HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ဒီဇာတ်ကားကနေတစ်ဆင့် ကျွန်မတို့က တံခါးတစ်ပေါက်ကို ဖွင့်ပြီးတော့ ကမ္ဘာကိုလှမ်းကြည့်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်' ဒေါ်ဆွေဇင်ထိုက်

'ဒီဇာတ်ကားကနေတစ်ဆင့် ကျွန်မတို့က တံခါးတစ်ပေါက်ကို ဖွင့်ပြီးတော့ ကမ္ဘာကိုလှမ်းကြည့်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်' ဒေါ်ဆွေဇင်ထိုက်

Line Walker-2 ရုပ်ရှင်ဇာတ် ကား မြန်မာနိုင်ငံတွင် လာရောက် ရိုက်ကူးစဉ် စီစဉ်ဆောင်ရွက်ခဲ့သူ များအနက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ပေးခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီဒေါ်ဆွေ ဇင်ထိုက်နှင့်တွေ့ဆုံကာ ယင်းဇာတ် ကားရိုက်ကူးမှုကြောင့် ရရှိလာမည့် အကျိုးရလဒ်များနှင့်ပတ်သက်ပြီး ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- Line Walker ဇာတ်ကား က မြန်မာနိုင်ငံမှာ ဘယ်ဇာတ်ဝင်ခန်း တွေကို ရိုက်ကူးသွားမှာလဲ။
ဖြေ- Line Walker ကတော့ ပထမတစ်ကား ရိုက်ကူးပြီးသွားပါပြီ။ အခုက ဒုတိယတစ်ကား ထပ်ပြီးတော့ ရိုက်ကူးတာပါ။ Line Walker ဇာတ်ကားကြီးထဲကမှ Midnight Shadow ဆိုတဲ့အပိုင်းကို ရိုက်မှာပါ။ ဇာတ်ကားတစ်ကားစာလုံး မြန်မာနိုင်ငံမှာရိုက်တာ မဟုတ်ပါဘူး။ မြန်မာပြည်မှာဖြစ်နေတဲ့ အခန်းတချို့ရယ်၊ ဖိလစ်ပိုင်နိုင်ငံမှာရိုက်ရမယ့် ဇာတ်ဝင်ခန်းရယ်ကို ရန်ကုန်မြို့မှာ လာရိုက်တာပါ။ ကျွန်မတို့ မြန်မာ့ရုပ်ရှင်ဘက်မှာတော့ အလွယ်ဆုံးပေးနိုင်တာကတော့ ရိုက်ကွင်း ရိုက်ကွက်တွေပါပဲ။ အဲဒီရိုက်ကွင်း ရိုက်ကွက်တွေက Line Walker 2 ဇာတ်ကားမှာ တစ်ထောင့်တစ်နေ ရာစာ ပါဝင်သွားမှာပါ။

မေး- ဒီလိုမျိုး ထိုင်းနိုင်ငံက မြန်မာ နိုင်ငံမှာ ရုပ်ရှင်ဇာတ်ကား လာရိုက် တဲ့အတွက် နိုင်ငံတကာကို ဘယ် လိုအချက်အလက်တွေ ရသွားစေ မလဲ။
ဖြေ- မြန်မာနိုင်ငံရဲ့မူရင်း ရိုက်ကွင်း ရိုက်ကွက်တွေသာမကဘဲနဲ့ ဖိလစ် ပိုင်နိုင်ငံရဲ့ ရိုက်ကွင်းရိုက်ကွက် ပုံစံမျိုးပါ ပြုလုပ်ပြီးတော့ ရိုက်နိုင် တာဖြစ်တဲ့အတွက် ကျွန်မတို့ အာ ဆီယံနိုင်ငံတွေထဲကနေပြီးတော့ တခြားရိုက်လို့တဲသူတွေလည်း လာ ပြီးတော့ ရိုက်ကူးချင်ရင် ရိုက်ကူး နိုင်တယ်ဆိုတဲ့ သတင်းအချက် အလက်ကို ရသွားမှာပါ။

မေး- ထိုင်းနိုင်ငံက မြန်မာမှာ လာရောက် ရိုက်ကူးတဲ့ဇာတ်ကား ကြောင့်ရော ဘယ်လိုအကျိုးကျေး ဇူးတွေ ရလာနိုင်မလဲ။
ဖြေ- ဒီရုပ်ရှင်ရိုက်တာက အဆင့်ဆင့်ပေါ့နော်။ ကမ္ဘာထဲကို သိပ်သွားချင်တာပဲ ကျွန်မကလေ။ မြန်မာသိအောင်လို့လည်း လုပ်တာပေါ့ နော်။ ကိုယ့်အခြေအနေက ဘယ် လောက်ရှိလဲဆိုတာ။ အဲဒီကြား မှာရှိနေတဲ့ အဟပေါ့နော်။ အဲဒီ အဟကို ဖြည့်ချင်တယ်။ အလွယ် ကူဆုံးဖြေနိုင်တဲ့ နည်းကတော့ သူတို့ရဲ့ ရိုက်ကူး Production Service လို့ခေါ်တဲ့ Production ဖြစ် မြောက်ရန်အတွက် ဝန်ဆောင်မှု ပေးတာက ပထမအဆင့်လုပ် ဆောင်ရမှာပါ။ နောက်တော့မှ ပူးပေါင်းရိုက်တာမျိုးကို ဒုတိယ တစ်ဆင့်အနေနဲ့ သွားနိုင်အောင် ကျွန်မတို့ဘက်က လုပ်ရမှာပါ။နောက်ဆုံးကျတော့မှ ကျွန်မတို့ ကိုယ်တိုင်က ကမ္ဘာ့အဆင့်မီသွား နိုင်တဲ့ ဇာတ်ကားတွေကို ရိုက်ကူးရမှာပါ။ အဲဒီတော့ အဆင့်သုံးဆင့် မှာ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ ဒီ ဇာတ်ကား ရိုက်ကူးဖို့အတွက် ပံ့ပိုးကူညီပြီး ဝန်ဆောင်မှုပေးနိုင်တဲ့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တစ်ဦးအနေနဲ့ ရော မြန်မာ့ရုပ်ရှင်လောကသားတစ်ဦး အနေနဲ့ပါ အလွန်တရာမှ ဂုဏ်ယူသလို ခွင့်ပြုပေးတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ လုပ်လေ့လုပ်ထ လုပ်ထုံးလုပ်နည်းအပေါ်ကြည့်ရင် ဒါဟာ စွန့်စားမှုတစ်ခုဖြစ်တယ်။ ဒီဇာတ်ကားရိုက်ကူးဖြစ်ဖို့အတွက် နိုင်ငံ တော်ကလည်း ကူညီခဲ့ပါတယ်။သက်ဆိုင်ရာတွေကလည်း ကူညီ ခဲ့ကြသလို အဆင့်ဆင့်ကူညီထား ကြတာပါ။ ဒီဇာတ်ကားကနေ တစ် ဆင့် ကျွန်မတို့က တံခါးတစ်ပေါက် ကိုဖွင့်ပြီးတော့ ကမ္ဘာကိုလှမ်းကြည့် နိုင်တဲ့ အနေအထားတစ်ခုဖြစ် မယ်လို့ ယုံကြည်ပါတယ်။

မေး- မြန်မာလူမျိုးတွေရော ဒီဇာတ် ကားမှာ ပါဝင်ခွင့်ရလား။
ဖြေ- ကျွန်မတို့ မြန်မာဘက်ကဆို ရင် ကလေးတွေလည်းပါတယ်။ အသက် ၂ဝ နဲ့ ၃၅ ကြား လည်းပါတယ်။ အသက် ၄ဝ ကနေ ၆ဝ ကြားလည်းပါတယ်။ အားလုံး ပေါင်း လူတစ်ရာကျော် ပါပါမယ်။

မေး- ပြည်တွင်းမှာ ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းတွေအတွက် ဆင်ဆာ တင်ရတာမျိုးရောရှိလား။
ဖြေ- ကျွန်မတို့ ထုံးစံအရဒီလိုမျိုး နိုင်ငံတကာဇာတ်ကားတွေ ဒီမှာ လာလာပြီးတော့ ရိုက်ကူးနေတာ သေးသေး သေးသေးလေးတွေနဲ့ ရိုက်ကူးနေတာ ကျွန်မတို့ဘက်က နေပြီးတော့ Production Service  ပေးနေတာ ၁ဝ နှစ်ကျော်ပါပြီ။ အဲဒီ ၁ဝ နှစ်အတွင်းမှာ လာရိုက်တဲ့ ဇာတ်ကားတွေက ဒီလိုမျိုးဇာတ်ကား ကြီးကြီးနဲ့ ရင်းနှီးမြှုပ်နှံမှုကြီးကြီး တွေမဟုတ်ပါဘူး။ ဒါပေမဲ့ ထုံးစံ အနေနဲ့ကတော့ ဘာဇာတ်ဝင်ခန်း တွေကို မြန်မာပြည်မှာ ရိုက်တယ်ဆို တဲ့အကြောင်းကိုတော့ ဆင်ဆာ ဘုတ်တင်ရပါတယ်။ ကျွန်မက ဆင်ဆာအဖွဲ့တစ်ယောက်အနေနဲ့ ဒီ ဇာတ်ကားကို ကျွန်မကိုယ်တိုင် ဖတ်ပါတယ်။ ကျန်တဲ့ဆင်ဆာအဖွဲ့ဝင်တွေလည်း ဖတ်ကြပါတယ်။ ဖတ်ပြီးတော့ ဆင်ဆာအဖွဲ့တွေရဲ့ သဘောတူညီချက်တွေကို ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုးခွင့်ပြုပြီးသွားလို့ ရိုက်ပြီးသွားရင်တောင်မှပြမယ်ဆိုရင် နောက်တစ်ခေါက်ပြန်တင်ရမှာပါ။ အဲဒီပြတဲ့အခန်းက မြန်မာပြည်အတွက် အရွယ်သုံးပါး စ လုံး ကြည့်ရှုလို့သင့်တော်ပါသလား ဆိုတာကို ပြန်ကြည့် တာပါ။

NN

Rate this item
(0 votes)
YMG

back to top