HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ပေါ်ပင်တွေလုပ်ပြီးတက်လာတဲ့သူတွေက အနုပညာကြေး ကိုယ်တွေထက်တောင်ရတာတွေကျ နည်းနည်းခံစားရတယ်'' ဆိုတဲ့ မေပန်းချီ

''ပေါ်ပင်တွေလုပ်ပြီးတက်လာတဲ့သူတွေက အနုပညာကြေး ကိုယ်တွေထက်တောင်ရတာတွေကျ နည်းနည်းခံစားရတယ်'' ဆိုတဲ့ မေပန်းချီ

သရုပ်ဆောင်မေပန်းချီနဲ့တွေ့ဆုံခိုက်မှာ အခုလိုမေးခွန်းတချို့မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လတ်တလော အနုပညာအလုပ်တွေ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ - လတ်တလောမှာတော့ ဆိုင်ဖွင့်ပွဲလေးတွေ တက်ဖြစ်တယ်။ ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ သီချင်းဆိုဖြစ်တာလေးတွေလည်းရှိတယ်။ ရှုတင်ကတော့ ပါးပါတယ်။

မေး - ပန်းချီ Facebook မှာ ထုတ်လုပ်ရေးတစ်ခုနဲ့ အဆင်မပြေတာလေးတွေ ရေးထားတာတွေ့ရတယ်။
ဖြေ - အခုဟာက ကိုယ်တွေမှတော့မဟုတ်ပါဘူး။ ဗီဒီယိုခေတ်တွေက မကောင်းတော့ တော်တော်များများလည်း တွေ့ကြုံနေရတဲ့ပြဿနာလည်း ဖြစ်ပါတယ်။ ပန်းချီတို့က ညည်းလိုက်ရင် ကိုယ့်အောက်မှာရှိကြတဲ့သူတွေကပိုဆိုးပါတယ်။ ပန်းချီတို့လောက်မှ အနုပညာကြေးမရတဲ့သူတွေအများကြီးရှိပါတယ်။ ကိုယ်တွေ ဒုတိယမင်းသမီးနေရာတောင် အနုပညာကြေးသိပ်မရတာ ပြောနေမယ်ဆိုရင် ကိုယ့်အောက်မှာရှိတဲ့လူကြမ်းတွေ၊ ဇာတ်ပို့ဇာတ်ရံတွေဆိုရင် ကိုယ်တွေထက်ပိုနည်းတယ်။ အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့သူတွေက ပိုများကြပါတယ်။ ကိုယ်တွေက စိတ်ညစ်ရာတွေကို ရေးမယ်ဆိုရင် သူတို့တွေတွေ့ပြီးတော့ ပိုစိတ်ညစ်မှာစိုးတာ ကြောင့် နောက်ပိုင်းတော့ သိပ်မရေးဖြစ်တော့ပါဘူး။ နောက်တစ်ခု ထပ်ပြီးတော့တွေ့ရတာက ကိုယ်တစ်ခုခုတင်ပြီဆိုရင် Comment တွေမှာ မင်းသမီးဖြစ်ပြီးတော့ အလှူမလုပ်ဘူးလို့ပြောကြတာတွေလည်းရှိပါတယ်။ ကိုယ်တွေတောင် ရတဲ့အတိုင်းအတာလေးနဲ့ မနည်းရပ်တည်နေရတာ ဖြစ်တယ်ဆိုတာကို ပရိသတ်တွေကို သိစေချင်တာပါ။

မေး - ဗီဒီယိုဇာတ်ကားတွေမှာ အနုပညာကြေးရရှိတဲ့အခြေအနေကရော ဘယ်လိုရှိလဲ။။
ဖြေ - ကိုယ်က မလျှော့ရင်လည်း သူတို့ကလျှော့ခိုင်းတယ်။ ကိုယ်က အဆင်မပြေလို့ မရိုက်ဘူးဆိုရင်လည်း အခြားသူကရိုက်မှာပဲ။ လက်ရှိအလုပ်လေးရှိအောင် ဖြစ်အောင်လုပ်နေရတဲ့သဘောလေးတွေ ဖြစ်နေပါတယ်။ ဥပမာ ကိုယ်က အနုပညာကြေး ငါးသိန်းယူမယ်ဆိုရင် သုံးသိန်းလောက်ထားပါလားလို့ လျှော့ခိုင်းတာကို ကိုယ်က မရိုက်ရင် မပါရုံဘဲရှိမယ်၊ ရိုက်တဲ့သူတွေကတော့ ရှိတယ်။ အဲဒါကြောင့် ရိုက်လိုက်ရ တာတွေလည်းရှိပါတယ်။ တချို့ဇာတ်ကားတွေကျတော့လည်း ငွေလည်းမရ ကာရိုက်တာလည်း ကောင်းကောင်းမရဘူးဆိုရင် မရိုက်ဖြစ်တော့ပါဘူး။ ငွေမက်လို့ပြောတာမဟုတ်ပါဘူး။ အနုပညာမကျန်ရင် ငွေကျန်ရင်တောင် ခံသာပါသေးတယ်။

မေး - နောက်ပိုင်းမှာ ပရိသတ်တွေနဲ့ထိတွေ့မှုလည်း နည်းလာတယ်နော်။
ဖြေ - အရင်တုန်းကဆိုရင် နယ်တွေသွားရိုက်ရင် ပရိသတ်တွေနဲ့တွေ့ရတယ်။ အခုနောက်ပိုင်းမှာ ပရိသတ်နဲ့ ထိတွေ့ဖို့ဆိုတာ င်္ခေနဘသသု လောက်ပဲရှိတယ်။ နောက်တစ်ခု ပန်းချီတို့ အနုပညာလောကမှာဖြစ်နေတာတွေကိုကြည့်ပြီး အထင်မကြီးတော့တာတွေလည်းရှိပါတယ်။ အခုခေတ်က ဖုန်းခေတ်လည်းဖြစ်လာတာ ကြောင့် ပရိသတ်တွေနဲ့ပိုဝေးလာပါတယ်။

မေး - အနုပညာကြေးနည်းပြီး ဇာတ်ကားတွေ အရိုက်နည်းရတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဒီခေတ်က င်္ခေနဘသသု မှာ ပေါက်ကရတွေလုပ်လေ ပိုအဆဲခံရလေ ပိုပေါက်လေဆိုတဲ့ခေတ်ကြီးဖြစ်နေပါတယ်။ ပန်းချီတစ်ခုစဉ်းစားမိတာက ကိုယ့်ခန္ဓာ ကိုယ်ကိုဖော်ပြီး အဆဲခံရတာမျိုးမလုပ်ချင်ဘူး။ နောက်တစ်ခု တချို့ကလည်း ဒါလုပ်ပြမှ အဆင်ပြေမယ်လို့ထင်တယ်။ အရမ်းဖော်လွန်းရင် ဘယ်သူမှမကြည့်ချင် ကြတော့ပါဘူး။ ပန်းချီတို့က ဖက်ရှင်ပိုင်းလည်းအားနည်းပါတယ်။ ကိုယ်တွေ အများကြီးကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ ပေါ်ပင်တွေလုပ်ပြီး တက်လာတဲ့သူတွေက အနုပညာကြေး ကိုယ်တွေထက်တောင် ရတာတွေကျ နည်းနည်းခံစားရပါတယ်။ ကိုယ့်လောကသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လေးစားမှ အဆင်ပြေမယ်။ အခုဟာက ကိုယ့်လောကသားအချင်းချင်းတောင် မှားနေတာလေးတွေ ရှိပါတယ်။ 

KZYH

Rate this item
(0 votes)
YMG

back to top