HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဂရမ်မီဆုပေးပွဲမှာ ရှောင်မန်ဒီစ်နဲ့အတူ သီချင်းဆိုဖို့ ရှိနေတဲ့ မိုင်လီဆိုင်းရပ်စ်

ဂရမ်မီဆုပေးပွဲမှာ ရှောင်မန်ဒီစ်နဲ့အတူ သီချင်းဆိုဖို့ ရှိနေတဲ့ မိုင်လီဆိုင်းရပ်စ်

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၈

အဆိုတော်မိုင်လီဆိုင်းရပ်စ်နှင့် ရှောင်မန်ဒီစ်တို့သည် မကြာမီကျင်းပတော့မည့် ဂရမ်မီဆုပေးပွဲတွင် အဆိုတော် ဒေါ်လီပါတန်ကိုဂုဏ်ပြုသည့် တေးသီချင်းသီဆိုမှုကို အတူတွဲဖက်လုပ်ဆောင်ရန် စီစဉ်နေသည်ဟုသိရသည်။ ပေါ့ပ်စတားမိုင်လီသည် ယခုသီတင်းပတ်အစောပိုင်းတွင် ဖျော်ဖြေရန်အတွက် စတင်ပြောဆိုခဲ့ပြီး အစမ်းလေ့ကျင့်နေသည့် ဓာတ်ပုံများကိုလည်း ဝေမျှခဲ့သည်။ အဆို တော်ရှောင်၏ မျက်စိလျင်သော ပရိသတ်များက ယင်းဓာတ်ပုံအထဲမှ ဂီတာတစ်ခုပေါ်တွင် ၄င်း၏နာမည်ရေးသားထားသည်ကို မြင်တွေ့ခဲ့ကြရသည်။

အသက် (၂ဝ) အရွယ် ကနေဒါအဆိုတော်ရှောင်သည် တတိယမြောက်စတူဒီယို အယ်လ်ဘမ်အတွက် ယခုနှစ်အတွင်း အကောင်းဆုံးအယ်လ်ဘမ်အဖြစ် ဆန်ခါတင်စာရင်းတွင်ပါဝင်ခဲ့ပြီး 'In My Blood' သီချင်းဖြင့် တစ်နှစ်တာအတွင်းအကောင်းဆုံးသီချင်းစာရင်းတွင် ပါဝင်ထားသည်။ အင်စတာဂရမ်တွင်တင်ခဲ့သည့်ပို့စ်၌ မိုင်လီက ''အစမ်းလေ့ကျင့်နေပြီ။ ဒီတနင်္ဂနွေ ဖေဖော်ဝါရီ ၈ ရက်၊ ဆုပေးပွဲမှာ ဖျော်ဖြေမယ်'' ဟု ရေးသားခဲ့သည်။


TMZ  မီဒီယာ၏ အဆိုအရ၄င်းတို့နှစ်ဦးသည် လျှို့ဝှက်ပြီး လေ့ကျင့်နေကြသည်ဟုလည်းဆိုသည်။ အသက် (၇၃) နှစ်အရွယ်အဆိုတော်ကြီးကို ဂုဏ်ပြုသည့်နေရာ၌ ကန်းထရီး အဆို တော်ကြီး ကန်နီရော်ဂျာနှင့် ပူးတွဲသီဆိုခဲ့သည့် 'Islands in the Stream' သီချင်းကို ၄င်းတို့ နှစ်ဦး ပြန်လည်သီဆိုမည်ဟု မျှော်လင့်ရသည်။ ယင်းသီချင်းသည် ၁၉၈၃ ခုနှစ်တွင် နာမည်ကျော်ကြားခဲ့သည်။ မိုင်လီ၏ထုတ်လုပ်သူ မက်ခ်ရွန်ဆန်ကလည်း အင်စတာ ဂရမ်ပရိုဖိုင်တွင် ''သားကြီးရေ၊ ဒီကလေးတွေကတော့ တကယ့်ကိုပဲ အိပ်မက်ဆန်တဲ့ အသံတွေနဲ့အတူတူ ဆိုကြပြီ''ဟု ရေးသားခဲ့သည်။ အဆိုတော်ကြီးဒေါ်လီသည် (၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် ၂ဝ၁၉ MusiCares Person Of The Year  ဆုဖြင့် ဂုဏ်ပြုခံရမည် ဖြစ်သည်။

Ref: contactmusic

#democracytoday

Rate this item
(0 votes)
back to top