HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ရုပ်သံအစီအစဉ်များတွင် ပါဝင်သည့် K-pop Idol အရေအတွက်ကို တောင်ကိုရီးယား အစိုးရ ကန့်သတ်  

ရုပ်သံအစီအစဉ်များတွင် ပါဝင်သည့် K-pop Idol  အရေအတွက်ကို တောင်ကိုရီးယား အစိုးရ ကန့်သတ်   

ဆိုးလ်၊ ဖေဖော်ဝါရီ ၂ဝ

အချိန်အတိုင်းအတာတစ်ခုအတွင်း ရုပ်သံအစီအစဉ်များတွင် ပါဝင်သည့် K-pop အနုပညာရှင်အရေအတွက်ကို ကန့်သတ်ချက် ပါဝင်ပြီး ရုပ်သံအစီအစဉ်ထုတ်လုပ်သူများနှင့် ဒေသတွင်း ရုပ်သံလိုင်းများက လိုက်နာရမည့် ပြန်လည်ရေးဆွဲထားသော ညွှန်ကြားချက်ကို တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ The Korea Times သတင်းစာ၏အဆိုအရ ကျား၊ မရေးရာ သာတူညီမျှမှုနှင့် မိသားစုရေးရာ ဝန်ကြီးဌာနက ပြည်သူ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက် ရောက်မှုအရေး သိရှိစေမှုကို မြှင့်တင်ရန်နှင့် ရုပ်ရည်ခွဲခြားဆက်ဆံမှုကို ကာကွယ်ရန် ဖေဖော်ဝါရီ ၁၆ရက်တွင် ယင်းညွှန်ကြားချက်ကို ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်းစာတွင် ဖော်ပြချက်အရ နာမည်ကျော်စတားများ၏ ရုပ်ရည်ဆင်တူနေမှုသည် K-pop  အဖွဲ့များကို ကြိုက်နှစ်သက်ကြသော လူငယ်ကြည့်ရှုသူများအတွက် ကျဉ်းမြောင်းသော အလှအပ စံနှုန်းများကို ဖြစ်စေနိုင်သည့် စိုးရိမ်မှုများကို ဖြစ်ပေါ်လာစေသည်ဟုသိရသည်။ ယင်းညွှန်ကြားချက်ကို ဝေဖန်ခဲ့သော အတိုက်အခံလွှတ်တော်အမတ် ဟာထယ်ဂျောင်းက ရုပ်ရည်ပုံပန်းသွင်ပြင်အတွက် စံထားရသည့် ရည်ရွယ်ချက်ဟူ၍မရှိဘဲ ယင်းကိစ္စသည်လူတစ်ဦးချင်းစီ၏ သီးခြားအရသာခံစားမှုသာဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်မျိုးကို အစိုးရက ထုတ် ပြန်ရန် မသင့်ကြောင်း ပြောဆိုထားသည်။


မစ္စတာဟာက ''ကျားမ သာတူညီမျှမှုဝန်ကြီးဌာနက K-pop Idol  များသည် ရုပ်သံလိုင်းအတွက် အတူတူသရုပ်ဆောင်ခွင့်မရှိကြောင်း၊ ၎င်းတို့မှာ ပိန်လှီပြီး ဖျော့တော့သော အသားအရည်ဖြင့် လှပနေသူများ ဖြစ်ကြောင်း၊ ချွန်ဒူးဟွမ်၏ စစ်အာဏာရှင် အုပ်ချုပ်ရေးခေတ်အတွင်း ဆံပင်နှင့် စကတ်အတိုအရှည်အပေါ် ခွဲခြားဆက်ဆံမှုနှင့် ယင်းညွှန်ကြားချက်တို့သည်လည်း ခြားနားချက်ရှိကြောင်း''ပြောဆိုထားသည်။ သို့သော်ယင်းညွှန်ကြားချက်ကို မဖြစ်မနေလိုက်ပါလုပ်ဆောင်ရန် မလိုအပ်ဘဲ ရုပ်သံလိုင်းများနှင့်အစီအစဉ်ထုတ်လုပ်သူများသည် အစိုးရ၏ ထောက်ခံချက်များနှင့်အတူ ၎င်းတို့၏ အစီအစဉ်များ ချိန်ညှိသင့်၊ မညှိသင့် ဆုံးဖြတ်နိုင်သည်ဟုဆိုသည်။

Source: CNA

#democracytoday

Rate this item
(0 votes)
back to top