HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

မိသားစု အသားပေး ဒရာမာမှာ ပါဝင်ဖို့ဆွေးနွေးနေတဲ့ ဆောင်ဆန်ဟွန်း

မိသားစု အသားပေး ဒရာမာမှာ  ပါဝင်ဖို့ဆွေးနွေးနေတဲ့ ဆောင်ဆန်ဟွန်း

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၉

နာမည်ကျော် ကိုရီးယားမင်းသား ဆောင်ဆန်ဟွန်းသည် ဒရာမာအသစ်တစ်ခု တွင် ပါဝင်လာနိုင်ခြေရှိနေသည်။ ¤င်း၏ အေဂျင်စီ Better Ent ၏ ဖေဖော်ဝါရီ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ ''မင်းသားဆောင် ဆန်ဟွန်းသည် tvN ရုပ်သံလိုင်း၏ The Great Show ဒရာမာအသစ်တွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံထားရပြီး အကောင်းဘက်မှ လေ့ လာသုံးသပ်နေကြောင်း'' ပြောကြားခဲ့သည်။

မင်းသား ဆောင်ဆန်ဟွန်းသည် အမျိုးသား လွှတ်တော်အဖွဲ့ဝင်ဟောင်းတစ်ဦး ဝီဒန်ဟန်ဇာတ် ရုပ်တွင်ပါဝင်ရန် ကမ်းလှမ်းခံထားရခြင်းဖြစ်သည်။ အသက် ၃၂နှစ်အရွယ် ဝီဒယ်ဟန်က (၁၉)ကြိမ် မြောက် အမျိုးသားလွှတ်တော်သို့ လူငယ်ကိုယ်စား လှယ်တစ်ဦးအနေဖြင့် ဝင်ရောက်ခဲ့သူ ဖြစ်သည်။ သို့သော်အကြိမ် (၂ဝ)မြောက်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယင်းနောက်ပိုင်း နိုင်ငံရေးတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။

 

လျင်မြန်သွက်လက်ပြီး ကြည့်ကောင်းသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သော်လည်း အလိမ်ခံရသည့် အခိုက်အတန့်ကာလမျိုးတွင် သွေးဆူလွယ်သောလူတစ်ဦး ဖြစ်သည်။ ယင်းဒရာမာသည် ဝီဒယ်ဟန်နှင့် ¤င်း၏ပြဿနာရှာတတ်သော ညီအစ်ကို မောင်နှမသုံးဦးအကြောင်း ဇာတ်အိမ်တည်ထားသည်။ ¤င်းတို့လေးဦးကြားအတူနေထိုင်ရသည့်ဘဝတွင် မိသားစုတစ်ခုအနေဖြင့် စုစည်း နေထိုင်ရသည့်အခါ တွေ့ကြုံရသည့်ကိစ္စများကို ဟာသနှောပြီး ရိုက်ကူးမည်ဖြစ်သည်။ ကြည့်ရှုသူများအနေဖြင့် မိသားစုမေတ္တာဖွဲ့အချစ်ဇာတ်လမ်းတစ်ခုကို ရှုမြင်ရမည်လည်းဖြစ်သည်။ ''The Great Show'' ဇာတ်လမ်းတွဲကို ၂ဝ၁၉ခုနှစ် ဒုတိယနှစ်ဝက်ကာလတွင် ပြသရန်စီစဉ်ထားသည်။

Ref: Soompi

#democracytoday

Rate this item
(0 votes)
back to top