HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ပတ်ခ်ဘွန်ရဲ့ ဥပဒေနှင့် ဆန့်ကျင်သော ဆေးဝါးသုံးစွဲခြင်း အငြင်းပွားမှု ပြီးဆုံးပြီ ဟုဆို  

ပတ်ခ်ဘွန်ရဲ့ ဥပဒေနှင့် ဆန့်ကျင်သော ဆေးဝါးသုံးစွဲခြင်း အငြင်းပွားမှု ပြီးဆုံးပြီ ဟုဆို   

ဆိုးလ်၊ မတ် ၁၃

ကေပေါ့ဂီတအဖွဲ့ 2NE1 အဖွဲ့၏ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုများလုပ်နေတဲ့ ပတ်ခ်ဘွန်အနေနဲ့ သူမဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဆေးဝါးသုံးစွဲတယ်လို့ အငြင်းပွားဖွယ်ရာ စွပ်စွဲခံရမှုကို ဖြေရှင်းပြီးသွားခဲ့ကြောင်း သူမရဲ့ အင်တာတိန်းမန့်အသစ် D-Nation က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

D-Nation  ရဲ့ ထုတ်ပြန်ချက်မှာ ''၂ဝ၁ဝခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပတ်ခ်ဘွန်ရဲ့ အကြောင်းကိုပြန်ပြီး ရည်ညွှန်းပါရစေ။ Adderall လို့ အမည်ရတဲ့ဆေးဟာ အမေရိကန်ကနေ ကိုရီးယားကို နိုင်ငံတကာပို့ဆောင် ရေးလမ်းကြောင်းနဲ့ ရောက်ရှိလာတာပါ။ ပတ်ခ်ဘွန်ဟာ ဒီဆေးကို အသုံး မပြုခဲ့ပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာဘက်ကနေ ရှင်းလင်းစေဖို့ စစ်ဆေးမှုကို ပတ်ခ်ဘွန်က ခံယူခဲ့ပါတယ်''ဟု ရေးသားထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် အဲဒီကြေညာချက်မှာ Adderall ဆေးသည် အမေရိကန်နိုင်ငံတွင် အမေရိကန်  FAD အဖွဲ့၏ လက်မှတ်ပါလျှင် တရားဝင်ဝယ်ယူခွင့်ရှိသော ဆေးဖြစ်သော်လည်း ကိုရီးယားတွင်မူ တရားမဝင်ဆေးဝါးအဖြစ် သတ်မှတ်ရန် လုပ်ဆောင်နေဆဲအသင့်သာဖြစ်ပြီး ပတ်ခ်ဘွန်အနေဖြင့် ဆေးဝါးကုသမှုခံယူရန်အတွက်သာမှာယူခဲ့ခြင်းဖြစ်ကြောင်း တရားမဝင်ဆေးဝါးအဖြစ် ပြဿနာတက်နိုင်မည်ကို သူမမသိရှိခဲ့ကြောင်း၊ သို့သော် ယင်းဆေးဝါးကို မသုံးစွဲခဲ့ကြောင်း၊ ရဲစစ်ချက်တွင် ဆီးစစ်ရာ၌လည်း ဆေးသုံးစွဲမှုမတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် သူမအနေဖြင့် ရဲအရေးယူမခံရ ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားပါတယ်။


ပတ်ခ်ဘွန်ဟာ ယခုအခါမှာ သူမရဲ့ တစ်ကျော့ပြန်အနုပညာလှုပ် ရှားမှုအဖြစ် ဆင်ဂယ်လ်အယ်လ်ဘမ် 'Spring' ကို မတ် ၁၃ရက် ညနေ ၆နာရီမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။

Ref: all k pop

#democracytoday

Rate this item
(0 votes)
back to top