HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

Copy ဆိုရင်တော့ သူများနိုင်ငံမှာ သွားဆိုလို့ အဆင်မပြေဘူး - ချမ်းချမ်း

Copy ဆိုရင်တော့ သူများနိုင်ငံမှာ သွားဆိုလို့  အဆင်မပြေဘူး - ချမ်းချမ်း

အနုပညာလောကမှာ အဆိုတော်တစ်ယောက်အတွက် မန်နေဂျာတစ်ယောက်ရှိသင့်ပါတယ်ဆို တဲ့ အဆိုတော်ချမ်းချမ်းနဲ့တွေ့ဆုံမေးမြန်းခြင်း..။

မေး- ပွဲတွေဆိုတဲ့အခါမှာရော အနုပညာကြေးကိစ္စရပ်တွေကို စာချုပ်နဲ့ပဲလား။ ဘယ်လိုပုံစံမျိုး လုပ်ဖြစ်လဲ။

ဖြေ- အစ်မကတော့ စာချုပ်နဲ့ပဲ လုပ်ပါတယ်။ သူတို့ဖိတ်တဲ့ဘက်က စာချုပ်မပေးဘူးဆိုရင်လည်း ကိုယ့်ဘက်က ပြင်ဆင်သွားပါတယ်။ အစ်မက ပွဲမဆိုခင် သုံးနာရီအတွင်းမှာ အနုပညာကြေး အပြီးလိုချင်တယ်။ ပွဲပြီးမှအနုပညာကြေးပေးမယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချင်မျိုးရှိလဲ ညှိတယ်။ အဆင်ပြေမယ့်နည်းကို လုပ်ပါတယ်။ တစ်ချိန်လုံးလည်း ကိုယ်ကအယူချည်းပဲလည်း လုပ်လို့မရပါဘူး။ နှုတ်ကတိဆိုတာက အရမ်းကြောက်ဖို့ကောင်းပါတယ်။ အခုကတော့ အစ်မ မန်နေဂျာခေါ်ထားတယ်။ သူက နောက်ကနေ အကုန်လုပ်ပေးတယ်။ ဒီအနု ပညာလောကမှာ ကိုယ့်အနေနဲ့ မန်နေဂျာတစ်ယောက်လောက်တော့ ရှိဖို့လိုအပ် ပါတယ်။

မေး- ကော်ပီသီချင်းတွေနဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေအပေါ် ကိုယ့်အမြင်က ဘယ်လိုရှိလဲ။

 

ဖြေ- အစ်မရဲ့ပထမဆုံးအခွေစထွက်တဲ့ အချိန်တုန်းက ပရိုဂျူဆာက ကိုယ်ပိုင်သံစဉ်က တစ်ပုဒ်၊ နှစ်ပုဒ်ပဲပါမယ်။ ကျန်တာ Copy သီချင်းတွေပဲလို့ ပြောပါတယ်။ သီချင်းတွေကလည်း ကောင်းတယ်လို့ပြောတယ်။ နောက်ပိုင်း ကိုယ့်ဘာသာကိုယ်ထုတ်တဲ့အခွေတွေကတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲထုတ် ဖြစ်ပါတယ်။ ဒါပေမဲ့ Copy သီချင်းတွေကို မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ကျွန်မတို့ရဲ့ အဖေတွေ၊ အဘိုးတွေခေတ်ကတည်းက Copy ဆိုတာ မြန်မာနိုင်ငံမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းတွေ ကြားပြီးတော့ပဲ ကိုယ်တွေလည်း အသက်ကြီးလာတာ ဖြစ်တာကြောင့် မကောင်းဘူးလို့ပြောလို့မရဘူး။ အဓိကကတော့ သီချင်းက သီချင်းပါပဲ။ တစ်ခါတလေမှာ တရုတ်သီချင်းတွေကလည်း အင်္ဂလိပ်သီချင်းတွေကို ပြန်ဆိုထားတာရှိသလို အင်္ဂလိပ်သီချင်းတွေကလည်း တရုတ်သံစဉ်တွေယူထားတာတွေရှိပါတယ်။ အဆင်ပြေသလိုယူရတာဖြစ်ပါတယ်။ အဓိကကတော့ ခံစားတဲ့သူအပေါ်မှာပဲ မူတည်တာပါ။ တစ်ခုကတော့ Copy ဆိုရင်တော့ သူများနိုင်ငံမှာ သွားဆိုလို့ အဆင်မပြေဘူး။ ကိုယ်ပိုင်သံစဉ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပဲကွာပါတယ်။ ကော်ပီကို မူရင်းအတိုင်း မဆိုနိုင်ရင်တော့ အဆင်မပြေပါဘူး။ ကော်ပီသီချင်းဆိုတာ ပညာစမ်းတဲ့သဘောမျိုး ဖြစ်ပါတယ်။

 

မေး- ကိုယ်ကအလုပ်များတယ်ဆိုတော့ သမီးကိုရော ဘယ်လိုတွေ ဆုံးမသွန်သင်ပေးဖြစ် လဲ။

ဖြေ- သမီးကတော့ အစ်မနဲ့နေတဲ့အချိန်ဆိုရင် မုန့်စား အတူတူလျှောက်သွားတယ်။ အိမ်မှာနေတယ်။ ကျန်တဲ့အချိန် သူ့အဖေ အားရင်တော့ သူ့အဖေက လာခေါ်သွားပါတယ်။ တစ်ယောက်တစ်လှည့် ကလေးကိုကြည့်ပါတယ်။ ကလေးကိုတော့ သူ့ရဲ့စိတ်ထဲမှာ ဒဏ်ရာ မဖြစ်အောင်ပြောပြတယ်။ သင်ပေးတယ်။ အဖေရော အမေရော သမီးကိုချစ်တယ်။ အဖေ့ စကားကိုလည်း နားထောင်ရမယ်။ လူကြီးတွေရဲ့စကားတွေ နားထောင်အောင် သင်ပေးပါတယ်။ သူ့အဖေကတော့ သမီးကို ဘုရားစာတွေ သင်ပေးပါတယ်။ 

KZYH

#democracytoday

Rate this item
(0 votes)
back to top