HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ချစ်ခြင်းကို မခွဲပါနဲ့'' ရုပ်ရှင်ဇာတ်ကားကြီး မကြာမီရုံတင်မည်

''ချစ်ခြင်းကို မခွဲပါနဲ့'' ရုပ်ရှင်ဇာတ်ကားကြီး မကြာမီရုံတင်မည်

ဒရာမာ၊ဟာသ ဇာတ်ကား ကြီးဖြစ်သော''ချစ်ခြင်းကို မခွဲပါ နဲ့'' ရုပ်ရှင်ဇာတ်ကားကြီးကို ဖေ ဖော်ဝါရီ ၁၆ ရက်မှစတင်ကာ ရုံတင်ပြသတော့မည်ဖြစ်ကြောင်း သိရသည်။

'ချစ်ခြင်းကိုမခွဲပါနဲ့' ရုပ်ရှင် ဇာတ်ကားကြီးသည် ဘဝသရုပ် ဖော်မိဘမေတ္တာဘွဲ့ဒရာမာ၊ ဟာ သဇာတ်လမ်းအမျိုးအစားဖြစ် ကြောင်း သိရသည်။

''ကျွန်တော်ရဲ့ဇာတ်ကားကြီး နှစ်ကားစလုံး တစ်ပြိုင်နက်တည်း ရုံတင်ပြသမှာဆိုတော့ နည်းနည်း တော့ ရင်ခုန်တယ်။ 'ချစ်ခြင်းကို မခွဲပါနဲ့'ရုပ်ရှင်ဇာတ်ကားကြီးကျ တော့ ကျွန်တော့်ဇာတ်ဝင်ခန်းက နည်းတယ်။ ဒါပေမဲ့ နှစ်ကားက တစ်ကားနဲ့တစ်ကားဇာတ်လမ်းက မတူဘူး။ တစ်ကားကဟာသဇာတ် ကားနောက်တစ်ကားကဒရာမာ ဇာတ်လမ်းပါ''ဟု သရုပ်ဆောင် အားသစ်က ပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားကြီး ကို ဒါရိုက်တာ ရွှေပြည်ကတုံးမှ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် ရန်အောင်၊ အားသစ်၊ထွန်းအိန္ဒြာဗို၊အိချောပို၊ နဒီဝင့်နိုင်တို့မှ အဓိ က ပါဝင်သရုပ်ဆောင်ထားသည်။

'ချစ်ခြင်းကိုမခွဲပါနဲ့' ရုပ်ရှင် ဇာတ်ကားကြီးသည် သားတစ် ယောက်အပေါ်ထားရှိသော မိဘ မေတ္တာတရား၊ မိဘအပေါ်သိတတ် လိမ္မာသည့်သားတစ်ယောက်အ ကြောင်းနှင့် ၅၂၈ မေတ္တာတရား အပေါ် တန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးထား ခြင်းဖြစ်သည်။

Rate this item
(0 votes)
YMG

back to top