ချစ်သုဝေ၏ ''ကတိ'' တစ်ကိုယ်တော် Album မိတ်ဆက်

ငါးနှစ်ကျော်ကြာ အချိန်ယူပြင်ဆင်ခဲ့ရသော အဆိုတော် ချစ်သုဝေ၏ ''ကတိ'' တစ်ကိုယ်တော် Album ကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း တစ်ကိုယ်တော်အယ်လ်ဘမ်မိတ်ဆက်ပွဲကို ဖေဖော် ဝါရီ ၁ဝ ရက်က မြန်မာပလာဇာ Hard Rock Bar တွင် ပြုလုပ်ခဲ့သည်။
အဆိုတော် ချစ်သုဝေက 'ဒီ အခွေလေးက ထရီဇာရဲ့ ဒုတိယတစ်ကိုယ်တော်အခွေလေးဖြစ်ပါတယ်။ ပထမအခွေနဲ့ ရှစ်နှစ်ကျော် ကြာပါတယ်။ ဒီအခွေလေးကိုလုပ်နေ တဲ့အချိန်မှာ ထရီဇာ ကိုယ်ဝန်ရှိပါတယ်။ အခွေလုပ် ရင်းလည်း ဆက်မလုပ်ချင်တော့တဲ့စိတ်တွေလည်း ဖြစ်ခဲ့ ဖူးပါတယ်။ ဒီအခွေလေးကို ချစ်သူများနေ့မှထွက်ရတာ က ချစ်သူများနေ့ဆိုတာ အချစ်တွေစုံတဲ့နေ့ ထရီဇာ ချစ်တဲ့ ပရိသတ်တွေကို ချစ်တဲ့သီချင်းလေးတွေကို ပေးချင်တာကြောင့် ချစ်သူများနေ့မှ ထွက်ဖြစ်တာဖြစ် ပါတယ်'ဟု ပြောသည်။
''ကတိ'' တစ်ကိုယ်တော်အခွေတွင် သီချင်းပုဒ်ရေ ၁ဝ ပုဒ် ပါဝင်ပြီး တေးရေးဆရာများအဖြစ် ဇဝါ၊ ဝေလ၊ စံပီး၊ နေဝါ၊ လင်းလင်းတို့က ပါဝင်ရေးသားထားကြောင်း သိရသည်။
အဆိုတော် ချစ်သုဝေ၏ 'ကတိ' Album စာနယ်ဇင်း မိတ်ဆက်ပွဲသို့ အနုပညာ ညီအစ်ကို မောင်နှမများစွာ တက် ရောက်ခဲ့ကြပြီး အဆိုတော် ဇော်ပိုင်၊ ဟဲလေး၊ ကော်နီ၊ မီမီဝင်းဖေ၊ ယုဇန၊ ခင်ဘုဏ်း၊ ချစ်သုဝေ၊ လင်းလင်းတို့က သီဆိုဖျော်ဖြေခဲ့ကြ ကြောင်း သိရသည်။
Latest from YMG
- 'ဒီဇာတ်ကားကနေတစ်ဆင့် ကျွန်မတို့က တံခါးတစ်ပေါက်ကို ဖွင့်ပြီးတော့ ကမ္ဘာကိုလှမ်းကြည့်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်' ဒေါ်ဆွေဇင်ထိုက်
- ဇနီးဖြစ်သူမသိအောင် အသားအရေအစိုဓာတ်ထိန်း ဘူးတွေကို ခိုးလေ့ရှိတဲ့ ရိုင်ယန်ရေးနိုးစ်
- သမိုင်းနောက်ခံဒရာမာမှာ ပါဝင်လာမယ့် မင်းသမီး ရှင်ဆဲဂျောင်း
- နည်းပြအဖြစ် လီဂူးတွင် လုပ်ကိုင်ဖွယ်ရှိကြောင်း မော်ရင်ဟိုဆို
- ဗန်ဒစ်မပါဝင်နိုင်သော်လည်း စိုးရိမ်ရန်မလိုကြောင်း အလစ်ဆန်ပြောဆို၊ မိမိ၏အတွေ့အကြုံများဖြင့် ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ရှိဟု ကီတာကြုံးဝါး