HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ချစ်သူများနေ့ မတိုင်ခင် အယ်လ်ဘမ်အသစ် ဖြန့်ချိမယ်လို့ အရီနာဂရန်ဒီ အရိပ်အမြွက်ပြော

ချစ်သူများနေ့ မတိုင်ခင် အယ်လ်ဘမ်အသစ် ဖြန့်ချိမယ်လို့ အရီနာဂရန်ဒီ အရိပ်အမြွက်ပြော

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၂ 

အဆိုတော် အရီနာဂရန်ဒီ၏ "Thank U, Next" သီချင်းကိုပင် ခေါင်းစဉ်အဖြစ် နာမည်ပေးနိုင်ခြေရှိသည့် အယ်လ်ဘမ်အသစ်ကို ဖေဖော်ဝါရီလထဲတွင် ဖြန့်ချိနိုင်ခြေရှိကြောင်း ၎င်းက ဇန် နဝါရီ ၂၁ ရက်တွင်ထုတ်ပြောလိုက်သည်။ မကြာမီဖြစ်လာနိုင်သည့် သီချင်းခွေဖြန့်ချိမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အချို့အကြောင်း တွစ်တာအသုံးပြုသူတစ်ဦးက အဆိုတော် အရီနာထံ မေးမြန်းခဲ့ရာတွင် ၎င်းက ''အိုကေ၊ ကျွန်မရှင့်ကို ချစ်တယ်။ ကဲ ရှင်ဘာသိချင်လဲပြော'' ဟု ပြန်လည်ရေးသားခဲ့သည်။

အမေးအဖြေကဏ္ဍတစ်ခုကို အခြေခံပြီး ပြောကြားချက်အရ ယင်းအယ်လ်ဘမ်အသစ်သည် ဖေဖော်ဝါရီ ၈ ရက်တွင် မြင်တွေ့ရနိုင်ခြေရှိသည်ဟုသိရသည်။ ပရိသတ်တစ်ဦးက ''ဖေဖော်ဝါရီလမှာ ဖြန့်ချိမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် အကောင်းဆုံးမွေးနေ့လက်ဆောင်အဖြစ် မျှော်လင့်ပါတယ်'' ဟု ပြောဆိုခဲ့ရာတွင် ၎င်းက ''hbd (ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ)''ဟု ပြန်လည်တုံ့ပြန်ခဲ့သည်ကို ကြည့်ပါက ဖေဖော်ဝါရီလအတွင်း အယ်လ်ဘမ်ကို ဖြန့်ချိရန် ကြိုးပမ်းနေသည်ဟု ဆိုနိုင်သည်။


ထိုအခါ အခြားပရိသတ်တစ်ဦးက ''ဒါဆိုရင် ဖေဖော်ဝါရီ ၈ ရက်နေ့လား။ အဲဒါ ကျွန်မရဲ့ ၂၁ နှစ်ပြည့် မွေးနေ့လေ''ဟု ပြောဆိုခဲ့ရာ အဆိုတော်အရီနာက ''အဆင်ပြေလိုက်တာ''ဟု ပြန်ဖြေခဲ့သည်။  တစ်ကိုယ်တည်းဖြစ်နေသူများအတွက်ရည်ရွယ်ပြီး သီချင်းများကို ဖန်တီးထားသောသီချင်းများပါဝင်သည်ဟုလည်း ခန့်မှန်းရသည်။ အယ်လ်ဘမ်ကာဗာနှင့် သီချင်းစာရင်းအပါအဝင် အယ်လ်ဘမ်၏ အသေးစိတ် အကြောင်းအရာများကို လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ပရိသတ်များအနေဖြင့်လည်း ကြိုတင်မှာယူနိုင်မည်ဟုဆိုသည်။

Ref: billboard

#democracytoday

Rate this item
(0 votes)
back to top