HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အရီနာဂရန်ဒီက ဂရမ်မီပွဲစီစဉ်သူများမှာ ဖန်တီးမှုကို  ဖိနှိပ်ပိတ်ပင်သည်ဟု စွပ်စွဲ

အရီနာဂရန်ဒီက ဂရမ်မီပွဲစီစဉ်သူများမှာ ဖန်တီးမှုကို  ဖိနှိပ်ပိတ်ပင်သည်ဟု စွပ်စွဲ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၉ - ကမ္ဘာကျော်ပေါ့ပ်အဆိုတော် အရီနာဂရန်ဒီက ဖေဖော်ဝါရီ ၁ဝ ရက်မှာကျင်းပမယ့် ဂရမ်မီဂီတဆုပေးပွဲမှာ သီဆိုဖျော်ဖြေဖို့ လက်ခံ ထားပေမယ့် သူမရဲ့ ကိုယ်ပိုင်ဖန်တီးမှုများဖြင့် ဖျော်ဖြေမှု အတွက် ဂရမ်မီ၌ စီစဉ်သူတွေက ဖိနှိပ်ပိတ်ပင်နေတယ် လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အသက်(၂၅)နှစ်ရှိပြီဖြစ်တဲ့ အာရီနာက ဒီ ကိစ္စကြောင့် လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်မယ့် ဂရမ်မီပွဲမှာ သီချင်းတစ်ပုဒ်နဲ့သာ ဖျော်ဖြေ တော့မယ်လို့လည်း ဆိုပါတယ်။
အရီနာအနေနဲ့ ဒီကိစ္စကို ယခု အပတ်အစောပိုင်းကတည်းက ပွဲစီစဉ် သူတွေနဲ့ အငြင်းအခုံဖြစ်ခဲ့ရပေ မယ့် ပရိသတ်ကို မပြောဘဲနေခဲ့ ပါတယ်။
ယခုတော့ သူမအနေနဲ့ နှုတ်ဆိတ် မနေတော့ဘဲ ထုတ်ဖော်ပြောကြားခဲ့တာ ပါ။ အစကတော့ သူမဟာ သီချင်းသုံးပုဒ် ကို မတူညီတဲ့ ပါဖောမန့်တွေနဲ့ ဖျော်ဖြေဖို့ စီစဉ်ခဲ့ပေမယ့် ယခုလို အငြင်းအခုံဖြစ်ခဲ့ပြီး နောက်မှာတော့ သီချင်းတစ်ပုဒ်နဲ့ပဲ ဖျော်ဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဂရမ်မီပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့  Ken Ehrlich ရဲ့ အင် တာဗျူးမှာတော့ အရီနာဂရန်ဒီအနေနဲ့ အတူတစ်ကွ ညှိနှိုင်းလုပ် ဆောင်ဖို့ အချိန်အလုံအလောက်ရကြောင်း၊ ဒီအတွက် အချိန် မဆွဲဘဲ ပူးပေါင်းလုပ်ဆောင်ဖို့သာလိုကြောင်း ဖြေထားပါတယ်။ အရီနာဂရန်ဒီကတော့ သူမရဲ့ တွစ်တာမှာ ''ကျွန်မက မတူညီ တဲ့သီချင်းသုံးပုဒ်ရွေးထားပါတယ်။ ဒါတွေက အနုပညာနဲ့ ရိုးသား မှုပါ။ နိုင်ငံရေးမပါပါဘူး''လို့ ရေးသားခဲ့ပါတယ်။ 

Rate this item
(0 votes)
YMG

back to top