HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

ကောလာဟလတွေကို ရှင်းပြလိုက်တဲ့ အိုယွန်ဆိုး

ကောလာဟလတွေကို ရှင်းပြလိုက်တဲ့ အိုယွန်ဆိုး

ဆိုးလ်၊ မတ် ၁၃

တောင်ကိုရီးယား သရုပ်ဆောင် အိုယွန်ဆိုးဟာ သူမရဲ့ အင်တာတိန်းမန့်အေဂျင်စီ Celltrion မှတစ်ဆင့် သူမနဲ့ Jung Joon Young တို့ရဲ့ ကင်မရာနောက်ကွယ်က လှုပ်ရှားမှုတွေကို ကောလာဟလ ထွက်ပေါ်နေမှုအပေါ် ရှင်းပြလိုက်ပြီး ဒါနဲ့ပတ်သက်လို့ ဥပဒေဆိုင်ရာ ဖြေရှင်းမှုလည်း လုပ်ဆောင်သွားမယ်လို့ အသိပေးလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ သူမရဲ့ အေဂျင်စီက ၎င်းတို့အနေနဲ့ အိုယွန်ဆိုးကိုသာမက အခြားသော ထင်ပေါ်ကျော်ကြားသူအမျိုးသမီးများကို သားကောင်သဖွယ်အသုံးချ၍ ကောလာဟလထုတ်ခြင်းကို သည်းခံမည်မဟုတ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။ ၎င်းတို့က ''ဒီကောလာဟလဟာ ကျွန်တော်တို့ မင်းသမီးရဲ့ အမှားဖြစ်အောင် ဖန်တီးထားတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလပါ။ သူမကို မျက်နှာမဖော်ရဲအောင်လုပ်တဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီကိစ္စကို အချက်အလက်တွေ သေချာစုဆောင်းပြီး ဥပဒေနည်းလမ်းနဲ့ သူမအတွက် အမှန်တရားရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


အလားတူ ကောလာဟလမျိုးကို အမျိုးသမီးသရုပ် ဆောင်တွေဖြစ်တဲ့ လီချောင်အာ့နဲ့ ဂျန်ယူးမီတို့မှာလည်း မကြာသေးခင်က ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။ အိုယွန်ဆိုးဟာ ၁၉၈၇ခုနှစ်က မွေးဖွားခဲ့ပြီး LUV အမျိုးသမီးဂီတအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်ကစလို့ သရုပ်ဆောင်လိုင်းထဲ ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်ထွက် သူမရဲ့ ရုပ်ရှင် 'My Sassy Girl(2017)' က အထူးအောင်မြင်ခဲ့ပါတယ်။ 

Ref: all k pop 

#democracytoday

Rate this item
(0 votes)
back to top