HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ဇာတိမြေ' ရုပ်ရှင်ဇာတ်ကားကြီးကို လေယာဉ်ပေါ်တွင် စတင်ပြသခွင့်ရရှိ

'ဇာတိမြေ' ရုပ်ရှင်ဇာတ်ကားကြီးကို လေယာဉ်ပေါ်တွင် စတင်ပြသခွင့်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအနေဖြင့် 'ဇာတိမြေ'ရုပ်ရှင်ဇာတ်ကားကြီးကို လေယာဉ်ပေါ်တွင် စတင်ပြသ ခွင့်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာရုပ်ရှင်ဇာတ်ကားများကို လေကြောင်းလိုင်းများတွင် ပြသခွင့်မရရှိခဲ့ဘဲ ယခုဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးသည် ပထမဦးဆုံး အနေဖြင့် All Nippon Airways (ANA)  လေကြောင်းလိုင်းတွင် ပြသခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

''ဇာတိမြေဇာတ်ကားက စရိုက်ကတည်းက ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးခဲ့တာပါ။ မြန်မာရုပ်ရှင်က လေယာဉ်ပေါ်မှာ တစ်ခါမှ ပြသခွင့်မရခဲ့ပါဘူး။ ဒီဇာတ်ကားက ပထမဦးဆုံးအကြိမ်ပါပဲ။ အမေရိကန်မှာသွားပြပြီးပြန်လာတဲ့အချိန်မှာ နိုင်ငံတကာက လက်ခံတဲ့ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး လေယာဉ်ပေါ်မှာ ပြသခွင့်ရမှာဆိုတော့ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးသူတစ် ယောက်အနေနဲ့ ကျေနပ်မှုတစ်ခုတော့ရပါတယ်။ လေယာဉ်စီးသွား ရင်းနဲ့ နိုင်ငံခြားရုပ်ရှင်ကြည့်သွားရသလိုပဲ ဇာတိမြေဇာတ်ကားကိုလည်း ကြည့်ရှုခွင့်ရမှာပါ''ဟု ရွှေသံလွင်မီဒီယာမှ mntv (Myanmar National TV) ဥက္ကဋ္ဌ အကယ်ဒမီဒေါ်နန်းမောက်လောဝ်ဆိုင်(ခ)မမီးက ပြောသည်။


'ဇာတိမြေ ' ရုပ်ရှင်ဇာတ်ကားကြီးကို ANA လေကြောင်းလိုင်း အပြင် တခြားသောလေကြောင်းလိုင်းများမှလည်း ပြသရန်အတွက် ကမ်းလှမ်းထားပြီး သေချာအတိအကျသိရှိရပါက ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ကြောင်းသိရသည်။ 'ဇာတိမြေ'ရုပ်ရှင်ဇာတ်ကားသည် ၈၈ အရေးအခင်းအဖြစ်အပျက်များကိုအခြေခံကာ မြန်မာလူမျိုးများ ဂျပန်နိုင်ငံသို့သွားရောက် နေထိုင်ရာတွင် ဖြစ်ပေါ်လာသော အခြေအနေများ၊ လူငယ်တစ်ယောက်၏ဘဝအိပ်မက်ကို အကောင်အထည်ဖော်ရန် ကြိုးစားရာမှဖြစ်ပေါ်လာသော အခက်အခဲများအစရှိသည့်တို့ကို အခြေခံကာ ရိုက်ကူးထား ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည် ရေးကိုဦးတည်၍ MNTV ရုပ်သံလိုင်းနှင့် JIB (Japan Intern- ational Broadcasting Inc.) တို့မှ ပူးပေါင်းရိုက်ကူးခြင်းဖြစ်ပြီး မြန်မာ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ရိုက်ကူးပုံဖော်ခြင်းဖြစ်ကြောင်း သိရသည်။

NN

#democracytoday

Rate this item
(0 votes)
back to top