HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဘီကီနီ ဝတ်ဓာတ်ပုံတွေ ပေါက်ကြားခဲ့မှုအတွက် စိုးရိမ်နေတဲ့ ဆန်ချေယန်း

ဘီကီနီ ဝတ်ဓာတ်ပုံတွေ ပေါက်ကြားခဲ့မှုအတွက် စိုးရိမ်နေတဲ့ ဆန်ချေယန်း

ဆိုးလ်၊ မတ် ၁၂ 

TWICE ကေပေါ့ပ် အမျိုးသမီးအဖွဲ့မှ ဆန်ချေယန်းအနေနဲ့ သူမမသိလိုက်ဘဲ ပေါက်ကြားသွားခဲ့ရတဲ့ ဘီကီနီဝတ်စုံ ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံတွေအတွက် စိုးရိမ်မိကြောင်း အင်စတာဂရမ်မှာ မတ် ၁၁ ရက်က ပြောကြားခဲ့ပါတယ်။ ဆန်ချေယန်းက '' ကျွန်မ မတင်ဘဲနဲ့ တစ်နေရာရာကနေ တင်လိုက်ပုံရတယ်။ ဒါစိတ်ညစ်စရာပဲ။ ဒီလိုမျိုး ကျွန်မအပေါ် မလုပ်သင့်ဘူး''လို့ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

သူမနဲ့ ဘီကီနီဝတ်ပုံတွေဟာ သူမ မသိရှိလိုက်ရဘဲ TWICE  အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်စတာဂရမ်မှာ ရောက်ရှိနေခဲ့တာမို့ သူရဲ့ ပရိသတ်တွေကလည်း စိတ်ဆိုး နေကြပါတယ်။ ပရိသတ်တစ်ဦးက ''ဒါတကယ့်ကို စိတ်ဆိုးစရာပဲ။ ကျွန်တော်တို့အနေနဲ့ မိန်းကလေးတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို လေးစားတတ်ဖို့ သင်ယူရဦးမယ်''လို့ မှတ်ချက်ပြုခဲ့သလို နောက်တစ်ဦးက ''ဒါက ပြစ် မှုမြောက်တာပဲ။

 

eeee

 

ကာယကံရှင်ကို အသိမပေးဘဲ ဓာတ်ပုံတွေကို မျှဝေမှုမလုပ်သင့်ဘူး''ဟု ရေးသားခဲ့ကာ ''ဒီပေါက်ကြားခဲ့တဲ့ ပုံတွေကို ထပ်မံမဖြန့်ကြပါနဲ့တော့''လို့ သတိပေးတဲ့ ပရိသတ်ကလည်း ရှိနေခဲ့ပါတယ်။ ဆန်ချေယန်းဟာ ၁၉၉၉ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ်နဲ့ အောင်မြင်နေတဲ့ မိန်းကလေးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ TWICE အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ 

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top