HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

စိတ်ဝမ်းကွဲနေသော လူမှုအသိုင်းအဝန်းများ စည်းလုံးညီညွှတ်မှု ရှိကြစေရေး ကီယာနိုက်တလေ ဆော်သြ  

စိတ်ဝမ်းကွဲနေသော လူမှုအသိုင်းအဝန်းများ စည်းလုံးညီညွှတ်မှု ရှိကြစေရေး ကီယာနိုက်တလေ ဆော်သြ   

လန်ဒန်၊ ဖေဖော်ဝါရီ ၂ဝ

မင်းသမီး ကီယာနိုက်တလေက ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဟမ်းဘတ်မြို့အကြောင်း ရိုက် ကူးထားသည့် ''The Aftermath'' ရုပ်ရှင်အသစ်သည်ယနေ့ခေတ်၏ ကွဲပြားနေသောအသိုက်အဝန်းများအတွက် အလွန်အရေးကြီးသော ပေါင်းကူးတံတား တည်ဆောက်ပေးနိုင်မည့်သင်ခန်းစာများကို ဖော်ပြ ထားကြောင်း ပြောကြားခဲ့သည်။ မင်းသမီးကီယာက ယင်းရုပ်ရှင်တွင် ဟမ်းဘတ်မြို့ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့သည့် ဗြိတိသျှဗိုလ်ကြီးဖြစ်သူ ခင်ပွန်းနှင့်အတူ ဂျာမနီနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့သည့် ရေချယ်မော်ဂန်အဖြစ် သရုပ်ဆောင်ထားသည်။

၎င်းတို့လင်မယားနှစ်ဦးသည် ဂျာမန်မုဆိုးမနှင့် ၎င်း၏သမီး ဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ရသည်။ လွန်ခဲ့သော ဖေဖော်ဝါရီ ၁၈ ရက်တွင် လန်ဒန်မြို့၌ ပြုလုပ်ခဲ့သည့် အထူးပွဲတွင် မင်းသမီးကီယာက ''အခုအတွက် အရမ်းအရေးကြီးနေပါတယ်။ တံတားတွေ ဆောက်လုပ်တာနဲ့ပတ်သက်ပါတယ်။ လူသားတွေအနေနဲ့ တစ်ဦးကိုတစ်ဦး ဘယ်လိုမြင်ကြတယ်ဆိုတဲ့အကြောင်းပါ။ တစ်ဦးကိုတစ်ဦးမနှိမ်ချသင့်ပါဘူး။ ကျွန်မကို အခုလုပ်ဖို့လိုနေတဲ့အရာတွေကို သိသာထင်ရှား အောင်ပြထားပါတယ်''ဟု ဆိုသည်။


ဆိပ်ကမ်းမြို့ဖြစ်သည့် ဟမ်းဘတ်မြို့သည် မဟာမိတ်တပ်များက ၁၉၄၃ခုနှစ် ဇူလိုင်လတွင် ဆင်နွှဲခဲ့သော ဂိုမိုရာစစ်ဆင်ရေးအတွင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။ လူပေါင်း လေးသောင်းကျော်သေဆုံးခဲ့ရကာ မြို့မှာလည်း ပြာပုံအတိ ဖြစ်ခဲ့ရသည်။ မင်းသမီးက ဂျာမနီနိုင်ငံ ပြန်လည်တည်ဆောက်မှုနှင့် ပတ်သက်၍ နကန်းတစ်လုံးမှမသိခဲ့သည့်အပြင် ရုပ်ပိုင်းဆိုင်ရာအရ အချို့ နေရာများကို ပြန်လည်တည် ဆောက်နိုင်ခဲ့သော်လည်း အင်္ဂလိပ်နှင့် ဂျာမန်ပြည် သူတို့အကြား စိတ်ပိုင်းဆိုင်ရာကို တည်ဆောက်နိုင်ခဲ့ခြင်းမရှိသည့် အ ကြောင်း ပြောဆိုခဲ့သည်။ The Aftermath ရုပ်ရှင်ကို ဗြိတိန်နိုင်ငံတွင် မတ်လ ၁ ရက်နှင့် အမေရိကန်နိုင်ငံတွင် မတ်လ ၁၅ရက်တို့၌ ရုံတင်ပြသ မည်ဖြစ်သည်။

 

Rate this item
(0 votes)
back to top