ်ခုတွင် အလုပ်သမားများအနေဖြင့် ၀င်ရောက် လုပ်ကိုင်ခဲ့ကြသည်။ သို့သော် ယင်းကြက်ကြော်ဆိုင်မှာ မျှော်လင့်မထား ရလောက်အောင် နာမည်ကြီးလာသည့်အတွက် ၎င်းင်း တို့၏ မူးယစ်ဖော်ထုတ်ရေး အစီအစဉ်တွင် အခက်အခဲ များနှင့် ရင်ဆိုင်ခဲ့ရတော့သည်။

Ref: Wiki

#democracytoday

Rate this item
(0 votes)
back to top