HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ခင်ပွန်းလောင်း ခရစ်တီယန် ကာရီနိုနဲ့ လမ်းခွဲလိုက်တဲ့ လေဒီဂါဂါ

ခင်ပွန်းလောင်း ခရစ်တီယန် ကာရီနိုနဲ့  လမ်းခွဲလိုက်တဲ့ လေဒီဂါဂါ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂ဝ 

ပေါ့ပ်စူပါစတားနှင့် အော်စကာဆန်ခါတင်စာရင်းဝင်သူ လေဒီဂါဂါသည် သုံးနှစ်ကြာချစ်သူအဖြစ် လက်တွဲခဲ့ကြသည့် ခင်ပွန်းလောင်း ခရစ်တီယန်ကာရီနိုနှင့်လမ်းခွဲလိုက်ကြောင်းသိရသည်။ အသက် (၃၂) နှစ်အရွယ် လေဒီဂါဂါ၏ ကိုယ်စားလှယ်တစ်ဦးက ''Shallow'' အဆို တော် ဂါဂါနှင့် ခရစ်စတီယန်ကာရီနိုတို့သည် စေ့စပ်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ကိုပြော ကြားခဲ့ခြင်းမရှိပေ။ အမည်မဖော်လိုသော သတင်းရင်းမြစ်များက ''အလုပ်မဖြစ်ခဲ့ပါဘူး။ အချစ်ဇာတ်လမ်းကိုအဆုံးသတ်လိုက်ပါပြီ။ ရှည်လျားတဲ့ ဒရာမာဆန်ဆန်ဇာတ်လမ်းတော့ မဟုတ်ခဲ့ပါဘူး''ဟု ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ လမ်းခွဲသတင်းသည် လာမည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပတော့မည့် အော်စကာဆုပေးပွဲအခမ်းအနားမတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ 'A Star is Born" ရုပ်ရှင်ဖြင့် အဆိုတော်လေဒီဂါဂါသည် အကောင်းဆုံးဇာတ် ဆောင်မင်းသမီးဆု လျာထားခံရသည်။ ထို့ပြင် ရုပ်သံမှ ထုတ်လွှင့်မည့် ဆုပေးပွဲတွင် ''Shallow'' သီချင်းကို ဖျော်ဖြေရန် စီစဉ်ထားပြီး အကယ် ဒမီဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ဝင် တေးဆုရရှိနိုင်မည်ဟုလည်း ရေပန်းစားနေသည်။


လေဒီဂါဂါက ၎င်းနှင့် ကာရီနိုတို့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ကြေညာခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တွဲခဲ့ကြသည်။ ယင်းကာလသည် မင်းသားတွိုင်လာကင်နေနှင့် ငါးနှစ်ကြာအချစ် သက်တမ်းအဆုံးသတ်ပြီး လအနည်းငယ်အကြာတွင်ဖြစ်သည်။ လေဒီဂါဂါနှင့် ကာရီနိုတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံးဆုနှင့် ရုပ်ရှင်သရုပ်ဆောင်အစည်းအရုံး ဆုပေးပွဲသို့လည်း တက်ရောက်ခဲ့ဖူးသည်။ သို့သော် ဖေဖော်ဝါရီ ၁ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် သီချင်းဆိုခဲ့ချိန်၌ စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားခြင်းမရှိခဲ့ပေ။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top