HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'မုန်းစွဲ'ရုပ်ရှင်ဇာတ်ကားကြီး နှစ်လကျော်ကြာသည့်တိုင် ရုံတင်နေရဆဲဖြစ်

'မုန်းစွဲ'ရုပ်ရှင်ဇာတ်ကားကြီး နှစ်လကျော်ကြာသည့်တိုင် ရုံတင်နေရဆဲဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ - ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးကို နှစ်လကျော်ကြာမြင့်သည့်အချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့များတွင် ဆက်လက်ရုံတင်ပြသနေရဆဲဖြစ်ကြောင်း သိရ သည်။

ယခုအခါတွင် လွိုင်ကော်မြို့ရှိ ပရိသတ်များ၏ တောင်း ဆိုမှုကြောင့် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာ လွိုင်ကော်မြို့ မြို့နယ်ခန်းမတွင် ပြသသွားရမည်ဖြစ်ကြောင်း သိရသည်။

''ထုတ်လုပ်သူတစ်ယောက်အနေနဲ့တော့ အရမ်းကိုကျေ နပ်တာပေါ့ဗျာ။ ပရိသတ်တွေရဲ့အားပေးမှုက မထင်မှတ်ထား လောက်အောင်ကို တုံ့ပြန်မှုကကောင်းခဲ့ပါတယ်။ အခုလည်း လွိုင်ကော်မြို့မှာ ပြသဖို့အတွက် တောင်းဆိုနေတာကြောင့် ပြသဖို့အတွက် စီစဉ်ထားပါတယ်။ ပရိသတ်တွေရဲ့ကျေးဇူးနဲ့ ဒီနေ့အထိ တချို့မြို့နယ်တွေမှာ ရုံတင်ပြသခွင့်ရနေသေးတဲ့အ တွက် ကျွန်တော်တို့ဘက်က ကျေးဇူးတင်ပါတယ်''ဟု ပြညေ-ာမေ နြိငေ ၇ ဃသ.ယူအိ မှ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြောသည်။

''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသ ခဲ့ပြီး ယင်းနောက်တွင် မြို့နယ်များအလိုက် ဆက်တိုက်ရုံ တင်ပြသလျက်ရှိနေသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်သည်။

''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သြရသမှ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် နေတိုး၊ မင်းသွေး၊ ကျော် ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း အစရှိသော အနု ပညာရှင်များစွာမှ ပါဝင်သရုပ်ဆောင်ထားသည်။

Rate this item
(0 votes)
YMG

back to top