HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

၁ဝ ရက်အတွင်း ဝင်ငွေဒေါ်လာသန်း ၄၄ဝ ရှိထားတဲ့ တရုတ်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် The Wandering Earth

ပေကျင်း ဖေဖော်ဝါရီ ၁၄ - တရုတ်နိုင်ငံ၏ ပထမဆုံးသိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် The Wandering Earth သည် ရုံတင်ပြီး ၁ဝရက်အတွင်း ရုံဝင်ငွေ ဒေါ်လာ ၄၄၃ သန်းရရှိ ထားပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ထွက်ရှိသည့် ရုပ်ရှင်များထဲတွင် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာ ခဲ့ကြောင်း သိရသည်။

စာရေးဆရာ လျူရှီရှင် ရေးသားထားသည့် ဇာတ်လမ်းကို ဇာတ်အိမ်တည် ထားသည့် ယင်းရုပ်ရှင်သည် မတည်ငြိမ်သော နေပတ်လမ်းကြောင်းမှ ကမ္ဘာကြီးကို ကယ်တင်ရန် ကြိုးပမ်းကြသည့် တရုတ်အာကာသယာဉ်မှူးအဖွဲ့တစ်ခုအကြောင်း ဖြစ်သည်။ တရုတ်နှစ်သစ်ကူး ပထမဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီ ၅ရက်တွင် ရုံတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်အခြေစိုက်ရုပ်ရှင်လေ့လာရေးအဖွဲ့ Alibaba Pictures ၏ လေ့လာသူတစ်ဦးက ''တရုတ် ပြည်သူတွေ အများစုမမြင်ဖူးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါကြောင့် လူတွေက ကြိုက်နှစ်သက်ကြတာပါ''ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ တွစ်တာပုံစံ Weibo လူမှု ကွန်ရက်မီဒီယာတွင် ယင်းရုပ်ရှင်၏ လက်မှတ်ရောင်း အားသည် ကိုးရက်နှင့် ၁၆နာရီအတွင်း Wolf Warrior 2 ရုပ်ရှင်တင်ထားခဲ့သည့် စံချိန်ကို ချိုး ဖောက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။ လွန်ခဲ့ သောနှစ်တွင် ရုံတင်ခဲ့သည့် Wolf Warrior 2 ရုပ်ရှင်သည် ဝင်ငွေ ယွမ် ၅ ဒသမ ၇ ဘီလီယံ ရရှိခဲ့ပြီး ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။

လေ့လာသူများက The Wandering Earth ရုပ်ရှင်သည် ယွမ် ၅ ဘီလီယံ ရရှိနိုင်သည်ဟု ခန့်မှန်းထားခဲ့ကြသည်။ လွန်ခဲ့သော နှစ်တွင် တရုတ်နိုင်ငံတွင်း၌ ရုံဝင်ငွေသည် ယွမ် ငွေ ၆၁ ဘီလီယံအထိ မြင့်တက်လာခဲ့ သည်။

အစိုးရကလည်း ရုပ်ရှင် လုပ်ငန်းအတွင်းမှ အခွန်ရှောင် မှုများကို နှိမ်နှင်းနေပြီး အချက် အလက်များအပေါ် စည်းကမ်း တင်းကျပ်မှုများကို ပြုလုပ်လျက် ရှိသည်။

Ref: Reuters

Rate this item
(0 votes)
YMG

back to top