HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ကိုယ်ပိုင်သီချင်းဆိုရတာ ပိုလွတ်လပ်တယ်'' ပွင့်

''ကိုယ်ပိုင်သီချင်းဆိုရတာ  ပိုလွတ်လပ်တယ်'' ပွင့်

နယ်ဖျော်ဖြေပွဲတွေမှာ လိုက်လံသီဆိုဖျော်ဖြေတဲ့အခါ ကိုယ်ပိုင် သီချင်းတွေအပြင် တခြားအဆိုတော်တွေရဲ့ သီချင်းတွေကိုလည်း ဆိုချင်နေသေးတာကြောင့် သီဆိုဖြစ်နေပါတယ်လို့ အဆိုတော်၊ သရုပ်ဆောင် ပွင့်က ပြောပါတယ်။

''အခုကတော့ ပွဲရာသီဆိုတော့ နယ်ပွဲတွေမှာ သီချင်းတွေဆို ဖြစ်နေပါတယ်။ အခုနောက်ပိုင်း နယ်ပွဲတွေသွားဆိုတဲ့အခါမှာ ကိုယ့် အခွေလည်း ထွက်ခဲ့ပြီးပြီဆိုတော့ ကိုယ့်အခွေထဲက သီချင်းလေးတွေ ပဲဆို ဖြစ်တာများပါတယ်။ ကိုယ့်စီနီယာတွေရဲ့ သီချင်းတွေကိုလည်း မဆိုဘဲမနေနိုင်ပါဘူး။ ကိုယ်ပိုင်သီချင်းမရှိခင်ကလည်း ကိုယ့် စီနီယာအစ်မတွေ ညီမတွေရဲ့သီချင်းတွေကို ဆိုခဲ့တာဆိုတော့ အခုလည်း ဆိုနေဆဲပါပဲ''လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရှစ်လခန့်က ''ဘေဘီပွင့်'' ဆိုတဲ့ တစ်ကိုယ် တော်အခွေကို ထွက်ရှိခဲ့တဲ့ပွင့်ဟာ ကိုယ်ပိုင်သံစဉ်သီချင်းကို သီဆိုရတာ ပိုပြီးလွတ်လပ်တယ်လို့လည်း ဆိုပါတယ်။

''ကိုယ့်သီချင်းကို ဆိုရတာတော့ ပိုပြီးတော့ လွတ်လပ် တယ်လို့ ခံစားရပါတယ်။ သူများသီချင်း ဆိုရတာကကျတော့ တစ်ယောက် နဲ့တစ်ယောက် မူချင်းမတူတာကြောင့် လည်း ပါပါတယ်။ ကိုယ့်သီချင်းကကျတော့ မူရင်းလည်း ကိုယ်ပဲဆို တယ်။ ကိုယ်ပိုင်သံစဉ်လည်း ဖြစ်တယ်ဆိုတော့ ဆိုရတာ ပိုလွတ်လပ်ပါတယ်။ တစ်ကိုယ်တော်အခွေထွက်ခဲ့တာ အခုဆိုရင် ရှစ်လ လောက်ရှိပါပြီ။ ကိုယ့်အခွေကို ပရိ သတ်တွေ အားပေးကြတာက ထင်မှတ်ထားတာထက် ကို ပိုပြီးအားပေးကြတာကြောင့် အရမ်းပျော်ရ ပါတယ်''လို့ ပြောပါတယ်။

ပွင့်က ဆက်လက်ပြီး ''နောက်ထပ် လည်း သီချင်းတွေဆက်လုပ်ဖြစ်ဦးမှာ ပါ။ အချိန်တော့ ထပ်ယူဦးမယ်။ ဘာကြောင့်လဲဆိုတော့ အခုပထမ အခွေကိုတောင် မသိသေးတဲ့ အချို့ ပရိသတ်တွေလည်း ရှိပါတယ်။ မသိ သေးတာတွေကို သိအောင်လုပ်မယ်။ နောက်တစ်ခွေထပ်လုပ်လိုက်ရင် ပရိ သတ်တွေက ဘယ်အခွေကိုအားပေး ရမှန်းမသိ ဖြစ်သွားနိုင်ပါတယ်။ ပွဲ တွေမှာ ထွက်ပြီးသား သီချင်းတွေကို များများဆိုသွားမယ်။ နောက်ပိုင်းမှာ တော့ သီချင်းအသစ်လေးတွေ ထပ် လုပ်သွားမှာပါ'' လို့ ပြောပြခဲ့ပါ တယ်။

Rate this item
(0 votes)
YMG

back to top