HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

သမိုင်းနောက်ခံဒရာမာမှာ ပါဝင်လာမယ့် မင်းသမီး ရှင်ဆဲဂျောင်း

သမိုင်းနောက်ခံဒရာမာမှာ ပါဝင်လာမယ့် မင်းသမီး ရှင်ဆဲဂျောင်း

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၈ - ကိုရီးယားမင်းသမီး ရှင်ဆဲဂျောင်းသည် ၎င်းအတွက် နောက်ထပ်ပရောဂျက်တစ်ခုကို လက်ခံလိုက်ပြီဖြစ်သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင်ထွက်ပေါ်လာသော သတင်းများ၏အဆိုအရ MBC ရုပ်သံလိုင်း၏ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တို့တွင် ထုတ်လွှင့်မည့် Rookie Historian Goo Hae Ryung အမည်ရှိ ဒရာမာတွင် မင်းသမီးရှင်ဆဲဂျောင်းက အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဒရာမာသည် သမိုင်းဝင်စာရေးနည်း စတင်ခဲ့သည့် ၁၉ ရာစုနှစ်က အမျိုးသမီးတစ်ဦးအ ကြောင်းကို ဇာတ်အိမ်တည်ထားသည်။ ရှင်ဆဲဂျောင်းက နန်းတော်သမိုင်းဌာနတွင် အလုပ်သင်ဖြစ်လာမည့် ဂိုဟယ်ရောင်းအဖြစ် ပါဝင်မည်ဖြစ်သည်။ ကွန်ဖျူးရှပ် အယူဝါဒများ လွှမ်းမိုးနေခဲ့သည့် ဂျိုဆွန်းခေတ်သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သူအဖြစ် ပါဝင်လာမည်ဖြစ်သည်။ သမိုင်းပညာရှင်တစ်ဦးအနေဖြင့် တာဝန်များ ကို ဖြည့်စွမ်းမည်ဖြစ်သလို လူတိုင်းသည် သာတူညီမျှမှုရှိကြောင်း ကမ္ဘာကြီးကို သက်သေပြမည့်သူလည်းဖြစ် သည်။

ထိုမိန်းကလေးသည် မင်းသားတစ်ပါးဖြစ်သည့် ရီရင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့ရသည်။ ယင်းမင်းသားနေရာတွင် ASTRO အဖွဲ့ ချာအွန်းဝူက ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း သိရသည်။ မင်းသမီး ရှင်ဆဲဂျောင်းက ''ဇာတ်ညွှန်းက တော်တော်လေး ကိုကောင်းပါတယ်။ ဒါကြောင့် ဖတ်နေတုန်းမှာပဲ ကျွန်မက တော် တော်လေးကို ပျော်ခဲ့ရပါတယ်။ အဲဒီဒရာမာဟာ အထူးသဖြင့် ကျွန်မစိတ်ဝင်စားရတဲ့ အမျိုးသမီးသမိုင်းပညာရှင်တွေအကြောင်းပါ'' ဟုပြောကြားခဲ့သည်။ Rookie Historian Goo Hae Ryung ဇာတ်လမ်းတွဲကို ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြသနိုင်ရန် စီစဉ်ထား သည်။

Rate this item
(0 votes)
YMG

back to top