HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

အင်ဆိုဝမ် ယခုလကုန်တွင် စစ်မှုထမ်းတော့မည်

အင်ဆိုဝမ် ယခုလကုန်တွင် စစ်မှုထမ်းတော့မည်

ဆိုးလ်၊ မတ် ၁၂

တောင်ကိုရီးယားမှ ဝါရင့်အဆိုတော်နှင့်သရုပ်ဆောင် အင်ဆိုဝမ်ဟာ ယခုမတ်လကုန်ခါနီးမှာ စစ်မှုထမ်းဖို့အတွက် ပရိတ်သတ်ကိုခေတ္တနှုတ်ဆက်ခွဲခွာရ တော့မှာဖြစ်ပါတယ်။ ZE:A  အမျိုးသားဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အင်ဆိုဝမ်ဟာ တိတိကျကျပြောရရင် ယခု မတ် ၂၇ ရက်မှာ သူရဲ့စစ်မှုထမ်းကာလကိုစတင်ရတော့မှာ ဖြစ်ပါတယ်။

ဆိုဝမ်ဟာ စစ်မှုထမ်းသွားဖို့အတွက်နှုတ်ဆက်ပွဲကိုပုဂ္ဂိုလ်ရေးရင်းနှီး သူတွေနဲ့သာ ကျင်းပခဲ့ပြီး မီဒီယာမှာဖော်ပြတာမျိုးမလုပ်ခဲ့ပါဘူး။ ဆိုဝမ်ဟာ စစ်မှုထမ်းကာလပြီးရင်တော့ ''A Stranger is Hell'' လို့အမည်ရတဲ့ လူကြိုက်များတဲ့ ဝက်ဘ်ကာတွန်းစီးရီးကို လူသရုပ်ဆောင်တွေနဲ့ ရိုက်ကူးမယ့်စီးရီးတွဲမှာ ပါဝင်ဖို့ စီစဉ်ထားပြီး သူ့နာမည်ရင်းနဲ့ပဲဇာတ်ရုပ်ကိုသရုပ်ဆောင်မှာ ဖြစ်ပါတယ်။


၁၉၈၈ခုနှစ်မှာမွေးခဲ့တဲ့ ဆိုဝမ်ဟာ အခုအခါ အသက် (၃ဝ) ပြည့်ပြီဖြစ်ပြီး ၂ဝ၁၃ ခုနှစ်က သူရိုက်ကူးခဲ့တဲ့ '' The Attorney '' ရုပ်ရှင်၊ ၂ဝ၁၄ ခုနှစ်ကရိုက်ကူးခဲ့တဲ့ ''Misaeng In Complete Life''ရုပ်ရှင်တွေနဲ့လူသိများထင်ရှားတဲ့ သရုပ် ဆောင်ဖြစ်သလို အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ ZE:A ဂီတအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း လူသိများပါတယ်။ သူဟာ သရုပ်ဆောင်ဆိုင်ရာ ထူးချွန်ဆုတွေဖြစ်တဲ့ နဂါးပြာဆု၊ Popular Starqk? Bakesang အနုပညာဆုစတဲ့ ဆုတွေရရှိထားသလို အဖွဲ့လိုက်ဂီတအယ်လ်ဘမ်အနေနဲ့ ''Spectaclar''နဲ့ ''First Homme'' တို့ကို ထွက်ရှိထားပါတယ်။ 

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top