HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဇနီးဖြစ်သူမသိအောင် အသားအရေအစိုဓာတ်ထိန်း ဘူးတွေကို ခိုးလေ့ရှိတဲ့ ရိုင်ယန်ရေးနိုးစ်

ဇနီးဖြစ်သူမသိအောင် အသားအရေအစိုဓာတ်ထိန်း ဘူးတွေကို ခိုးလေ့ရှိတဲ့ ရိုင်ယန်ရေးနိုးစ်

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၈ - မင်းသားရိုင်ယန်ရေးနိုးစ်သည် ၎င်း၏ဇနီးသည် မင်းသမီး ဘလိတ် လစ်ဗလီထံမှ အသားအရေအစို ဓာတ်ထိန်းဘူးများကို ခိုးယူလေ့ရှိ ကြောင်း ပြောကြားခဲ့သည်။

အသက်(၄၂)နှစ်အရွယ် မင်းသားက ဇနီးဖြစ်သူ၏ အံဆွဲဆီသို့ သွားခဲ့ပြီး ၎င်း၏ အသားအရေကို ရေဓာတ်ဖြည့်ပေးရန် ရနိုင်သမျှ အစိုဓာတ်ထိန်းဘူးများကို ခိုးယူလေ့ရှိ သည်ဟုဆိုသည်။

က ''ဆောင်းရာသီလိုနေ့မျိုး လေးမှာ တစ်ခါတလေဆိုရင် အံဆွဲ ထဲမှာရှိတဲ့ ကျွန်တော့်ဇနီးရဲ့ ပစ္စည်း တွေကိုခိုးပါတယ်။ ဘာတွေလဲတော့ သေချာမသိပေမယ့် အစိုဓာတ်ထိန်း ဘူးဆိုရင်တော့ သေချာပေါက်ခိုးပါတယ်''ဟု Vogue မဂ္ဂဇင်းကို ပြော ကြားခဲ့သည်။

စူပါဟီးရိုးရုပ်ရှင် Deadpool တွင်ပါဝင်ထားသည့် မင်းသားရိုင်ယန်က ''အထူးပြုလုပ်ချက်မိတ်ကပ်များကြောင့် မျက်နှာအသားအရေ ဆိုးဆိုးရွားရွားပျက်စီးရပြီး ဗီတာမင် စီ၊ အီး၊ ဒီ၊ အေနှင့် ပန်သနောတို့ပါ ဝင်သော သတ္တုဓာတ်တို့ကို အသားအရေကိုဖြည့်တင်းရန် ဒေါ်လာ ၃ဝ တန်ဘူးကို အသုံးပြုရကြောင်း''ဟု ပြောဆိုခဲ့သည်။

မင်းသားက ''သူတို့လိမ်းပြီဆိုတာနဲ့ မျက်နှာကို ပျက်စီးစေပါတယ်။ ဒါကြောင့် ခေါင်းဆောင်အနုပညာရှင်တွေက ကျွန်တော့်ကို ဘာတွေပဲလုပ်ခိုင်းတာပဲဖြစ်ဖြစ် လောင်ကျွမ်းမှုတွေအတွက် ကျွန်တော်က အထူး အစိုဓာတ်ထိန်းဘူးတွေကို အသုံးပြု ပါတယ်''ဟု ဆိုသည်။

ကလေးနှစ်ဦး၏ဖခင် မင်းသား ရိုင်ယန်က ကလေးများ အိပ်နေရင်း ဟောက်နေချိန်တွင် အချိန်ရှစ်နာရီ ကြာ အိပ်စက်နိုင်ရန် ကြိုးစားရ ကြောင်းလည်း ပြောဆိုထားသည်။

Rate this item
(0 votes)
YMG

back to top