HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''မြေပဲယိုအဖွဲ့က ပျက်သွားတာ မဟုတ်ပါဘူး။ ခဏရပ်သွားတာပါ'' မင်းမော်ကွန်း  

''မြေပဲယိုအဖွဲ့က ပျက်သွားတာ မဟုတ်ပါဘူး။ ခဏရပ်သွားတာပါ''  မင်းမော်ကွန်း   

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မြေပဲယိုအဖွဲ့ရဲ့ 'ငါငါငါ' အခွေထွက်ရှိနိုင်ရန်အတွက် ပြင်ဆင် နေတယ်လို့ တေးသံရှင်/သရုပ်ဆောင် မင်း မော်ကွန်းက ပြောပါတယ်။ ''မြေပဲယိုရဲ့ 'ငါငါငါ'ဆိုတဲ့ တေး သီချင်းခွေကိုလည်း လက်စသတ် ဖို့အတွက်ကို အချောဆိုဖို့ ကျန် တဲ့သီချင်းတွေကို ဆက်ဆိုပြီး တော့ လက်စသတ်ပြီး အမြန် ဆုံးထွက်နိုင်ဖို့ ပြင်ဆင်နေ ပါတယ်။ အရင်တုန်းကသီ ချင်းတွေနဲ့ အခုပြန်လုပ် တဲ့ မြေပဲယိုအဖွဲ့ရဲ့ သီချင်း တွေက ဘာတွေ ကွာခြား သွားမလဲဆိုတော့ အရင် တုန်းကတော့ ကျော်သူစိုး နဲ့ ကျွန်တော် နှစ်ယောက် ပေါင်းထားတဲ့ စတိုင်ပေါ့ နော်။ အဲဒီမှာ ကျွန်တော့် ပုံစံ သီချင်းတွေပါသလို သူ့ ပုံစံ သီချင်းတွေလည်း ပါပါတယ်။ အခုကတော့ ကျော်သူစိုး မအားလို့ မဆို နိုင်တဲ့ အချိန်မှာတော့ ကျွန်တော့်ပုံစံသီချင်းလေးတွေပဲ တွေ့ရမှာပါ''လို့ ပြော ပါတယ်။

မြေပဲယိုအဖွဲ့မှာ ပျက်သွားခြင်းမဟုတ်ဘဲ လူမဆုံတော့ခြင်းကြောင့်သာ ခေတ္တ ရပ်ဆိုင်းသွားခြင်း ဖြစ်တယ်လို့လည်းသိရပါတယ်။ ''မြေပဲယိုအဖွဲ့က ပျက်သွားတာမဟုတ်ပါဘူး။ ခဏရပ်သွားတာပေါ့နော်။ မြေ ပဲယို ရပ်သွားတာက အဓိက လူမဆုံလို့ ရပ်သွားတာပါ။ ရပ်သွားပြီးတော့ သေချာ စကားပြောပြီးတဲ့ အချိန်မှာ ကျော်သူစိုးကလည်း သူ့အနေနဲ့ မဆိုနိုင်တော့ဘူးလို့ သေချာ ပြောလာပါတယ်။ မဆိုနိုင်ဘူးဆိုတာက သူ့အလုပ်နဲ့သူ ဖြစ်နေတယ်။ချင်းမိုင်ဘက်မှာ သူ အိမ်ထောင်လည်း ကျနေပြီ။ နောက် အလုပ်လည်းများတဲ့ အတွက် သူ့အနေနဲ့ ရှိုးပွဲတွေ အသံသွင်းတာတွေမှာ အများကြီး လာမလုပ် ပေးနိုင်တော့ဘူးပေါ့နော်''လို့ တေးသံရှင်မင်းမော်ကွန်းက ပြောပါတယ်။ တေးသံရှင် မင်းမော်ကွန်းအနေဖြင့် မြေပဲယိုအမည်ဖြင့် ဂီတအလုပ်များ လုပ်ကိုင်ခြင်းမှာ အဖွဲ့ဝင်များရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်လုပ်ကိုင်နေခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။


''ကျော်သူစိုးဘက်က အားတယ်၊ လာဆိုနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ က အမြဲတမ်း ကြိုဆိုနေမှာပါ။ မြေပဲယိုအဖွဲ့ဝင် တစ်ယောက်အဖြစ်နဲ့ ကျော်သူစိုး က အမြဲတမ်းရှိနေမှာပါ။ ဒါပေမဲ့ တစ်ပုဒ်တော့ လာဆိုထားတာတော့ ရှိပါတယ်။ အဲဒါက အချောလည်းမဟုတ်ဘူး။ သူကလည်း ပြန်လာမဆိုနိုင်တော့ဘူးဆိုတဲ့ အခါ ကျတော့ ကျွန်တော့်ကိုပဲ ဒီမြေပဲယိုနာမည်ပဲ ဂီတအလုပ်တွေ ဆက်လုပ်မယ်ဆိုရင် လည်း လုပ်ဖို့ပြောလာပါတယ်။ အဲဒါကြောင့် ကျွန်တော်လည်း ဆက်လုပ်ဖြစ်နေတာ ပါ''လို့ ၎င်းက ဆက်ပြောပါတယ်။ သီချင်းဆိုခြင်းသည် အပျော်တမ်း အနေဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်တာကြောင့် ဂီတနဲ့ပတ်သက်ပြီး အမြဲတမ်းလုပ်ကိုင်မှာ မဟုတ် ဘူးလို့လည်း သိရပါတယ်။ 

NN

#democracytoday

Rate this item
(0 votes)
back to top