HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ဟယ်ရီပေါ်တာ စာအုပ်ထုတ်ဝေသူ A Levine အလုပ်မှ အနားယူပြီ

ဟယ်ရီပေါ်တာ စာအုပ်ထုတ်ဝေသူ A Levine  အလုပ်မှ အနားယူပြီ

နယူးယောက်၊ မတ် ၁၃

ကမ္ဘာကျော်မှော်ဇာတ်လမ်း၊ ဟယ်ရီပေါ်တာဝတ္ထုကို ရေးသားသူ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဟယ်ရီပေါ်တာစာအုပ်များကို ထုတ်ဝေပေးသူဖြစ်တဲ့ A Levine ဟာ ၎င်းရဲ့ကာလရှည်ကြာလုပ်ကိုင်လာခဲ့တဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှ ထွက်ခွာကာ အနားယူလိုက်ပြီဖြစ်ပါတယ်။ ထုတ်ဝေသူလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ A Levine  ဟာ ၁၉၉၆ ခုနှစ် ကတည်းက Scholastic အမည်ရတဲ့ ကိုယ်ပိုင်စာအုပ် ထုတ်ဝေရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တာပါ။

သူ့ရဲ့စာအုပ်ထုတ်ဝေရေးက စာအုပ်အမျိုးစုံထုတ်ဝေလေ့ရှိပေမယ့် အဓိကအားဖြင့် ကလေးစာပေတွေကို ထုတ်ဝေလေ့ရှိပါတယ်။ အဲဒီထဲကမှ လူသိများတဲ့စာအုပ် တွေကတော့ ဟယ်ရီပေါ်တာ စာအုပ်နဲ့ A Levine ကိုယ်တိုင်ရေးတဲ့ ဝတ္ထု ''The Golden Compass" တို့ပဲဖြစ်ပါတယ်။


ဒါ့အပြင် သူဟာ ကာတွန်းစာအုပ် စီးရီးပေါင်းများစွာ ထုတ်ဝေခဲ့ပြီး ဟယ်ရီပေါ် တာကာတွန်းလည်း အပါအဝင်ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်အခြေစိုက်ဖြစ်တဲ့ A Levine  ဟာ ၁၉၆၄ခုနှစ်က ဂျပန် နိုင်ငံ တိုကျိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဇာတ်ညွှန်းရေးသူ တစ်ဦးအဖြစ်လည်း လူသိများတဲ့ ၎င်းဟာ အမေရိကန်ရုပ်သံဇာတ်လမ်းနဲ့ ရုပ်ရှင်အတော်များများကို ဇာတ်ညွှန်းရေးသားပေးခဲ့ဖူးပါတယ်။

Ref: AP

#democracytoday

Rate this item
(0 votes)
back to top