HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ဝမ်းဝမ်းလေး'ရုပ်ရှင်ဇာတ်ကားနှင့် အနုပညာရှင်တို့၏ အသံ

'ဝမ်းဝမ်းလေး'ရုပ်ရှင်ဇာတ်ကားနှင့် အနုပညာရှင်တို့၏ အသံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ -  အိမ်ထောင်ရေး၊ မိသားစု ဘဝ သရုပ်ဖော်ဟာသဇာတ်လမ်း ဖြစ်သော ''ဝမ်းဝမ်းလေး'' ရုပ် ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာရုံတင်ပြသတော့ မည်ဖြစ်ပြီး ယင်းရုပ်ရှင်ဇာတ်ကား ကြီး Press Show ပြသခြင်းကို ဖေဖော်ဝါရီ ၉ ရက်တွင် သမ္မတ ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ကြီးကို ဒါရိုက်တာ အောင်ဗပါဝါ မှ ရိုက်ကူးပုံဖော်ထားပြီး သရုပ် ဆောင် ရန်အောင်၊ ရဲအောင်၊ အား သစ်၊ နေဆန်း၊ မို့မို့မြင့်အောင်၊ အိ ချောပိုတို့မှ အဓိကပါဝင်သရုပ်ဆောင် ထားပြီး Press Show ပြသခြင်း အခမ်းအနားကို တက်ရောက်လာ ကြသော အနုပညာရှင်အချို့၏ စကားသံများကို ယခုလိုပဲ စုစည်း ဖော်ပြလိုက်ပါသည်။

ဒါရိုက်တာ အောင်ဗပါဝါ
''ဒီဇာတ်ကားက ဟာသကား အမျိုးအစား။ မိသားစုဘဝသရုပ် ဖော်ဇာတ်ကားလို့ပြောမယ်ဆိုရင် လည်းပြောလို့ရတယ်။ ဒီဇာတ်ကား ကို လာကြည့်ကြမယ့် ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ တစ်နေ့တာ ဘဝအမောတွေ ပြေပျောက်သွား မယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ဇာတ် ကားရည်ရွယ်ချက်ကတော့ ဟာသ ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ် တွေကို ပျော်အောင်ရိုက်ကူးထား တယ်။ နောက်သားသမီးတွေကို တန်ဖိုးထားတတ်ကြစေချင်တဲ့ ရည် ရွယ်ချက်တွေနဲ့ ရိုက်ကူးထားတာ ပါ။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ သုံး လေးနှစ်လောက်က ရိုက်ကူးထား တဲ့ ဇာတ်ကားပါ''

သရုပ်ဆောင် အားသစ်
''ဇာတ်လမ်းက အဘိုးတွေ၊ အဖေတွေ၊ အမေတွေက အတင်း မိန်းမပေးစားလို့ မိန်းမယူလိုက်ရ တယ်။ အဲဒီမိန်းမနဲ့မတည့်ဘဲနဲ့ အ လွဲလေးတွေဖြစ်ကြတဲ့ ဟာသဇာတ် လမ်းလေးပါ။ ဒီဇာတ်လမ်းက ဒိုင် ယာလော့ခ်တွေက တခြားဇာတ် ကားတွေနဲ့မတူဘဲနဲ့ နည်းနည်း လေးဆန်းတယ်။ အမှတ်တရတွေ ကတော့ ပြောရတဲ့ ဒိုင်ယာလောခ့် တွေကဆန်းတော့ ရိုက်ကွင်းမှာ လည်း ခဏခဏပြန်ပြောရတာမျိုး တွေရှိတယ်''

သရုပ်ဆောင် အိချောပို
''ဝမ်းဝမ်းလေး ဇာတ်ကားက ရိုက်ကူးထားတာ ကြာပါပြီ။ အား သစ်နဲ့ အိချော ဗီဒီယိုဇာတ်ကား တွေ တွဲပြီးတော့ ရိုက်ဖူးတယ်။ ဒီ ဇာတ်ကားမှာက အိချောတို့အပြင် ဝါရင့်သရုပ်ဆောင်တွေလည်း ပါ တယ်။ အားလုံးမြိုင်မြိုင်ဆိုင်ဆိုင် နဲ့ မိသားစုဇာတ်လမ်းပုံစံမျိုးလေး ကို ဟာသအနေနဲ့ ပုံဖော်ထားတာ ပါ။ ဒီဇာတ်လမ်းက မနဲ့မောင်ဇာတ် လမ်းမျိုးမဟုတ်ဘူး။ ဟာသဘက် ကို သွားထားတဲ့ မိသားစုဇာတ်လမ်း လေးပါ။ အားသစ်နဲ့ကျတော့ ဒီ ဇာတ်ကားမှ မဟုတ်ဘူး။ ဗီဒီယို ဇာတ်ကားတွေမှာလည်း ဆုံဖူးတဲ့ အခါကျတော့ မောင်နှမတွေလိုကို ဖြစ်နေပြီ။ ဝမ်းဝမ်းလေးဇာတ်ကား ရိုက်တုန်းကတော့ အားသစ်က ငယ်သေးတယ်။ အခုကျတော့ သုံး လေးနှစ်လောက်ကြာပြီဆိုတော့ အ ခု အားသစ်က ပိုပြီးတော့ထွားလာ တယ်ပြောရမယ်။ အားသစ်က က လေးသရုပ်ဆောင်ကနေ ဒီနယ်ပယ် မှာ ရပ်တည်လာတဲ့သူဆိုတော့ သူ့ ကိုသင်ပေးတာမျိုး မရှိဘူး'' 

NN

Rate this item
(0 votes)
YMG

back to top