HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''အခုရိုက် အခုတင် ဇာတ်ကားတွေက များနေတော့ အရင်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက နစ်နာကုန်တယ်'' သက်မွန်မြင့်

''အခုရိုက် အခုတင် ဇာတ်ကားတွေက များနေတော့ အရင်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက နစ်နာကုန်တယ်''  သက်မွန်မြင့်

အခုနောက်ပိုင်းမှာ ကိုယ့်အတွက် သရုပ်ဆောင်ရတာ ခက်ခဲပြီး မလုပ်ဖူးသေးတဲ့ ကာရိုက်တာ တွေကို သရုပ်ဆောင်ချင်တယ်ဆိုတဲ့ သရုပ်ဆောင်သက်မွန်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း . . .

 

မေး- လတ်တလောလုပ်ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။

ဖြေ- အခုလတ်တလောကတော့ ကြော်ငြာတွေ ရိုက်ဖြစ်နေပါတယ်။ ရှေ့လမှာတော့ ဇာတ်ကားတွေရိုက်ဖို့ ပြန်စမှာဖြစ် ပါတယ်။

မေး- ကိုယ်ပါဝင်တဲ့ဇာတ်ကားတွေ ရုံတင်ဖို့ ကျန်သေးလား။

 

ဖြေ- ဆယ်ကားကျော်လောက် ရုံတင်ဖို့ ကျန်သေးပါတယ်။ အဓိက,ကတော့ ရုံတင်ရက် စောင့်နေတာပါ။ ရိုက်ထားတဲ့ ဇာတ်ကားတွေကတော့ ရှိပါတယ်။

 

မေး- ''သခင်ကြီးနဲ့ ငပိတို့စရာ''ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ- အဲဒီဇာတ်ကားလေးကလည်း သက်မွန်အတွက် တာဝန်ကြီးတဲ့ ဇာတ်ကားလေးလို့ ပြောလို့ရပါတယ်။ ကိုယ့်ကိုပေး ထားတဲ့ ကာရိုက်တာကလည်း နည်းနည်းတာဝန်ကြီးတယ်။ ကိုယ်လည်း သိပ်မလုပ်ဖူးတဲ့ ကာရိုက်တာလည်း ဖြစ်ပါတယ်။

 

မေး- နောက်ရိုက်ဖို့စီစဉ်ထားတဲ့ ဇာတ်ကားနဲ့ ဇာတ်ကားကမ်းလှမ်းမှုတွေရော ဘယ်လိုရှိလဲ။

ဖြေ- ရိုက်ဖို့ စီစဉ်ထားတာတော့ ရှိပါတယ်။ အခုဖြစ်နေတာက ရိုက်မယ်ဆိုပြီးမှ ပျက်သွားတယ် ဆိုတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ ရက်ရွှေ့သွားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ ဇန်န ဝါရီလထဲမှာ ရိုက်ဖို့ လွဲသွားတဲ့ဇာတ်ကားလေး ရှိပါတယ်။ အဲဒီဇာတ်လေးကိုဆိုရင် တော် တော်လေး ရိုက်ချင်တယ်။ မရိုက်ဖြစ်လိုက်ပါဘူး။ ကိုယ်ကလည်း ဇာတ်လမ်းရွေးတာ လည်း ပါ,ပါတယ်။ ကိုယ့်ပုံစံ အနေအထားကလည်း ဇာတ် နည်းနည်းရွေးလာပြီ။ အရင်တုန်းကတော့ ရိုက်တယ်။ လာငှားသမျှ ရိုက်တယ်။ ကိုယ်က ပရိသတ် နဲ့ နီးစပ်ချင်လို့ ရိုက်ပေမယ့် ရုံမတင်ဖြစ်သေးတော့ မထူးပါဘူး။ ပြီး တော့ ရုံတင်လာရင်လည်း ကိုယ်လည်း အားမရဘူး။ ကိုယ့်ပရိသတ် တွေလည်း အားမရဘူးဆိုတော့ နောက်ပိုင်းမှာ ဇာတ်လမ်းကောင်း လေးတွေကို ကိုယ်လည်းအားရတယ်၊ ပရိသတ်လည်းအားရတဲ့ ကာ ရိုက်တာလေးတွေကို ရွေးချယ်ဖြစ်လာပါတယ်။

 

မေး- ကိုယ်ကရောအခုနောက်ပိုင်း ဘယ်လိုကာရိုက်တာမျိုး လုပ် ချင်လဲ။

ဖြေ- ခက်ခက်ခဲခဲလုပ်ရတဲ့ ကာရိုက်တာမျိုးဆိုရင် ပိုသဘောကျပါတယ်။ ကိုယ်လည်း သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာတွေကို သဘောကျတယ်။ ပေါ့ပေါ့ပါးပါး ကာရိုက်တာထက် လုပ်ရတာလည်း ခက်တယ်။ ကိုယ့်ကိုလည်း စိန်ခေါ်မှု များစေတယ်။ ပရိသတ်တွေ ကြည့်လိုက်ရင်လည်း ဒီကာရိုက်တာက မိုက်တယ်ဆိုတာမျိုးကို ပိုလုပ် ချင်ပါတယ်။

 

မေး- ဒီနှစ်အကယ်ဒမီမှာဆိုရင်လည်း ဇာတ်ကားတွေ အများကြီး များလာသလို ဇာတ်ကားကောင်းတွေ အများကြီး ပေါ်ထွက်လာတဲ့အပေါ်မှာ ရော အမြင်လေး ပြောပြပေးပါ။

ဖြေ- အခု ပရိသတ်တွေ အကြိုက်ကိုလည်း တော်တော်များများ သိသွားတယ်။ ဒီနှစ်ထဲမှာဆိုရင် ဇာတ်ကားကောင်းတွေ တော်တော်များများ ထွက် လာတယ် ရိုက်တဲ့၊ ဖန်တီးတဲ့သူတွေကလည်း အများကြီး လုပ်နိုင်တယ်။ အကုန်လုံးကလည်း ကြိုးစားကြပါတယ်။ တစ်ခုမြင်တာက ဇာတ်ကား ကောင်းတွေကို ရုံတင်တာမှာ ထုတ်လုပ်သူ တစ်ယောက်ဘက်ကကြည့် ပြီး ပြောရရင် ရုံတင်စနစ်မှာ တန်းစီကြတဲ့ ဇာတ်ကားတွေအများကြီး ရှိတဲ့အခါမှာ ဇာတ်ကားတွေက အချိန်တွေကြာပြီး Update မဖြစ် တော့ဘဲ နစ်နာကုန်ကြတယ်။ ဒါကို ကြားဖြတ်ပြီး ရုံတင်နိုင်မယ်။ အချိန်သိပ်မစောင့်ရဘူးဆို ပိုကောင်းမယ်လို့မြင်ပါတယ်။ အခုရိုက်၊ အခုတင်ဇာတ်ကားတွေကများနေတော့ အရင်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက နစ်နာကုန်ပါတယ်။ ဒီလိုမျိုးသာ ရေရှည် နှစ်အကြာ ကြီးစောင့်ရတယ်ဆိုတော့ အဆင်မပြေနိုင်ဘူး။ လုပ်နေ ကြတဲ့သူတွေလည်းမလုပ်နိုင်ဘဲ ပျက်စီးသွားမှာစိုးတာပါ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KZYH

#democracytoday

Rate this item
(0 votes)
back to top