HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သားလေးကြောင့် အရက်ဖြတ်လိုက်ပြီဖြစ်တဲ့ မင်းသမီး အန်နီဟက်သာဝေး  

သားလေးကြောင့်  အရက်ဖြတ်လိုက်ပြီဖြစ်တဲ့  မင်းသမီး အန်နီဟက်သာဝေး   

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၂

မင်းသမီး အန်နီဟက်သာဝေးသည် နောက်ထပ် ၁၈ နှစ်တိုင်တိုင် အရက် ဖြတ်လိုက်ပြီဖြစ်ကြောင်းသိလိုက်ရသည်။ အသက် ၃၆ နှစ်အရွယ် မင်းသမီးက အသက်နှစ်နှစ်အရွယ် သားလေးဂျွန်နက်သန်အနေဖြင့် နံနက်ခင်း ကျောင်းသွားချိန်တိုင်း အရက်မူးနေသည့်အဖြစ်ကို မလိုချင်သည့်အတွက် နောင်အနာဂတ်ကာလတစ်ခုအဖြစ် အရက်ပုလင်းကို လက်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

"The Ellen Degeneres Show" အစီအစဉ်တွင် 'Ocean's Ä'  မင်းသမီး အန်နီက ''ကျွန်မက ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နောက်ထပ် ၁၈ နှစ်စာ အရက်ဖြတ်လိုက်ပါပြီ။ ကျွန်မသားလေး အိမ်မှာရှိနေတဲ့အချိန်မှာ ကျွန်မအရက်မသောက်မှ ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မလုပ်နေတာကို ကျွန်မတကယ်မကြိုက်ပါဘူး။ မနက်ခင်းတိုင်း သူကျွန်မကိုလိုအပ်နေ တဲ့ကာလတစ်လျှောက်လုံး သူအသက်ရလာတဲ့အထိပေါ့။ ကျွန်မသူ့ကိုကျောင်းလိုက်ပို့တဲ့အခါ အရက်မူးနေရင် ကျွန်မအတွက်အဆင်မပြေဘူး။ ကားလည်း မောင်းလို့မရဘူး။ ကျွန်မအဲဒါကို သဘောမကျဘူး''ဟု ပြောဆိုခဲ့သည်။


ထို့ပြင် မင်းသမီးအန်နီက မိခင်တစ်ဦးဖြစ်လာသည့်အတွက် ပိုမိုကြီး ကျယ်သည့် ငြိမ်းချမ်းမှုကို ခံစားလာရပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ၄င်းက ''တချို့အရာတွေက အလွယ်တကူဖြစ်လာတဲ့အခါ ကျွန်မပျော်ရွှင်ပါတယ်။ ကလေးရှိနေပြီဆိုတဲ့အချိန်ကစလို့ ကျွန်မအဲဒါတွေကို လုပ်ရတာလွယ်ပါတယ်။ သားလေးအသက်ရှူရဲ့လား။ ကျန်းမာရဲ့လား။ ထွားလာပြီလား။ အဆင်မှပြေ ရဲ့လားဆိုပြီး နေ့တစ်ခုကို အဲဒီစစ်ဆေးမှုတွေနဲ့ စတင်ရပါတယ်''ဟုဆိုသည်။ ထို့ပြင် မင်းသမီးအန်နီက မိဘတစ်ဦးမဖြစ်မီအချိန်အထိ ဘဝကို မကျေ မချမ်းဖြစ်ခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့သည်။

Ref : contactmusic

#democracytoday

Rate this item
(0 votes)
back to top