HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အော်စကာဆု ချီးမြှင့်မည့် အနုပညာရှင်စာရင်းတွင် မင်းသမီးကြီး ဟယ်လင်မီရန်းကို ထည့်သွင်း  

အော်စကာဆု ချီးမြှင့်မည့် အနုပညာရှင်စာရင်းတွင်  မင်းသမီးကြီး ဟယ်လင်မီရန်းကို ထည့်သွင်း   

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂ဝ

မင်းသမီးကြီး ဟယ်လင်မီရန်း၊ မင်းသား မိုက်ကယ်ဘီဂျော်ဒန်နှင့် အဆိုတော် ဖာရဲလ်ဝီလီယံတို့ကို အော်စကာဆုချီးမြှင့်မည့် အနုပညာရှင်စာရင်းတွင် ထည့်သွင်းလိုက်ပြီဖြစ်သည်။ အကယ်ဒမီဆု ရွေးးချယ်ရေးအဖွဲ့၏အဆိုအရ ၎င်းတို့သုံးဦးကို ယခုနှစ်အတွက် ကျင်းပမည့်ဆုပေးပွဲတွင် ဆုချီးမြှင့်သူအဖြစ် ရွေးချယ်လိုက်ပြီဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောဆိုခဲ့သည်။ ၎င်းတို့သုံးဦးအပြင် အီလစ်ဖစ်ရှာ၊ ဒါနိုင်ဂူရီယာ၊ ဘရိုင်ယန်တိုင်ရီဟင်နရီ၊ မိုက်ကယ်ကီတန်၊ ဂျွန်ယူလန်နေ၊ တွိုင်လာပယ်ရီ၊ ကရိုင်စတန်ရစ်တာ၊ ပေါလ်ရုဒ်နှင့် မီရှယ်ယိုတို့သည်လည်း ဆုချီးမြှင့်မည့် အနုပညာရှင်စာရင်းတွင် ပါဝင်ထားသည်။

ဆုချီးမြှင့်မည့်သူစာရင်းကို ပထမဆုံးကြေညာခဲ့ချိန်၌ ဒန်နီကယ်ကရေ့၊ ဂျန်နီဖာလိုပက်ဇ်၊ ဝူပီဂိုးလ်ဘတ်၊ အော်ကွာဖီနာ၊ ခရစ်အီဗန်၊ ဘရီလာဆန်၊ အေမီကိုဟလာ၊ မာယာရူဒိုဖာ၊ အာမန်ဒလာစတန်းဘတ်၊ ချာလစ်သီယွန်၊ တက်ဆာသွမ်ဆင်နှင့် ကွန်စတန့်ဝူတို့ ပါဝင်ခဲ့ကြသည်။ အကယ်ဒမီဆုပေးပွဲကို ဆယ်စုနှစ်သုံးခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် အစီအစဉ်တင်ဆက်သူမရှိဘဲ ကျင်းပမည် ဖြစ်သည်။ မူလကအစီအစဉ်တင်ဆက်သူအဖြစ် ဟာသသရုပ်ဆောင် ကီဗင်ဟတ်ကိုရွေးချယ်ထားသော်လည်း အငြင်းပွားဖွယ်ရာကိစ္စရပ်များကြောင့် အစီအစဉ်တင်ဆက်သူအဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ ၎င်း၏ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နောက်ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီက အစီအစဉ်တင်ဆက်သူတစ်ဦးထက်၊ အထူးနာမည် ကျော်ကြားသော အနုပညာရှင်များကို ရွေးချယ်ကာစီစဉ်ထားခဲ့သည်။ ဆုပေးပွဲကို ဟာသ၊ သရော်မှုတို့ဖြင့် စတင်ခြင်းထက် နာမည်ကျော်ရုပ်ရှင်များထဲမှာ ဇာတ်ဝင်တေးများဖြင့် ဖွင့်လှစ်ရန် အာရုံစိုက်ထားသည်ဟုဆိုသည်။ 

Ref: Asiaone

#democracytoday

Rate this item
(0 votes)
back to top