HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'မနောမြေမှ ကျောက်စိမ်းကမ္ဘာ'ရုပ်ရှင်သရုပ်ဆောင် ဂျာဆိုင်းအိန်နှင့် တွေ့ဆုံခြင်း

'မနောမြေမှ ကျောက်စိမ်းကမ္ဘာ'ရုပ်ရှင်သရုပ်ဆောင် ဂျာဆိုင်းအိန်နှင့် တွေ့ဆုံခြင်း

''ကျောက်စိမ်းမြို့တော် ဖားကန့်မြို့ရဲ့ အခြေအနေ အခက်အခဲတွေ၊  ညီမတို့ ကချင်ပြည်နယ်ရဲ့ အလှအပ တောတောင်ရှုခင်းတွေ၊ တိုင်းရင်းသူ တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံတွေ ကြိုးစားပုံတွေကို ချပြထားတာ''

 ကချင်ပြည်နယ်သို့ လာရောက်ကာ ကျောက်တူးဖော်ခြင်းအလုပ်ကိုလုပ်ကိုင်နေကြသည့် ကျောက်တူးသမားများ၏ ဘဝဖြစ်ရပ်မှန်ဇာတ်လမ်းကိုပုံဖော်ရိုက်ကူးထားပြီး ကချင်တိုင်းရင်းသား များစွာပါဝင်သရုပ်ဆောင်ထားသော'မနောမြေမှ ကျောက်စိမ်းကမ္ဘာ' ရုပ်ရှင် ဇာတ်ကား တွင် ပါဝင် သရုပ်ဆောင်ထားသော တက်သစ်စသရုပ်ဆောင် ဂျာဆိုင်းအိန်နှင့်ခဏတာတွေ့ဆုံခိုက်..။

မေး-'မနောမြေက ကျောက်စိမ်းကမ္ဘာ' ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ဖြစ်တာနဲ့ပတ်သက်ပြီး တော့ ပြောပြပေးပါဦး။
ဖြေ-ညီမက ဒီဇာတ်ကားမှာ ပါဝင်ဖြစ်တာက ဒီဇာတ်ကားရဲ့ဒါရိုက်တာလည်းဖြစ်၊ မင်းသားလည်း ဖြစ်တဲ့ JZ ဒေါင်းလွဏ်းနဲ့ Moon Myanmar ထုတ်လုပ်ရေးကနေပြီးတော့ ညီမကိုယုံကြည်စိတ်ချစွာနဲ့ ဒီဇာတ်ကားမှာ ပါဝင်ဖို့အတွက် ကမ်းလှမ်းလာတဲ့အတွက် ပါဝင်ရိုက်ကူးဖြစ်တာပါ။

မေး-ဒီဇာတ်ကားလေးက ကချင်ပြည်နယ်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဆိုတော့ ကချင် တိုင်းရင်းသူတစ်ယောက်အနေနဲ့ ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အပေါ်မှာ ခံစားချက်က ဘယ်လို ရှိမလဲ။
ဖြေ-ဒီဇာတ်ကားလေးကဆိုရင် ညီမတို့ ကချင်ပြည်နယ်မှာရှိနေတဲ့ ညီမတို့ရဲ့ ကျောက်စိမ်းမြို့တော် ဖားကန့်မြို့ရဲ့ အခြေအနေအခက်အခဲတွေ၊ ညီမတို့ ကချင်ပြည်နယ်ရဲ့ အလှအပတောတောင် ရှုခင်းတွေ၊ တိုင်းရင်းသူတိုင်းရင်းသားတွေရဲ့နေထိုင်ပုံတွေ၊ ကြိုးစားပုံတွေ ကို ချပြထားတာဖြစ် တဲ့အတွက် ကချင်ပြည်နယ်အကြောင်းကို မသိသေးတဲ့ မြန်မာနိုင်ငံတစ်ဝန်းကလူတွေ အားလုံးက သိရှိသွားမယ်လို့ထင်တဲ့အတွက် ညီမကတော့ ဒီဇာတ်ကားမှာပါဝင်ခွင့်ရတာကို အရမ်းကိုကျေနပ် တယ်။

မေး-ဒီဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ။
ဖြေ-ဒီဇာတ်ကားက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကထဲက ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်တဲ့အတွက် အဲဒီဇာတ်ကားထဲမှာဆိုရင် ညီမကအသက်လည်းငယ်သေးတယ်။ အခက်အခဲ တွေလည်း အများကြီးကို ကြုံခဲ့ရတယ်။ အကြီးမားဆုံးအခက်အခဲကတော့ ညီမက ရုပ်ရှင် ဇာတ်ကားရိုက်ကူးတာနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံက လုံးဝမရှိသေးတဲ့အခြေအနေ မျိုးမှာ ရိုက်ကူးရတဲ့အတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်။ ညီမက အိမ်နဲ့ တစ်ခါမှခွဲပြီးတော့ အပြင်ကိုညအိပ်ညနေမသွားဘူးတဲ့အခါကျတော့ ရိုက်ကူးရေးလုပ်တဲ့ အချိန်မှာ အိမ်နဲ့ခွဲပြီးတော့ ဖားကန့်ပေါ်မှာ နှစ်လလောက်သွားနေရတာဆိုတော့ အိမ်ကို လွမ်းတဲ့ဒဏ်ကိုခံရတယ်။ ဖားကန့်မှာက ရာသီဥတုကြမ်းတမ်းတယ်။ ဘာမှကိုမရှိဘူး။ ညီမတို့ ရိုက်ကူးရေးလုပ်ဖို့အတွက်ကို မနက်ဆိုရင် အစောကြီးထပြီးတော့ ရိုက်ကူးရေးလုပ်ရတယ်။ ရိုက်ကူးရေးကာလတစ်လျှောက်လုံးမှာ အားလုံးတကယ်ကိုပင်ပန်းခဲ့တယ်။

မေး-ဒီဇာတ်ကားလေးက ကြည့်ရှုတဲ့ပရိသတ်တွေအတွက် ဘယ်လိုရသမျိုးရမယ်လို့ထင်လဲ။
ဖြေ- ဒီဇာတ်ကားက တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ တကယ်ကိုရင်ဆိုင်နေရတဲ့အခြေအနေမျိုး ကို ရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ဒီဇာတ်ကားကိုကြည့်တဲ့သူတိုင်း ခံစားချက်တစ်ခုခုတော့ ပြန်ပြီး တော့ ခံစားရမယ်လို့ထင်ပါတယ်။

Rate this item
(0 votes)
YMG

back to top