HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'ဗိုလ်ချုပ်က ကိုယ့်နိုင်ငံကို နှစ်ပေါင်းများစွာ လာအုပ်ထားတဲ့ လက်ကြီးကို ဖယ်လိုက်ဖို့ဆိုတာ တော်ရုံအရည်အချင်း၊ စေတနာ၊ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာနဲ့ လုပ်ဖို့ မလွယ်ပါဘူး၊၊ ဒါကို ဗိုလ်ချုပ်လုပ်ပြခဲ့တယ်' ဘုဏ်းသိုက်

'ဗိုလ်ချုပ်က ကိုယ့်နိုင်ငံကို နှစ်ပေါင်းများစွာ လာအုပ်ထားတဲ့ လက်ကြီးကို ဖယ်လိုက်ဖို့ဆိုတာ  တော်ရုံအရည်အချင်း၊ စေတနာ၊ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာနဲ့ လုပ်ဖို့ မလွယ်ပါဘူး၊၊ ဒါကို ဗိုလ်ချုပ်လုပ်ပြခဲ့တယ်' ဘုဏ်းသိုက်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေး သားတဲ့ ဒါရိုက်တာဘုဏ်းသိုက်အားတွေ့ဆုံပြီး ဇာတ်ညွှန်းပိုင်းနှင့်ပတ် သက်သည်များကို ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

မေး - ဗိုလ်ချုပ်အောင်ဆန်းအတွက် အမှတ်တရတည်ထားတဲ့ ဘုရား ထီးတင်ပွဲမှာ မလာဖြစ်ဘူးနော်။

ဖြေ - ဟုတ်ပါတယ်။ ဗိုလ်ချုပ်မွေးနေ့က ကိုလူမင်းတို့က ဗိုလ်ချုပ်အ မှတ်တရအနေနဲ့ ဘုရားတည်ထားတာ ထီးတင်တာကိုဖိတ်တယ်။ ကျွန် တော်တို့က ၁၂ ရက်ညက ဗိုလ်ချုပ်ဇာတ်ကားအတွက် ကျွန်တော်တို့ ဇာတ်ညွှန်းရေးတာကို အပြီး သတ်ရေးနေတာနဲ့ အိပ်ရေး တွေပျက်ပြီး မလာဖြစ်တော့ တာပါ။ ကျွန်တော်တို့ အဲဒီ မှာပဲ ကိုအောင်ကြီးရယ်၊ ကိုလူမင်းရယ်၊ ကိုကျော် ကျော်မျိုးရယ် ဗိုလ်ချုပ်ရုပ် ရှင်အတွက် စကားပြောကြ တာဖြစ်ပါတယ်။

မေး - ဇာတ်ညွန်းပိုင်းကရောပြီး သွားပြီလား။ ဗိုလ်ချုပ်ဇာတ် ညွှန်းရေးတဲ့အခါမှာရော ကိုယ့် အတွက် ဘယ်လောက်အထိ စိန်ခေါ်မှုတွေရှိလဲ။

ဖြေ - ဇာတ်ညွှန်းပိုင်းကတော့ အခု အချောသပ်တာပြီး သွားပါပြီ။ စိန်ခေါ်မှုကတော့ ကိုယ့်အပေါ်မူတည်ပါတယ်။ ကိုယ်ကအရာတစ်ခုကို ဘယ်လောက်အထိ တာဝန်ယူ နိုင်တယ်ဆိုတာအပေါ်ကို မူတည်ပါတယ်။ အခုချိန်ထိ ကျွန်တော် မတွေးတာက ဘယ်လိုတွေဝေဖန်လာနိုင် မယ်ဆိုတာကို လုံးဝကိုမတွေးထားပါဘူး။

 

မေး - ဇာတ်ညွှန်းရေးတဲ့အခါမှာရော ကိုယ်က ဗိုလ်ချုပ်အကြောင်းကို ဘယ်လောက်အထိ လေ့ လာမိလဲ။

ဖြေ - ဒီဇာတ်ညွှန်းကို ရေးမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ဗိုလ်ချုပ် ဆိုတာကလည်း အမှန်တော့ ကျွန်တော်တို့နဲ့ အလှမ်းဝေးတယ်လို့ပြော လို့ရပါတယ်။ တိုက်ဆိုင်စွာပဲ ကျွန်တော့်ဆီကို ဒါက ရောက်လာတယ်။ ကျွန်တော်လုပ်မယ် မလုပ်ဖူး ဆုံးဖြတ်ပြီး ကျွန်တော်စာတွေသေချာ ဖတ်ကြည့်လိုက်တော့ ဗိုလ်ချုပ်က ကျွန်တော်တို့နိုင်ငံကို ကျေးဇူးရှိ တယ်ဆိုတာတော့သိတယ်။ သူက ဘယ်လောက်လောက်အထိ တိုင်းပြည် အပေါ်ကောင်းခဲ့တယ်ဆိုတာကို နောက်လူတွေဖြစ်တဲ့ ကျွန်တော်တို့ သိပ်မသိပါဘူး။ စာအုပ်တွေကတစ်ဆင့်ပဲသိရတယ်။ တချို့သောစာ အုပ်တွေ ကျပြန်တော့လည်း သမိုင်းအမှန်ကို မသိရပြန်ပါဘူး။ အဲဒီ တော့ အရင်တုန်းက ဒါကို အရမ်းကြီးစိတ်ဝင်စားခဲ့ရတဲ့ ကာရိုက် တာတစ်ခုတော့ မဟုတ်ပါဘူး။ နောက်ပိုင်း ကျွန်တော် ဇာတ်ညွန်းရေး မယ်ဆိုပြီး လေ့လာကြည့်တော့ ထပ်သိလာတာက သူအသက်(၃၁)နှစ်၊ (၃၂)နှစ်လောက်နဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်အတွင်းမှာ ဗိုလ် ချုပ်လုပ်သွားတဲ့အရာတွေက ကြောက်ဖို့ကောင်းအောင်ကို ကောင်း လွန်းတယ်။ ကျွန်တော်တို့ရဲ့စိတ်ကူးနဲ့ လမ်းတစ်လမ်းကို တစ်နာရီ လောက်ပိတ်ပြီး ရုပ်ရှင်ရိုက်ဖို့ ကြိုးစားတာတောင်မလွယ်ပါဘူး။ ဗိုလ်ချုပ်က ကိုယ့်နိုင်ငံကို နှစ်ပေါင်းများစွာ လာအုပ်ထားတဲ့ လက်ကြီး ကိုဖယ်လိုက်ဖို့ဆိုတာ တော်ရုံအရည်အချင်း၊ စေတနာ၊ တိုင်းပြည် အပေါ်ထားတဲ့ မေတ္တာနဲ့လုပ်ဖို့ မလွယ်ပါဘူး။ ဒါကို ဗိုလ်ချုပ်လုပ် ပြခဲ့တယ်။ ကျွန်တော်ဖတ်နေရင်းနဲ့ ကျွန်တော်ကတော့ သိသွားပြီး အခြားလူငယ်တွေလည်း သူ့အကြောင်း ဘယ်လိုတွေ လုပ်ခဲ့တယ်ဆို တာတွေကို သိစေချင်လာတဲ့စိတ်နဲ့ရေးဖြစ်လာတာဆိုတော့ ကျွန်တော့် မှာ ဖိအားမရှိတော့ပါဘူး။

 

မေး။ ။ရိုက်ကူးရေးပိုင်းကရော ဘယ်တော့စနိုင်မယ်ထင်လဲ။

ဖြေ။ ။ကျွန်တော်တို့ ဇာတ်ညွှန်းအပိုင်းကတော့ ပြီးပြီဆိုပေမယ့် တကယ်ရိုက်ကူးရေးပိုင်းအတွက် ပြင်ဆင်ဖို့တွေကတော့ အများကြီး ပြင်ဆင်ရဦးမယ်။ ဘယ်တော့ရိုက်မယ်ဆိုတာတော့ မသိသေးဘူး။ ဒီ လထဲမှာရိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ထင်တာ ဒီတစ်လ နှစ်လအတွင်းမှာတော့ မရိုက်နိုင်လောက်သေးဘူးလို့ ထင်ပါတယ်။

 

မေး။ ။ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး စောင့်မျှော်နေတဲ့ ပရိသတ် တွေကိုရော ဘာတွေကြိုပြောထားချင်လဲ။

ဖြေ။ ။ရုပ်ရှင်နဲ့ပတ်သက်ပြီးကတော့ ကျွန်တော်တို့ ကြိုမပြော ချင်သေးပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးတွေက ကျွန်တော်တို့ လူထုကြားမှာ ယနေ့ထက်တိုင် သမိုင်းတွင် ကျန်ခဲ့မယ့် စကားလုံးလေးတွေ ရှိပါတယ်။ ဥပမာ ဗိုလ်ချုပ်က ပဲပြုတ်နဲ့နံပြားစားချင် တယ်ဆိုတဲ့ စကားဆိုရင် ဒီစကားလုံးကို သိလိုက်ရလို့ ဗိုလ်ချုပ်ရဲ့စိတ်ကို သူစားဖို့တောင်သူကိုယ်သူဂရုမစိုက်ဘူးဆိုတာလောက်ပဲ သိရမှာ ပါ။

KZYH

#democracytoday

Rate this item
(0 votes)
back to top